မြန်မာ့ရိုးရာသင်္ကြန်နှစ်သစ်ကူးပွဲတော် ကြီးကတော့ တစ်နှစ်အတွက် ပြီးသွားပြန် ပြီ။ Sky Net  မှာ ကြည့်ရတာတော့ မြန်မာပြည်မြို့ အနှံ့မှာရေကစားကြတာ  ဟာတရားလွန်တယ်လို့ ပြေချင်တယ်။ မီးသတ်ပိုက်တွေ ရိုးရိုးပိုက်တွေနဲ့ ပက်နေ လိုက်ကြတာ စစ်တိုက်နေကြသလိုပဲ။ တစ်ဖက်ငသားမနာနာအောင် မမွန်းမွန်း အောင် ပက်ကြပါတယ်။ တစ်ခါတစ်ရံ များရေဘော်လုံးတောင် ပါသေးတယ်။
ရှေးယခင်ရိုးရာသင်္ကြန်ကတော့ယဉ် ယဉ်ကျေးကျေး ရေခွက်ကလေးနဲ့ပတ် တယ်။ သပြေခက်ကလေးနဲ့ ပက်တယ်။ နှစ်ဟောင်းကအညစ်အကြေးတွေကို ဆေးကြောပစ်တဲ့သဘော။ သန့်ရှင်းစင် ကြယ်ပြီး အတာရေပတ်ဖြန်းလိုက်တဲ့အ တွက် စိတ်လည်းကြည်လင်အေးမြစေပါ တယ်။ မေတ္တာစိတ်ပြည့်ဝပြီး စည်းလုံးညီ ညွတ်တဲ့ သဘောလည်းဆောင်ပါတယ်။
အခုခေတ်သင်္ကြန်ကတော့ မိန်းက လေးတွေရဲ့ဝတ်စားဆင်ယင် မှုကလည်း ဗရန်းဗတာ၊အနေအထိုင်တွေကလည်း မကြည့်ဝံ့စရာပါပဲ။ ယောက်ျားကလေး တွေကလည်း အရက်တွေမူး၊ ဘီယာတွေ မူးနဲ့၊ မိန်းကလေးတွေကလည်း အားကျ မခံဘီယာတွေအရက်တွေကိုသောက်နေ ကြပါတယ်။
သူတို့ကိုကြည့်ပြီး ကျွန်မစိတ်အ ပျက်ဆုံးက ရေတွေကိုဖြုန်းတီးနေတာပါ ပဲ။ ရေကို တော်ရုံတန်ရုံပတ်ကြရင်လည်း ပျော်စရာကောင်းပါတယ်။ အခုတော့ အလွန်အမင်းစစ်တိုက်သလို တစ်ဖက် သားနာကျင်သွားအောင်၊မွန်းသွားအောင် ပက်ကြတယ်။ မြန်မာ့ရိုးရာရေသဘင်ပွဲ ဆိုပေမယ်လို့ ရေတွေကိုဖြုန်းတီးပြီးပျော်  ပျော်နေကြသလိုပဲ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပက်ကြမယ်ဆိုရင် မြင်ရ တာလည်း ကြည်နူးစရာကောင်းမှာပါ။ အခုတော့ ရေပက်ခံထွက်တဲ့လူရော၊ ရေ ပက်ကြတဲ့လူတွေရော သင်္ကြန်ပြီးရင် အသားတွေနာတဲ့လူကနာ၊ မျက်စိတွေ နားတွေထဲရေ၀င်လို့ ဆရာဝန်ဆီသွားရ တဲ့လူတွေလည်းရှိတယ်။ ရိုးရာသင်္ကြန်က သရုပ်ပျက်သင်္ကြန်ဖြစ်နေပါတယ်။
သင်္ကြန်လည်းပြီးရော လူတွေဆီက ကြားရတဲ့အသံက ရပ်ကွက်ကဖြင့်ရေမ လာဘူး၊ သောက်ရေအတွက်အခက်အခဲ ရှိတယ်စသဖြင့်ပေါ့။ ဒီတော့ ကျွန်မက မေးလိုက်ချင်တယ်။ သင်္ကြန်တုန်းက ဘာ ကြောင့်ရေတွေကို ဒီလောက်ဖြုန်းတီးကြ ရတာလဲလို့။ ကမ္ဘာနဲ့ အ၀ှမ်းရှေ့လျှောက် ရေအခက်အခဲတွေဖြစ်ပေါ်တော့မယ်ဆို တာ စိုးရိမ်နေကြရပါပြီ။ ဒီတော့ရေကို မဖြုန်းတီးသင့်ဘူးဆိုတာ လူအများကို သိ စေချင်ပါတယ်။
