အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်ရောက်ယှဉ် ပြိုင်နိုင်ခြင်း မရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီး အမှတ် ၇ မဲဆန္ဒနယ် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး) မဲရလဒ်များနှင့် ပတ်သက်၍မူ တိကျသော စာရင်းကို မသိရှိရသေးပါ။ ကနဦးရရှိသော သတင်းများအရာ အဆိုပါ မဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကောလင်းနှင့် ပင်လယ်ဘူးတွင် အနိုင်ရရှိထားပြီး ပြည်ခိုင်ဖြိုးပါတီက ၀န်းသိုတွင် အနိုင်ရရှိထားကြောင်းသိရသည်။ 
 ဗန်းမောက်မြို့နယ်၏ မဲရလဒ်များနှင့်ပတ်သက်၍မူ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါသည်။ အဆိုပါမဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး အမည်စာရင်း တင်သွင်းခဲ့သော်လည်း အရည်အချင်းမပြည်မီသဖြင့် ပယ်ချခံခဲ့ရပါသည်။ ထို့ကြောင့် ယင်းမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ပြိုင်ဆိုမှု ပြင်းထန်ခဲ့ခြင်းဖြစ်ပါသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၃) မဲဆန္ဒနယ် (လားရှိုး-တန့်ယန်း-မိုင်းရယ်-သိန္ဒီ-ကွမ်းလုံ) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက စုစုပေါင်း မဲအရေအတွက်၄၇၀၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ အတည်ပြုခဲ့ပါသည်။ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအရေအတွက် ၁၅၀၀ ကျော် အသာဖြင့် အဆိုပါ မဲဆန္ဒနယ်တွင် အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ယင်း မဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက မဲအများဆုံး ရရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ မဲအများဆုံး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တတိယ မဲအများဆုံး ရရှိခဲ့ပါသည်။

Eleven Media မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free