ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် KIA မှ အင်အားလျော့နည်းလာခဲ့တဲ့အတွက် ဒေသခံသျှမ်းလူမျိုးများမှာ KIA ရဲ့ လူသစ်စုဆောင်းခြင်းကို ခံနေရပါတယ်။ KIA ဆိုတာ ကချင်လွတ်မြောက်ရေး တပ်မတော်လို့အမည်ရပြီးတော့ ကချင်ပြည်နယ်က ကချင်မျိုးနွယ်စုတွေနဲ့ ဖွဲ့ထားတာပါ။ ဒီလိုမျိုးဆိုင်ရာဆိုင်ရာ မျိုးနွယ်စုတွေနဲ့ဖွဲ့ထားတဲ့ တိုင်းရင်းသားအဖွဲ့ အမျိုးမျိုးဟာဒေသအလိုက်ရှိကြပါတယ်။
သျှမ်းမျိုးနွယ်စုတွေနဲ့ သျှမ်းပြည်အတွက်လည်း သျှမ်းပြည်တပ်မတော် ဆိုတာရှိပါတယ်။ ဒီအဖွဲ့ ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ အတွက်သဘောတူညီပြီးလို့လက် မှတ်ရေးထိုး ပြီးပါပြီ။ သျှမ်းပြည်နယ် အတွင်းမှာလည်း အပစ်အခတ် များမရှိတော့လို့ အေးဆေးစွာနဲ့ ရောင်းဝယ် ဖောက်ကား သွားလာနိုင်နေကြပါပြီ။ သျှမ်းပြည် တပ်မတော် မှာ ကချင်မျိုးနွယ်စုတွေမရှိပါဘူးလို့ ပြောနိုင် ပေမဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှာတော့ သျှမ်းလူမျိုး KIA တပ်ဖွဲ့ဝင်တွေရှိပါတယ်။ အစိုးရနဲ့ အပစ်အခတ် မစတင်မီ အချိန်များ ကပင် ကချင် ပြည်နယ်မှာ နေထိုင်တဲ့ သျှမ်းမျိုးနွယ်စုများအား KIA တပ်ဖွဲ့အတွင်းအမှုထမ်းရန် အတင်းအဓမ္မ ခြိမ်းခြောက် ၀င်ရောက်ခိုင်းပြီး စစ်သင်တန်း များတက်ခိုင်းနေပါတယ်။


ငြိမ်းချမ်းရေးဆွေးနွေးချိန်မှာ နယ်မြေတိုးချဲ့ဖို့နဲ့ တပ်အသစ်များဖွင့်နိုင်ဖို့အတွက် ရည်ရွယ်ပြီး KIA မှ စစ် သင်တန်းများဖွင့်ကာ အင်အားဖြည့်တင်းမှုများပြုလုပ်နေခဲ့ပြီး KIA မုန်လိုင်ချက်သင်တန်းကျောင်းမှာ စစ်သင်တန်းဖွင့်လှစ်ရန်အတွက် ကျေးရွာများမှလူလတ်ပိုင်းအမျိုးသားများကို အဓိကထားစုဆောင်းနေ ခဲ့ပါတယ်။ မုန်လိုင်ချက်သင်တန်းအတွက် သျှမ်းလူမျိုးများ အများဆုံးနေထိုင်တဲ့ တာလောကြီး၊ ရွှေညောင်ပင်၊ အောင်မြေ(၁) ရွာများမှ ရွာသား ၈၀ ဦးစုဆောင်းခဲ့ပြီး KIA တပ်ရင်း(၃) ဆိုင်းအောင်မှာ သင်တန်းပေးဖို့အတွက် သျှမ်းလူမျိုး ရွာသား ၈၆ ဦးဖမ်းဆီးခံခဲ့ရပါတယ်။ လူသစ်စုဆောင်းဖမ်းဆီးခံခဲ့ရတဲ့ ရွာသားအများစုဟာ သျှမ်းမျိုးနွယ်စုများ ဖြစ်ကြပြီး ကြောက်လန့်သည့်အတွက် ကြောင့်သာ စစ်သင်တန်းတက်နေကြရပါတယ်။
မုန်လိုင်ချက်နှင့် ဆိုင်းအောင်မှာဖွင့်ထားတဲ့ KIA စစ်သင်တန်းပြီးဆုံးပါက KIA မှ ကချင်ပြည်နယ်မှ သျှမ်းလူမျိုးများဖြင့် တရုတ်-မြန်မာနယ်စပ်မှာ တပ်ရင်းတစ်ရင်းတိုးချဲ့ဖွင့်လှစ်ရန် ဇန်န၀ါရီလ လဆန်းပိုင်းမှစတင်ပြီး မြေယာရှင်းလင်းခြင်းလုပ်ငန်းများကို စတင် လုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။
သျှမ်းလူမျိုးများအား KIA မှာ အမှုထမ်းခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး “ KIA ကိုအကြောင်းကြားဆက်သွယ် သွားမှာပါ သူတို့သဘောနဲ့စိတ်ပါလို့ သူတို့ဝင်တာကို ကျွန်တော်တို့ သျှမ်းပြည်တပ်မတော် SSA အနေနဲ့ ဘာမှ မပြောလိုပါဘူး။ ဒီလိုမျိုးစိတ်မပါတဲ့ သျှမ်းလူမျိုး မျိုးနွယ်စုတွေကို အတင်းအဓမ္မ လူသစ်မစုဆောင်းဖို့ မတရား မနှိပ်စက်ဖို့ အခုလိုဖမ်းဆီးပြီး စစ်သင်တန်းပေးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ဆက်သွယ်အကြောင်းကြားသွား မှာပါ “ ဟု RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး လောဝ်ဆိုင်မှ ပြောပြသွားပါတယ်။
RCSS/SSA အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးကာ သဘောတူညီမှုရရှိခဲ့လို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

Myanmar express မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free