ဘဏ်ကတ် တစ်ခု တည်းဖြင့် ၁၂ဘဏ်တွင် အသုံးပြု နိုင်တော့မည့် MPU (Myanmar Payment Union) ကတ်အား မေလအတွင်း ဘဏ်ဝန် ထမ်းများ၊ ဘဏ်ကတ် သုံးစွဲသူများ ထဲမှအချို့တို့နှင့် စတင်ကာ စမ်းသပ် သုံးစွဲမည်ဖြစ်ကြောင်း ကမ္ဘောဇ ဘဏ်မှ ဘဏ်ကတ် ဆိုင်ရာ တာဝန် ရှိသူ ဦးဇော်လင်းထွဋ်က ပြောကြားသည်။ စမ်းသပ် သုံးစွဲ ပြီးလျှင် ဇွန်လပိုင်းတွင် အများ ပြည်သူသို့ အသုံးပြုခွင့် ပေးမည် ဖြစ်ပြီး ယင်းMPU ကတ် ပထမဆုံး စသုံး ချိန်တွင် ငွေထုတ် ယူခြင်း၊ ဈေးဝယ်ခြင်း တို့ဆောင်ရွက် နိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် ကတ်တစ်ခုမှ အခြား ကတ်တစ်ခုသို့ ငွေလွှဲခြင်း၊ နိုင်ငံ တကာနှင့် မြန်မာ နိုင်ငံတွင် ကတ်စနစ် အပြန် အလှန် အသုံးပြုခြင်း တို့ပြုလုပ် နိုင်ရန် စီစဉ် နေကြောင်း ဦးရဲမင်းဦးက မတ်လတွင်းက The Voice Weekly သို့ပြောကြားသည်။ ဘဏ် ၁၂ခု ချိတ်ဆက် လိုက်သဖြင့် ယင်း ဘဏ်များ၏ ဘဏ်ခွဲ များမှာ မြို့တိုင်း နီးပါး ရှိသဖြင့် လုပ်ငန်း ရှင်များ ငွေလွှဲရာတွင် ပိုမို အဆင်ပြေ လာမည် ဖြစ်ကြောင်း၊ နယ်သွားလျှင် ငွေထုတ် သယ်သွားရန် မလိုဘဲ ကတ်ယူသွား လျှင် အဆင်ပြေမည် ဖြစ်ကြောင်း လုပ်ငန်းရှင် အမျိုးသား တစ်ဦးက ပြောကြားသည်။ အဆိုပါ ကတ်စနစ်တွင် အသင်းဝင် ၁၆ဘဏ်ရှိပြီး ယခု စတင် စမ်းသပ် နေသော ၁၂ဘဏ်တွင် ကမ္ဘောဇ၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြ၀တီဘဏ်၊ ဧရာ ၀တီ ဘဏ်နှင့် ထွန်း ဖောင်ဒေးရှင်း ဘဏ်၊သမ ၀ါယမ ဘဏ်၊ မြန်မာ အရှေ့တိုင်း ဘဏ်၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်၊ မြန်မာ့ ရင်းနှီး မြုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်၊ မြန်မာရှေ့ဆောင် ဘဏ် စသည်တို့ဖြစ်ပြီး အချို့ဘဏ်များ ကလည်း ယင်းစနစ်တွင် ချိတ်ဆက်ရန် စဉ်းစား နေဆဲ ဖြစ်ကြောင်း ဦးရဲမင်းဦး ကပြောကြား သည်။ အဆိုပါ ဘဏ်၁၂ခုတွင် သုံးနိုင်မည့် MPU ကတ်များ၊ ဈေးဝယ် စင်တာများ တွင်သုံးနိုင်မည့် POS စနစ်များ အသုံးပြု ပြီးချိန်တွင် နိုင်ငံ တကာမှ Visa Card ၊Smart Card များ သုံးနိုင်မည့် အဆင့်ထိ ဆောင်ရွက်ရန် စီစဉ် ထားကြောင်း MPU ကတ်အတွက် နည်းပညာ ပိုင်းဆိုင်ရာ တာဝန်ယူ ထားသည့် MIT (Myanmar Information Technology) မှ ဒါရိုက်တာ ဦးထွန်းသူရသက် ယမန်နှစ် အောက်တိုဘာ လတွင်းက ပြောဆို ထားသည်။ မြန်မာ နိုင်ငံတွင် သုံးမည့် MPU စနစ်ကဲ့သို့ စင်ကာ ပူတွင် NETS၊ ထိုင်းတွင် ITMX၊ မလေးရှား တွင် MEPS တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် CUP ကတ်များ အသုံးပြုလျက် ရှိသည်။ွThe Voice မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free