သုံးခွမြို့နယ် ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် သိရှိရသော စာရင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၄၈၈၉ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၁၈၀၀၅ မဲ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၁၆၀၉ မဲ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ၉၁၄ မဲ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မဲရလဒ်နှင့်ပတ်သက်ပြီး အတည်ပြု လက်မှတ်ကို မြို့နယ်ကော်မရှင်ရုံးတွင် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စုစုလွင် က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒမင်းက စုစုပေါင်း မဲအရေအတွက် ၂၃၂၈၅ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးက ၁၇၇၉၆ မဲရရှိခဲ့ကြောင်း သိရသည်။ အဆိုပါမဲဆန္ဒနယ်တွင် ပယ်မဲ ၁၄၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မျိုးအောင်က မဲအရေအတွက် စုစုပေါင်း ၃၆၁၂၆ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းက မဲအရေအတွက် ၁၀၃၆၅ မဲ ရရှိခဲ့သည်ဟု သိရပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ၄၉၀ မဲ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၁၆၆မဲ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီက ၁၈၅ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၄၉၇ မဲ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ၂၂၅မဲ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး ယနေ့ သန်းခေါင် အချိန်အထိ သိရှိရသော စာရင်းများအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၆၃၆၀၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂၂၆၂ မဲ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၁၁၄၇ မဲ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲရလဒ်များနှင့် ပတ်သက်ပြီး အတည်ပြု လက်မှတ်ကို မြို့နယ်ကော်မရှင်ရုံး၌ ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောပါသည်။

ကလောမြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး ယနေ့ညသန်းခေါင်အချိန်အထိ သိရှိရသော စာရင်းများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စုစုပေါင်း မဲအရေအတွက် ၄၀၇၈၁ ဖြင့် ဦးဆောင်လျက်ရှိနေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄၆၉၂ မဲ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၈၃၂၁ မဲ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၄၉၆ မဲ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁၂၁၂ မဲ ရရှိထားကြောင်းနှင့် ပယ်မဲ ၂၇၉၄ ဖြစ်ကြောင်း သိရသည်။ အဆိုပါ မဲဆန္ဒနယ်တွင် မဲရုံ ၁၃၁ ရုံ ရှိသည့်အနက် မဲရုံ ၁၁၅ ရုံကို ရေတွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ရေတွက်ရန် ကျန်ရှိနေသော မဲရုံအရေအတွက်မှာ ၁၆ ရုံ ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သီဟက စုစုပေါင်း မဲအရေအတွက် ၅၄၃၁၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက မဲအရေအတွက် ၃၄၁၅၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ဒေါက်တာ ဒေါ်မေ၀င်းမြင့်က စုစုပေါင်း မဲအရေအတွက် ၆၀၂၁၆ မဲ (မဲအရေအတွက် စုစုပေါင်း၏ ၇၇ ဒသမ ၆) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲထွဋ်မှာ စုစုပေါင်း မဲအရေအတွက် ၁၄၄၇၆ မဲ ရရှိခဲ့ပြီး တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည့် ဦးခင်လှိုင်က
၁၂၄၃ မဲ ရရှိခဲ့သည်ဟု သိရပါသည်။ မြန်မာ အမျိုးသား ကွန်ဂရက် ပါတီမှ ဒေါ်ဟေမာထိန်က ၁၄၃၉ မဲ နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးရဲမင်းသိမ်း(ခေါ်) ရသမှာ ၄၁၄ မဲ ရရှိခဲ့ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါ်ခင်ဖြူဖြူငြိမ်းက ၁၆၂ မဲ ရရှိခဲ့ပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၃၇၁၅၀ ဦးရှိသည့်အနက် ၈၀၄၇၀ ဦး (မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၅၁ ဒသမ ၆၇ ရာခိုင်နှုန်း) က လာရောက် မဲပေးခဲ့ကြောင်း သိရပါသည်။
ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲအရေအတွက် စုစုပေါင်း ၅၅၉၀၂ မဲ ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုးမင်းက မဲအရေအတွက် ၉၁၇၂ မဲ ရရှိခဲ့ကြောင်း သိရသည်။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီမှာ မဲအရေအတွက် ၃၉၇ မဲ ရရှိခဲ့သည်ဟု သိရပါသည်။

နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးပေါခင်က မဲအရေအတွက် စုစုပေါင်း ၄၁၅၅၆ မဲရရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးနိုင်ဝင်းက မဲအရေအတွက် ၁၈၀၀၆ ကျော် ရရှိထားကြောင်း သိရသည်။ လက်ရှိအခြအနေအရ မဲရေတွက်မှု စာရင်းတွင် ပုံတောင်၊ ပုံညာဒေသမှ ကျေးရွာ ၈ ရွာခန့် ကျန်ရှိနေပြီး အဆိုပါ ကျေးရွားများမှ စုစုပေါင်း မဲအရေအတွက်မှာ ၁၀၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

Eleven Media မှ ကူးယူဖော်ပြသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free