ငပုတောမြို့နယ်၊ ကန်ဆိပ်ကျေးရွာအနီးနစ်မြုပ်ခဲ့သော ပုသိမ်သူ (၁၁) ရှပ်ပြေးရေယာဉ်မောင်း၊ သင်္ဘောစာရေးနှင့် အလုပ်သမားတစ်ဦးတို့မှာ ဧပြီနောက်ဆုံးအပတ်က ငပုတောရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး ယခုအခါ အာမခံဖြင့် ပြန်လွှတ်ပေးထားပြီဖြစ်ကြောင်း ငပုတောရဲစခန်းမှ အတည်ပြုသည်။


ငပုတော ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ‘သူကိုယ်တိုင် ဧပြီလနောက်ဆုံးပတ်ထဲမှာလာအဖမ်းခံ
တာ၊ပြီးတော့ မြို့နယ်တရားရုံးကိုတင်တယ်၊ အခုတော့ အာမခံနဲ့ပြန်လွှတ်ပေးထားတယ်’ ဟုပြောပြသည်။


ရေယာဉ်မောင်းကိုမြင့်နိုင်နှင့် အတူစာရေးကိုဝမ်လိန်နှင့် ရေလုပ်သားဇော်မင်းတို့မှာ အတူလာရောက်
အဖမ်းခံပြီး  ငပုတောမြို့မရဲစခန်းမှ(ပ)၂၆/၂၀၁၂ ပြစ်မှုပုဒ်မ ၂၈၀/၃၀၄က/၃၈၈
တို့ဖြင့်အမှုဖွင့်ကာ ငပုတောမြို့နယ်တရားရုံးသို့တရားစွဲဆိုတင်ပို့ထားသည်။


မတ်လ ၂၀ ရက်က ကန်ဆိပ်ကျေးရွာတံတား သို့ဆိုက်ကပ်စဉ်
အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်စောင်းကာ ပုသိမ်သူ(၁၁) ရေယာဉ် နစ်မြုပ်မှုကြောင့် လူ ၂၆ ဦးသေဆုံးခဲ့သည်။

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free