လွှတ်တော် ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သည့် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် များတွင် မဟာအောင်မြေမြို့ နယ်ရှိ မဲရုံ ၁၀ရုံတွင် NLD ပါတီမှ ၉၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း အဆိုပါ မဲဆန္ဒနယ်၌ သွားရောက်သတင်း ရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းကျော် ရှိသော မဟာအောင်မြေ မြို့ နယ်ရှိ မဲရုံပေါင်း ၈၇ ရုံတွင် မဲရုံ ၁၂ ရုံအား ယခု သတင်းရေးသားချိန် ၅နာရီ မိနစ် ၃၀ ခန့်ထိ ရေတွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။


မွန်ပြည်နယ်ရှိ တစ်ခုတည်းသော မဲဆန္ဒနယ် ဖြစ်သည့် မော်လမြိုင်မြို့ ၊ ကွင်းရပ် ရပ်ကွက် မဲရုံ အမှတ် ၃ တွင် မဲပေးခွင့်ရှိသူ ၆၇၆ဦး မဲလာပေးသူ ၅၅၅ ဦး၊ ကြိုတင်မဲ ၆ဦး၊ပယ်မဲ ၁၆ မဲရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၄၅၆ မဲ ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ၈၀မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁၂မဲ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ၂၁မဲ အသီးသီးရရှိခဲ့ကြောင်း သွားရောက် သတင်းသွားရောက်ယူနေသူ The Voice Weekly သတင်းထောက်က တိုက်ရိုက် သတင်းပေးပို့သည်။

The Voice Facebook မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free