မဲရုံမှူးများက ဖယောင်းသုတ်လူးထားသော မဲလက်မှတ်များကို မဲဆန္ဒရှင်များအား ထုတ်ပေးကာ စောဒကတက် ပါသော်လည်း ပြန်လည် လဲလှယ်မပေးခြင်းနှင့် ပတ်သက်၍ အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဧပြီလ ၁ ရက်နေ့စွဲဖြင့် စာရေးသား တောင်းဆိုလိုက်သည်။

ထိုကဲ့သို့ ဆန္ဒမဲလက်မှတ်များ ဖျက်ဆီးနေမှုမှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှ ကျေးရွာများဖြစ်ကြသည့်
ညောင်ပင်သာ၊ ဆင်ရှင်၊ တနယ်၊ အလယ်ပုံ၊ ချောင်းနားနှင့် ကျေးသများရွာတို့အပြင် အခြားမဲဆန္ဒနယ်များ
ဖြစ်ကြသည့် မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုန်ဆိပ်ကမ်း၊
တောင်တွင်းကြီးနှင့် ကလော (အောင်ပန်း) မြို့တို့တွင် အလားတူဖြစ်ရပ်များ ဖြစ်ပွားနေကြောင်း NLD အောင်နိုင်ရေး အတွင်းရေးမှူး၏ စာတွင် ဖော်ပြပါရှိသည်။

ထိုသို့ မဲဖယောင်းသုတ်ခြင်းကိစ္စများ တပြည်လုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်နေပြီး ပုလဲနီခြံရွာတွင် မဲရုံမှူး ဆရာမ
ဒေါ်တင်မာဝင်း မဲလက်မှတ်များတွင် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်တိုင်ရေးခြစ်ပေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

Mizzima မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free