ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

၄၄ နေရာအနက် ၃၆ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၈ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာ ရှိသည့်အနက် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့များတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပေ။ ကျန် ၄၅ နေရာ တွင် NLD က ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။


Mizzima မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free