NLD နှင့် အန်တီစုကို ဝေဖန်


(၂၀) ရက်နေ့ နေ့လည် ၁၁ နာရီက City Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဗမာ့နိုင်ငံရေးမိတ်ဆွေပါတီများရဲ့ ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမင်းထွဋ်က ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူမရဲ့ ဖခင်လို အမျိုးသားခေါင်းဆောင်ကြီး မဟုတ်ကြောင်းအောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ် - 


““ဒေါ်စုကို နိုင်ငံရေးမှာပြန်ပါဖို့၊ ၉၀ ရလဒ်ကိုစွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော် ပထမဆုံးဖြစ်နိုင်ပါတယ်””

““၈၈မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး””

““ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက တစ်ဦးသာဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာမဟုတ်ပါဘူး။
ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာဖြစ်ပါတယ်””

““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဖျားရှုးသွားပါတယ်””

““အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကိုအနိုင်ယူတာလဲ။ ကျနော့်ကိုအနိုင်ယူရင်ကော အရသာရှိသွားသလား။ အန်အယ်လ်ဒီအတွက် ငါးသိန်းကလွယ်ချင်လွယ်မယ်။ ကျနော်တို့အတွက် ငါးသိန်းက ရှိတာရောင်းပြီးလုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေးမဆင်းနိုင်ပါဘူး””

““နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင်လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော””    ဟုပြောကြားသွားခဲ့သည်။
 
ပါတီသစ်များ အနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးတွင် အဓိကပါတီကြီး နှစ်ခုကို မယှဉ်နိုင်ခြင်း ရန်ပုံငွေ မတောင့်တင်းခြင်းနှင့် အခြားအခက်အခဲများစွာကို ရွေးကောက်ပွဲ ကာလများတွင် ကြုံတွေ့ခဲ့ရပြီး ပါတီအချင်းချင်း ဤကဲ့သို့ စကားဖြင့် ပုတ်ခတ်တိုက်ခိုက်ခြင်းများ ရှိလာခဲ့သည်။
 
Myanmar Express မှ သတင်းကို ကိုးကားပြင်ဆင်ဖော်ပြသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Anonymous on April 24, 2012 at 4:27 AM

    Outer world and uneducated people in myanmar are still expressing the following words..
    ““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။
    What was the purpose of that 1990 election?
    It was for the General Referendum for the Constitution, NOT TO TRANSFER the POWER. NLD is greedy in POWER and focusing on it only. Without constitution no country can have the Democratically Elected Government and Parliament.
    1990 was not land slide wining of NLD. It was misunderstanding of all NLD followers. NDL walked out from NLD itself. Not the seats, just the higher percentage of members in Assembly.
    It must correct and understand the Election Laws of 1990.

Leave a comment

Join Free