အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်­ NLD က ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒများကို လက်တွေ့  အကောင်ထည်ဖော်ရေး နှင့်ပတ်သက်၍ မိမိဖက်မှ ပြင်ဆင်ထားသည့် လမ်းပြမြေပုံ  မရှိသေးကြောင်း NLD ၏
ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောသည်။

ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို NLD ၏ ရွေးကောက်ပွဲမူဝါဒအဖြစ် တင်ပြထားပြီး ဥပဒေ စိုးမိုးရေးကို ဦးစွာလုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ဥပဒေစိုးမိုးရေးက စမှာပဲ။ ဘယ်က စလုပ်မယ်၊ ဘယ်လို စလုပ်မယ်ဆိုတာ အခု မပြောနိုင်သေးဘူး။ ဒီအတွက် လမ်းပြမြေပုံလည်း မရှိဘူး” ဟု ဦးဉာဏ်ဝင်း က ပြောသည်။

ပါတီဥက္က ဒေါ်အောင်ဆန်းစုကြည်က အလုပ်လက်မဲ့ ပပျောက်ရေးအတွက် သူဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း၊
ကော့မှုးမြို့နယ်မှ စတင်ဖော်ဆောင်သွားမည်ဟု ကော့မှုးမဲဆွယ်စည်းရုံးရေးခရီးစဉ်၌ ပြောဆိုထားသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြောင်းကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် NLD အမတ်လောင်း ဒေါက်တာ မျိုးအောင်အတွက် စည်းရုံးရေးဆင်းစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

သို့သော် ယင်းကိစ္စများကို မည်သို့မည်ပုံ အကောင်အထည်ဖော်မည်ဆိုသည့် အသေးစိတ် အစီအစဉ်များ  ပြောဆိုရန် လက်ရှိအချိန်တွင် “စောနေသေးသည်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free