ဒေါက်တာအေးမောင်
NLD လွှတ်တော်တက်ရောက်ရေး အတွက် လိုအပ်သောဖွဲ့စည်းပုံ အခြေခံဥပဒေပါဇယား(၄)တွင် ပါရှိသော စာသားအား ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော်တွင်တက်ရောက်နေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာ အေးမောင် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ  ဒေါက်တာမြတ်ဉာဏစိုး တို့က  လွှတ်တော်တွင်း နေရာအများဆုံးရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြေအနေကိုစောင့်ကြည့်ပြီးမှသာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။

‘‘လွှတ်တော်ထဲမှာဆိုရင် USDP က အမတ်တွေက အများဆုံးပါပါတယ် ၊ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ပြည်ထောင်စု  လွှတ်တော်မှာ တက်ရောက်နေတဲ့ အမတ် ၂၀ ရာခိုင်နှုန်း ၊ ရှိဖို့လိုအပ်ပါတယ်၊ ဒီဥပဒေကို ပြင်ဆင်ဖို့ တင်မယ်ဆိုရင် USDP က ပါတီအင်အား ပိုများတဲ့အတွက် မို့လို့ ဒီပါတီကြီးက NLD အမတ်တွေဝင်လာဖို့ တင်ပေးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ USDP က မဆောင်ရွက်ခဲ့ရင် ကျွန်တော် နဲ့ ဒေါက်တာ အေးမောင် ပေါင်းပြီး တိုင်းရင်းသားပါတီတွေ ဒီမိုကရေစီ အင်အားစု  ပါတီတွေအား လုံး ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာ မြတ်ဉာဏစိုး က ပြောကြားသည်။

‘၂၀ ရာခိုင်နှုန်း မှာ အမတ်ဦးရေ ၁၃၀ လောက်လိုအပ်တယ် ကျွန်တော်တို့မှာ အဲဒီ အမတ်အရေအတွက် မရှိဘူးရင်တောင် ကျွန်တော်တို့မရှုံးပါဘူး ၊ ကျွန်တော်တို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အမြတ် တစ်ခုလို့ ပဲ မြင်ပါတယ် ’’ ဟု ဒေါက်တာအေးမောင်က ဆိုသည်။

Yangon Media Group မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free