များသိပြီးသားဖြစ်တဲ့ Hot news Journal မှာ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကကောင်တွေ ဆယ်တန်းမအောင်ပါဘူးလို့ အစချီကာ မိုက်မိုက်ရိုင်းရိုင်းပြောထားခဲ့တဲ့ လယ်/ဆယ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော်အမတ် (232)ယောက်ကနေ တောင်းဆိုချက်အရ လွှတ်တော်အခွင့်အရေးကော်မတီမှာ  ၂၉.၄.၂၀၁၂ ရက်စွဲပါ အစီအရင်ခံစာအတိုင်း ဧပြီလ ၃၀ ရက်နေ့ မှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ရှင်းလင်းပါတယ် ။သူ့ရဲ့ ပြန်လည်ဖြေကြားချက်မှာ ဟိုပုတ်ခတ်ဒီပုတ်ခတ် (သူ့နဂိုရ် အကျင့်အတိုင်း)ပေါ့။ 

    လွှတ်တော်အခွင့်အရေးပူးပေါင်းမှုကော်မတီက ``အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်လုပ်တယ်ဆိုတာက လွှတ်တော်ကို ဆိုလိုတာပါလား တစ်ခြားဘယ်သူကို ရည်ရွယ်ပါသေးသလဲ´´ဟုမေးမြန်းရာ----


 ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ``ကျနော်က လွှတ်တော်ကို မရည်ရွယ်ပါဘူး ကျနော်တို့ ပြည်တွင်ပြည်ပ မီဒီယာတွေဟာ နည်းမျိုးစုံနဲ့ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်၊ စည်းလုံးမှုတွေ ပြိုကွဲအောင် ဖန်တီးလိုတဲ့ အသံတွေ၊ စာနယ်ဇင်းတွေ ဂျာနယ်တွေ--- အဲဒီထဲမှာ ကောင်းတဲ့ ဂျာနယ်တွေရှိသလို မကောင်းတဲ့ စာနယ်ဇင်းတွေလည်းရှိပါတယ်။ မကောင်းတာတွေကများပါတယ်။ အမျိုးမျိုးဝေဖန်ကြ၊ ပြစ်တင်ရှုတ်ချကြ နဲ့ ကျနောတို့ကို တစ်ခုဟုတ် မဟုတ်  ကြားလေသွေးဆွေးမယ်လို့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေကြတယ်လို့ ဖြေကြားခြင်းသာဖြစ်ပြီး လွှတ်တော်ကို ရည်ရွယ်ခြင်းလုံးဝမဟုတ်ပါဘူး´´ လို့ မီဒီယာသမားစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ဖြေကြားခဲ့ပါတယ်။
  
    ထိုပြင် `` ဥပဒေပြုလွှတ်တော်က တည့်တည့်မတ်မတ်ကလေး ဖြစ်အောင်လုပ်ရမယ်။ ဥပဒေက ကမောက်ကမဖြစ်နေရင် အစိုးရကိုဝေဖန်နေရင် မီဒီယာသမားတွေရဲ့ကဏ္ဍကလည်း ၀ိုင်းသမနေရင် ကမောက်ကမဖြစ်ပြီး လှေကြီးနစ်သွားရင် ဘယ်သူနစ်နာမလဲ။ ပြည်သူပဲ အရင်နစ်နာလိမ့်မယ်။ လှော်တဲ့ကောင်ကလဲလှော်ရမယ်။ ထိုင်တဲ့ကောင်ကလဲ ထိုင်နေရမယ်။ အသက်ကြီးသွားရင် ငြိမ်နေရမယ်။ အငြိမ်မနေပဲ ထိုင်နေရင် ဘုန်းကြီးရူးနဲ့လှေလူး ဖြစ်လိမ့်မယ်´´ဟုသော စကားရဲ့ အဓိပါယ်အား ရှင်းခိုင်းရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က `` ကျနော်ဂျာနယ်တွေ အတော်များများဖတ်ပါတယ်ခင်ဗျား။ဖတ်ရင် မကောင်းတာတွေချည့်ပဲ။ စိတ်မချမ်းသာဘူးပေါ့ဗျာ။ အမှန်ကတော့ အဲဒိဟာတွေပဲ။ ကျနော်ဂျာနယ်တွေနဲ့တွေ့တဲ့အခါ သူတို့ဂျာနယ်တွေထဲမှာ ကျနော်တို့လွှတ်တော်၊ ကျနော်တို့နိုင်ငံတော်ကိုယ်စားပြုမယ့် ဂျာနယ်လေးတစ်ဆောင်လောက် ပေါ်လာမလားလို့ အားကိုးမိတာပါ´´ဟု ဂျာနယ်တွေမကောင်းကြောင်း၊  မကောင်းတာတွေ့ချည့် ဂျာနယ်များမှ ရေးသားကြောင်း၊ ဂျာနယ်များသည် လွှတ်တော်နှင့်အစိုးရအား ကိုယ်စားမပြုကြောင်း အတင်းတုတ်ခဲ့ပြန်သည်။

သစ်ထူးလွင်မှ ဖြစ်သည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free