အခုကြည့်လေ၊ ဒလနဲ့ခရမ်းသုံးခွမြို့ နယ်တွေမှာ ရေအခက်အခဲကြုံနေရပြီ။ အဲဒီရေအခက်အခဲနဲ့ကြုံနေရတဲ့ ဒလနဲ့ ခရမ်းသုံးခွမြို့နယ်တွေကို ရန်ကုန်နာရေး ကူညီမှုအသင်းကသွားရောက်ရေလှူဒါန်း နေပါတယ်။ ကျွန်မတို့လူမျိုးကလည်း ခက်တာတစ်ခုရှိတယ်။ ဒုက္ခရောက်ရင် ကူညီကြမှာပဲဆိုပြီး အားမထုတ်ချင်တဲ့ စိတ်ဓာတ်ပေါ့။ ဒါကြောင့်နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောတာ တော်တော်မှန်တယ် ““ပြည်သူလူထုတွေရဲ့ စိတ်ဓာတ်တွေအရင်ပြုပြင်သင့်နေပြီတဲ့။ မြန်မာလူမျိုးတွေဒုက္ခရောက်တယ်ဆိုတိုင်း ကယ်တင်ရှင်ကိုပဲမျှော်နေကြတယ်။ကိုယ့် အနေနဲ့ကိုယ်လုပ်နိုင်သလောက် ကိုယ်ထူ ကိုယ်ထ နဲ့စုပေါင်းပြီး ရေတွင်းလေးတစ် တွင်းတူးလိုက်မယ်ဆိုရင် အတန်အသင့် အဆင်ပြေလည်သွားကြမှာပါ””ဆိုပြီး နာ ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။ ဒါမှန်တာပေါ့၊ ဂျာနယ်တစ် ခုမှာ ကျွန်မဖတ်လိုက်ရတယ်။ ဒါကဘာ လည်းဆိုတော့ အဲဒီအခရမ်းသုံးခွမြို့နယ် တွေက တစ်ချို့ရွာတွေမှာ ရေတွင်းတူးတဲ့ အခါ ရေချိုထွက်တယ်လို့ဆိုပါတယ်။ အနီးအနားရွာတွေပါသုံးနိုင်အောင် ရေချို ထွက်တဲ့ဒေသမှာ တွင်းများများတူးလိုက် ပေါ့။ ဦးကျော်သူပြောတာမှန်ပါတယ်။ အမြဲတန်းလည်း ဘယ်သူတွေကလာကူ ညီနိုင်မှာလဲ။ အားထုတ်မှုဆိုတာ လုပ် သင့်တဲ့အရာပဲ။
အခုကျွန်မတို့ဆီမှာ ရေကန်တွေ နွေရာသီမှာ ရေတွေခန်းတယ်။ တွင်းတွေ တူးတော့လည်း ပင်လယ်နဲ့နီးတဲ့နေရာ တွေမှာ ရေငန်တွေထွက်တယ်။ စမ်းသပ် ပြီးတွင်းတွေတူးကြည့်ပေါ့။ မုတ္တမပင် လယ်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာတော့ တူးတွင်းရင် ရေငန်တွေထွက်တာအမှန်ပဲ။ မင်းရွာတို့ အသင်းရွာတို့မှာတော့ တူးရင် ရေချိုထွက်တယ်လို့ ဆိုပါတယ်။ လူတွေ က စမ်းသပ်မကြည့်လို့ပါ။ ဒီလိုဆိုတော့ မျှော်လင့်ချက်အများကြီးရှိပါတယ်။
