အစိုးရအဖွဲ့ ရုံးဆိုက်ရာ နေပြည်တော်ရှိ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ် လေးနေရာလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိမှုမှာ သေချာသွားပြီ ဖြစ်ကြောင်း NLD ပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုး က The Voice Weekly သို့ ယနေ့နံနက်ပိုင်းက အတည်ပြု ပြောကြားသည်။
“နေပြည်တော်က ကိုယ်စာလှယ်လောင်း လေးဦးလုံး မဲစာရင်း ရလဒ် ပုံစံ ၁၉ ကိုရေးထိုးပြီးသွားပါပြီ။ မဲဆန္ဒနယ် လေးခုလုံး အနိုင်ရရှိပါတယ်” ဟု ဒေါက်တာ မြတ်ဥာဏစိုးက ဆိုသည်။

နေပြည်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအား ကိုယ်စားပြု၍ နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် ဒေါ်စန္ဒာမင်းက လည်းကောင်း၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဦးဇေယျာသော်က လည်းကောင်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် ဦးနိုင်ငံလင်းက လည်းကောင်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်တွင် ဦးမင်းသူက လည်းကောင်း ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများကို အနိုင် ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နေပြည်တော် မဲဆန္ဒနယ်များမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ လည်းကောင်း၊ ဒုတိယသမ္မ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်မှာ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ လည်းကောင်း၊ ကျန်းမာရေးကြောင့် အနားယူသွားသော နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင်မှာ ဥတ္တရသီရိ မဲဆန္ဒနယ်မှ လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်များ ဖြစ်သည်။

The Voice မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free