ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အကြံပြုထားသော လွှတ်တော် ကိုယ်စားလှယ် ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသား များကို ပြင်ဆင်ပေးရန် အဆိုတင်သွင်း သွားမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ ကိုယ်စားလှယ် ဦးရေ အများဆုံး ရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဧပြီလ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော် မကျင်းပမီ ပြောကြားသည်။

ထို့အတူပထမကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စတင် ပြုလုပ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

နေပြည်တော်၌ ယနေ့ စတင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး မွန်းလွှဲ ၂နာရီခန့်တွင် ပြီးဆုံး သွားခဲ့ကြောင်း ယနေ့ အစည်း အဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင် စေလိုသည့် စကားရပ် များကို ဆွေးနွေးခြင်း မပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

အလားတူ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့သော အမျိုးသား လွှတ်တော် အစည်း အဝေး မှာလည်း နံနက် ၁၁ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၀ဦး ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မေးခွန်းများ ဖြေကြားခြင်း အစီအစဉ်တို့ကို ပြုလုပ်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရှိရသည်။
NLD ပါတီက ကိုယ်စားလှယ်များ ပြင်ဆင်စေလို့သည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရသည့် စာသားများမှာ လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် သာမက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်၌သာ ပြင်ဆင်ခွင့် ရှိပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြု၍ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်ပြီး အချို့သော ပြဋ္ဌာန်းချက်များဆိုလျှင် လူထု ဆန္ဒခံယူပွဲပါ ပြုလုပ်ပေးရမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ထို့သို့ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို နိုင်ငံတော် သမ္မတရုံးနှင့် အခြေခံဥပဒေ ခုံရုံးတို့က လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စု လွှတ်တော်ကသာ လုပ်ပိုင်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။


The Voice weekly မှ သတင်းများကို ကိုးကားဖော်ပြသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Anonymous on April 24, 2012 at 3:53 AM

    ယနေ့ အစည်း အဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင် စေလိုသည့် စကားရပ် များကို ဆွေးနွေးခြင်း မပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

    Who the hack or how so stupid member dare to submit this in Parliament???

    As I commented in other post "Oath is the Oath" it is set forth already and Daw Su and NLD are behaving like the K1 students (Thunge Tan Kalay), afraid of Parliament environment since they are not qualified to be member. If Oath were translated in Indian language, French language, Sinhalese, Swahili, African language..then will get mess up all the meaning of safeguarding of the constitution.
    Becasue NLD people don't have any knowledge of "The difference between Perception and Perceive Reality". YES, they are uneducated people and can't move any more.
    New students afraid of ALL!!

Leave a comment

Join Free