ရန်ကုန်တိုင်း ဒေသကြီး ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များတွင် လာရောက် မဲပေးသူ လေးသိန်း လေးသောင်းကျော်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဆန္ဒမဲ သုံးသိန်း တစ်သောင်းခွဲခန့် ရရှိကာ လာရောက် မဲပေးသူ ဦးရေ၏ ၇၂ ရာခိုင်နှုန်းခန့် ရရှိကြောင်း မဲစာရင်းထုတ်ပြန်ချက်များ အရသိရသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ထွန်းကားရေးကို နှစ်ပေါင်း ၂၀ ကျော်ကြာ တစိုက်မတ်မတ် ဆောင်ရွက်နေသူ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ရာ ကော့မှူး မြို့ နယ်တွင် လာရောက်မဲပေးသူ ၆၈၀၇၀ ဦး အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ၅၅၉၀၂ မဲ လည်းကောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ၉၁၇၂ မဲ လည်းကောင်း၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီက ၃၉၇ မဲ ဖြင့်လည်းကောင်း အသီးသီးရရှိ ကြောင်း အဆိုပါ မဲစာရင်း ထုတ်ပြန်ချက်မှ သိရသည်။

ဆန္ဒမဲ ပေးခွင့်ရှိသူ ဦးရေစုစုပေါင်းမှာ ၆၇၃၅၄၉ ဦးရှိပြီး လာရောက်မဲပေးသူ ဦးရေမှာ ၄၄၀၇၄၆ ဦးရေရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက် အရသိရသည်။ The Voice မှ ကူးယူသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free