မကြာခင်ကကျွန်မအယ်လ်ဂျားဇီးရာ TV က သိလိုက်ရတဲ့ရေကြောင်းဆိုရင် ကမ္ဘာတစ်ဝန်းရေကို ဘယ်လိုဂရုစိုက်ရ မယ်ဆိုတာ ပြောနေကြပါတယ်။ ကမ္ဘာ့  နိုင်ငံက လူတွေက မြစ်တွေကရေတွေကို မျှဝေသုံးစွဲနေရပါတယ်။ မြစ်ဖျားနိုင်ငံတွေ ကမဆင်မခြင်လုပ်ရင်မြစ်ညာကလူတွေ ဒုက္ခရောက်ရတယ်။ လာမယ့်ရာစုနှစ်တွေ မှာ ရေကြောင့်ပြဿနာတွေပေါ်မှာပါ။  အနာဂတ်မှာ လူတွေရေကိစ္စပြဿနာရှိ လာမှာပါ။ ရေထိန်းသိမ်းဖို့ ကျေးရွာတွေ အထိ စီမံခန့်ခွဲရပါမယ်။ ရေစုဆောင်းမှု လုပ်ရမယ်။ စိုထိုင်းစိမ့်မြေဟာအရေးကြီး တာကို လူတိုင်းသိရပါမယ်။ လူတွေမသိ ကြဘူး။ရေဘယ်လောက်အရေးကြီးတယ် ဆိုတာ လူတွေကို ပညာပေးရမယ်။ လူ အများသိအောင် လုပ်ရမယ်။ သစ်တော ပြုန်းတီးတာ ငါးတွေအလွန်အကျွံဖမ်း တာ ပညာပေးရမယ်။ ကမ္ဘာ့ရေကြောင်း တွေကို ထိန်းသိမ်းဖို့ ပညာပေးရမယ်။ ငါးဖမ်းတာကို ထိန်းသိမ်းရမယ်။ ၁၉၇၁ ခုမှာ ကုလသမဂ္ဂအကူအညီနဲ့ ရေပျော် ငှက်တွေကို ထိန်းသိမ်းဖို့ ဖြစ်တယ်။ ကမ္ဘာ ကြီးထဲမှာ အားလုံးဟာ အဆက်အနွယ် တွေရှိနေတယ်ဆိုတာ လူတွေကိုသိစေရ မယ်။ ရမ်စမ်နေရာတွေဟာ စိမ့်မြေအဖိုး တန်ပါတယ်။ဝါရင့်ပင်လယ်စောင့်ရှောက် ရေးအရေးကြီးတယ်။ နိုင်ငံအားလုံးက ၀ိုင်းဝန်းပြီးစောင့်ရှောက်ရမယ်။ တူညီတဲ့ ကောင်းကျိုးရဖို့ပြုလုပ်ရမယ်။ရှေးဟောင်း လောက သဘာဝတွေကိုစောင့်ရှောက်ရ မယ်။ ကမ္ဘာလှည့်ခရီးသည်တွေဆီက ရ တဲ့ဝင်ငွေတွေကနေ မြစ်၊ ချောင်းတွေကို ထိန်းသိမ်းရမယ်။ ရေဟာ လေးပုံသုံးပုံက လျှော့နေပြီ။ အချိန်ပြည့်လုပ်ဖို့လိုအပ်နေ ပြီ။ ရေတွင်းမခန်းသေးသ၍ ရေတန်ဖိုး ကိုမသိကြဘူး။ လာမယ့်ရာစုနှစ်တွေမှာ ရေဟာ ပြဿနာဖြစ်လာတော့မယ်။ ကမ္ဘာ့နေရာအနှံ့မှာ ရေကိုဝယ်သုံးနေရ ပါတယ်။ ဥပမာ စင်ကာပူနိုင်ငံဖြစ်တယ်။  သူတို့ကတော့ နည်းပညာတွေနဲ့ ရေချိုရ ဖို့လုပ်ဆောင်နေကြတယ်။ တစ်နေ့ထက် တစ်နေ့ ရေဟာရှားပါးလာလို့ ပိုက်ဆံအ လွန်ကုန်နေရပါတယ်။ စိုက်ပျိုးရေးအ တွက်၊ စက်ရုံတွေဟာ ရေတန်ဖိုးကို သိဖို့ လိုပါတယ်။ သဘာဝစနစ်တွေကိုလက် တွေ့လုပ်ရပါမယ်။ ပျက်စီးသွားတာတွေ ကိုလည်း တာဝန်ယူရပါမယ်။ စိမ့်မြေတွေ ကိုကိုယ်နဲ့ မဆိုင်ဖူးလို့ မယူဆပါနဲ့။ ရေအ ရင်းအမြစ်တွေကို တိုးတက်အောင်လုပ် ဖို့လိုပါတယ်။ လူတွေဟာ ကောင်းတဲ့ အမြင်နဲ့ ပညာသတိနဲ့ ယှဉ်ပြီးအသုံးပြု ပါဆိုတာ သော့ချက်ပါပဲ။


Hot News မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free