အခြားပါတီတစ်ခု၏ အမှတ်တံဆိပ် ခမောက်ပုံအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-

NLD ဟု ထင်မှတ်၍ မဲပေးခဲ့ပြီးမှ မှားမှန်းသိပြီး၊ မဲလက်မှတ် ပြန်လဲလှယ်ကာ NLD အား မဲပြန်ပေးခဲ့ရသည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်-SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

“ကျွန်တော့်အဖြစ်ကလည်း ရီစရာပါ။ ထောင်ကထွက်လာတာလည်း မကြာသေးတော့ ခမောက်ကိုလည်း စွဲနေတော့ ခမောက်ကိုပဲ ဆော်လိုက်တာပေါ့။” ဟု ဦးခွန်ထွန်းဦးက ပြောသည်။

“အဲဒါကို အမျိုးသမီးက ခမောက်ကြီး သွားထည့်တယ်လား မေးတော့ ဟုတ်တယ်လေ အင်အယ်လ်ဒီ (NLD) ကို ပေးတာဆိုတော့ သူက ခမောက်မဟုတ်ဘူး။ ဒေါင်းရုပ်တဲ့ ခွပ်ဒေါင်းအလံနဲ့ ဆိုမှ မဲရုံမှုးကို သွားပြန်ပြောပြီး ကျွန်တော်မှားသွားလို့ပါဆိုပြီး မဲပြန်လဲပြီး ထည့်လာခဲ့ရပါ တယ်။” ဟု သူက ဆက်ပြောသည်။

၎င်းသည် ယနေ့နံနက် ၉ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် မဲရုံအမှတ် (၁) ၌ မဲပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် အခြားရှမ်းခေါင်းဆောင်များနှင့်အတူ ၂၀၀၅ ခုတွင် နိုင်ငံတော် ပုန်ကန်မှုအပါအ၀င် အခြားစွဲဆိုချက်များဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး ယခုနှစ် ဇန်န၀ါရီလ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်သည်။ ။
မော်လမြိုင်
 ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၂ နာရီ ၅ မိနစ်၊ YPI

မဲမှားခြစ်တာကို ပြန်လဲမပေး
မော်လမြိုင်
မော်လမြိုင်မြို့နယ်အတွင်း မဲဆန္ဒပြုရတဲ့ စက္ကူများတွင် စက္ကူအချောနှင့် အကြမ်း ဆိုပြီး ၂ မျိုးရှိသည်။

စက္ကူအကြမ်းတွင် မဲဆန္ဒပြုဖို့ အမှတ်ခြစ်ရတာ လွယ်ကူပြီး အချောမှာတော့ ဘောလ်ပင်ဖြင့် အမှတ်ခြစ်ရတာ မလွယ်ကူပဲ ရုတ်တရက် မှင်မထင် ဖြစ်ရသည်။ မှင်မထင်သဖြင့် ထပ်ကာထပ်ကာခြစ်လို့ ပျက်စီးသွားတဲ့ ဆန္ဒမဲလက်မှတ်တွေကို ထပ်မံထုတ်ပေးပါရန် တင်ပြတောင်းဆိုတာကို ခွင့်မပြုသဖြင့် ပယ်မဲ ဖြစ်သွားမည် ဖြစ်မည်။

ရွှေမြိုင်သီရိ မဲရုံအမှတ်(၂)၊ (၄) တွင်ဖြစ်ပွားခဲ့သော အဆိုပါ အဖြစ်အပျက်များနှင့် ပါတ်သက်ပြီး မွန်ပြည်နယ်ကော်မရှင်မှ အမည်မဖော်ရဲသူတစ်ဦးက ‘’အမှန်ခြစ်ပြီးသားစာရွက်ကို ပြန်လဲမရကြောင်း၊ မဲမပေးခင်ကတည်းက စက္ကူစုတ်နေလား၊

ပြဲနေလားဆိုတာကို သေချာကြည့်ရှုရန် လိုအပ်ကြောင်း၊ ၄င်းတို့မှာ ပြန်လဲပေးပိုင်ခွင့် မရှိကြောင်း ဖြေကြားသည်ဟု သိရသည်။ စက္ကူအကြမ်းမှာမူ ဘောပင်ဖြင့်ရေးရန်လွယ်ကူသည်ဟုသိရသည်။

