ရန်ကုန်၊ ဧပြီ ၁

ကော့မှူး မဲဆန္ဒနယ် ရေကျော်ကျေးရွာအုပ်စု ၊ နောင်လုံကျေးရွာတွင် ဆန္ဒမဲပေးမှု ပြီးစီးခဲ့ပြီး မဲရေတွက်မှု ပြုလုပ်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၁၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
၃၇ မဲ ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီက သုညမဲ ၊ ပယ်မဲ ၂မဲရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က တိုက်ရိုက်သတင်းပေးပို့သည်။
ကော့မှူးမြို့  မဲဆန္ဒနယ် တွင် NLD ပါတီမှ ရရှိခဲ့သော မဲအရေအတွက်များမှာ
မဲရေတွက်မှု ပြုလုပ်ခဲ့ပြီး အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ် မှ ဘုတ်တင် ကျေးရွာ မဲရုံ ( ၁ ) တွင် ၃၅၈ မဲ ( ၉၁ ဒသမ ၃၂ ရာခိုင်နှုန်း) ၊ မဲရုံ ( ၂ ) တွင် ၂၈၁ မဲ ( ၈၁ ဒသမ ၆၁ ရာခိုင်နှုန်း ) ၊ ကရင်စုကျေးရွာ မဲရုံတွင် ၂၃၈ မဲ ( ၈၇ ဒသမ ၈၂ ရာခိုင်နှုန်း )၊ ပျားမွတ်ကျေးရွာတွင် ၂၀၃မဲ ၊ ရေတာရှည်တွင် ၃၆၁မဲ ( ၉၁ ဒသမ ၉ ရာခိုင်နှုန်း )၊ မြတ်ဆံနီ ကျေးရွာ တွင် ၁၅၁ မဲ ( ၆၈ ရာခိုင်နှုန်း ) ရရှိသည်။
ဆန္ဒမဲပေးပိုင်ခွင့် ရှိသော ရှစ်သောင်း ခုနှစ်ထောင်ကျော် ရှိသော ကော့မှူး မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိကြောင်း အဆိုပါ မဲဆန္ဒနယ်သို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရေတွက် ပြီးစီးသော မဲရလဒ်များအရ ဆန္ဒမဲ ထက်ဝက်ကျော်ကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သဖြင့် NLD ပါတီ ဝင်များမှာ ကော့မှူးမြို့ ၌ လှည့်လည် အောင်ပွဲခံ၍ ရန်ကုန်မြို့ သို့ ပြန်လာပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က ထပ်မံ သတင်းပေးပို့သည်။

မဲရုံပေါင်း ၁၂၀ ကျော်ရှိသော ကော့မှူး မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၇၀ ခန့်အား ရေတွက် ပြီးစီးပြီဖြစ်ကြောင်း The Voice Weekly သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free