ကော့မှူး၊ ဧပြီ ၁ရက်၊ ၂၀၁၂၊ ၂ နာရီ ၅ မိနစ်၊ YPI

ကော့မှူးထဲက မဲရုံမှူး ဥပဒေ ချိုးဖေါက်
ကော့မှူးမဲဆန္ဒနယ်ထဲက မျောက်ချောင် ကျေးရွာအုပ်စု လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းထဲက မဲရုံမှာ မဲပေးမှုပြီးလို့ မဲရေတွက်ရာမှာ အင်န်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ရှေ့မှောက်မှာ မဲရေတွက်ခြင်း မပြုပဲ

မဲစာရင်းဖြည့်မထားတဲ့ ပုံစံ (၁၆)မှာ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့
အင်န်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ဦးဆန်းဦးက ပြောပါတယ်။

သူက ` မဲရေတွက်တာမှာ ကြည့်ခွင့်မရှိဘူး ဆိုပြီး မဲရုံမှူး ဒေါ်ဖြူဖြူသန်း က ကျွန်တော့်ကို ပြောတယ်။ ဒီတော့ ကျွန်တော်က မဲပေးခွင့်သူ-၁၃၂၊ မဲလာပေးသူ ၁၂၈၊ ကြိုတင်မဲ ၄ မဲ ဒါကိုပဲ အသိပေးတယ်။

ကျွန်တော့်ရှေ့မှာ မဲရလာဒ်တွေ မရေတွက်တော့ ဘယ်ကိုယ်စားလှယ်လောင်း ဘယ်လောက်ရလဲ ကျွန်တော်လည်း ဘာမှ မသိရဘူး။´ လို့ပြောပါတယ်။

ခုလို ပြုလုပ်တာဟာ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေမှာ မဲရုံတွေမှာ မဲရေတွက်တဲ့အခါ သက်ဆိုင်ရာ ပါတီ မဲရုံ ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ရေတွက်ရမည် လို့ ပါဝင်ပြီး အခုလုပ်ရပ်ကတော့ ဥပဒေ ချိုးဖေါက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။
 YPI ဖယောင်းသုတ် မဲစာရွက်ကို ကိုယ်တိုင် ကြုံတွေ့ရသူတဦး
ကော့မှူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး-

ယနေ့နံနက် ပိုင်းက ကော့မှူးမြို့နယ်  ပြည်တော်သာ ရပ်ကွက် မဲရုံတွင် မဲပေးသူ ဒေါ်ကြည်အေး မဲပေးသည့်အခါ မဲစာရွက်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား အမှတ်ခြစ်မည့်နေရာတွင် ဖယောင်းသုတ်ထားသဖြင့် မထင်ထင်အောင်ခြစ်ရာ၌ ၂ ထပ်ဖြစ်သွားပြီး ပယ်မဲဖြစ်သွားခဲ့သည်ဟု ဆိုသည်။

မဲရုံမှူးဒေါ်အေးလှိုင်အား မဲစာရွက်သွားရောက်လဲလှယ်ရာ မလဲပေးသဖြင့် ယင်းသို့ ၂ ထပ်အတိုင်းထည့်လိုက်ရသည်ဟု YPI သို့ပြောသည်။
မြို့နယ်ကော်မရှင်ရုံးသို့ ယင်းကိစ္စအားမေးမြန်းရာတွင် လာတိုင်ကြားတာမရှိသေးပါဘူး၊ ကောလဟလဟုသာ ပြန်လည်ဖြေကြားသည်။ တနိုင်ငံလုံးမှာ ဒါပဲ သုံးစွဲနေတာဟု ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဋ္ဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မဲလက်မှတ် ဖယောင်း မသုတ်ပါ ခေါင်းစဉ်ဖြင့် ဆောင်းပါး တပုဒ် ရေးသားရာတွင်  “ ဒီမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနဲ့စာအုပ်ထုတ်ဝေရေးလုပ်ငန်းရဲ့ နေပြည်တော်စက်ရုံမှာ တစ်ပြည် လုံးအတွက်ပုံနှိပ်ပါတယ်။ ပုံနှိပ်စဉ်ကာလတစ်လျှောက်လုံးမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တစ်ခုချင်းအတွက် ပြိုင်မယ့်ပါတီ၊ ပါတီသင်္ကေတများကို သတ်မှတ်ပေးပြီး ကော်မရှင်က ကိုယ်စားလှယ်များနဲ့ ဌာနအကြီးအကဲများကိုယ်တိုင် ညအိပ်စောင့်ပြီး ပုံနှိပ်ရပါတယ်” ဟုဖေါ်ပြထားသည်။သစ်ထူးလွင်မှ ကူးယူသည်။
ဒေါ်ကြည်အေး
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free