အထက်မြန်မာပြည်သတင်းသမားများကွန်ရက် (UMJN) အားစတင်ဖွဲ့စည်းခြင်းနှင့်တာဝန်ခံအဖွဲ့ဝင်များအား ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းလမ်းကျ မဲပေးရွေးချယ်တင်မြှောက်ခြင်းတို့ကို မန္တလေးမြို့တွင် ယနေ့ ပြုလုပ်ခဲ့သည်။

အဆိုပါပထမဆုံးအကြိမ်ဒီမိုကရေစီ နည်းကျ မဲပေးရွေးချယ်တင်မြှောက်ခြင်းကိုမေလ(၁၉)ရက်နေ့၊နံနက်(၁၀)နာရီက မန္တလေးမြို GreenElephant စားသောက်ဆိုင်၌ ကျင်းပခဲ့ရာမန္တလေးမြို့ အခြေစိုက်သတင်းသမားများ၊ တာဝန်ခံအယ်ဒီတာများ၊ ၀ါရင့်သတင်းစာဆရာများနှင့် လူငယ်သတင်းစာဆရာများ(၄၅)ဦး တက်ရောက်ကာ မဲပေးရွေးချယ်ခဲ့ ကြသည်။

“မန္တလေးမြို့မှာပထမအကြိမ် ဒီမိုကရေစီနည်းလမ်းကို အသုံးပြုပြီး  သတင်းသမားတွေရဲ့ တာဝန်ခံအဖွဲ့ကိုရွေးခြင်းဖြစ်ပါတယ်”  ဟု  ရွှေမန္တလေးဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုထွန်းဝင်း က ပြောသည်။

ယင်းကဲ့သို့်တာဝန်ခံအဖွဲ့ဝင်များအား ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်တင်မြှောက်ကျရာအဖွဲ့ဝင်များအဖြစ်၊ (၁)ကိုအောင်ရှင်း (မြန်မာတိုင်း(မ်))  (၁၅)မဲ၊ (၂) ကိုထွန်းဝင်း (ရွှေမန္တလေးဂျာနယ်) (၈)မဲ၊ (၃) ကိုစန်းယု (ကုမုဒြာနှင့် မော်ဒန်ဂျာနယ်) (၆)မဲ၊ (၄) ကိုစည်သူလွင် (မြန်မာတိုင်း(မ်)) (၂)မဲ၊ (၅)ကိုမင်းဒင် (မြနန္ဒာဂျာနယ်)(၂)မဲ၊ (၆) ဆရာသင်း (မန္တလေးအလင်းဂျာနယ်) (၂)မဲ၊ (၇)ကိုအောင်မျိုးထွန်း (ရတနာပုံ ၀ဘ် ပိုတယ်လ်) (၂)မဲ၊ ၊(၈) ကိုကြည်စိုး (upper Myanmar ဂျာနယ်) (၂)မဲ၊ (9) မဖြိုး (Express Time ဂျာနယ်) (၁)မဲ တို့ဖြင့် အသီးသီး ရွေးချယ်ခြင်းခံရသည်။

ရွေးချယ်ပွဲတွင် ထူခြားမှု တရပ်မှာ ဆရာညီပုလေးသည်(၃)မဲ ဖြင့်ရွေးချယ်ခံရသော်လည်း တာဝန်ခံအဖွဲ့ဝင် မလုပ်လိုသဖြင့် မဲ (၁)မဲ ရရှိသော မဖြိုး (Express Time ဂျာနယ်) အား အစားထိုးရွေးချယ်ခဲ့ရသည်။

ယခုရွေးချယ်ပွဲတွင် မဲအများဆုံးရရှိသည် ကိုအောင်ရှင်း  သည်တာဝန်ခံအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်ပြီး ဒုတိယမဲအများဆုံးရရှိသည့် ကိုထွန်းဝင်း သည် အတွင်းရေးမှူးအဖြစ်တာဝန်ယူရမည်ဖြစ်ကာ တာဝန်ခံအဖွဲ့သက်တမ်းမှာ ၁ နှစ်ဖြစ်သည်။

အတွင်းရေးမှူးအဖြစ် တာဝန်ယူရမည့် ကိုထွန်းဝင်းက “အသင်းအတွက်အထိုင်ရုံးခန်းဖွင့်နိုင်ဖို့ ကြိုးစားသွားမှာပါ၊ သတင်းထောက်တွေအနေနဲ့ သတင်းယူရာမှာဖြစ်ပေါ်လာတဲ့အခက်အခဲတွေကို ရှေ့ကနေပြီး ရပ်တည်ဖြေရှင်းပေးသွားမှာပါ”ဟု YPI သို့ပြောသည်။

“ကွန်ရက်အဖွဲ့ဝင်မဟုတ်တဲ့ အထက်မြန်မာပြည်ကသတင်းသမားတွေ အခက်အခဲကြုံလာရင်ပါကူညီဖြေရှင်းပေးမှာပါ။ သတင်းသမားတွေရဲ့သတင်းစာပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်သင်တန်းတွေဖွင့်နိုင်အောင် ကြိုးစားသွာမှာပါ”ဟုတာဝန်ခံအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာမည့် ကိုအောင်ရှင်း   ကပြောသည်။


တာဝန်ခံအဖွဲ့သည်အထက်မြန်မာပြည်ရှိ သတင်းစာဆရာများ၏သတင်းစာပညာဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းနှင့်ပတ်သက်သောအခက်အခဲများကို လက်တွဲဖြေရှင်းနိုင်ရေး၊သာရေးနာရေး၊ လူမှုရေးကိစ္စများကိုတတ်အားသမျှထိရောက်စွာ ကူညီနိုင်ရေးအတွက် အင်တိုက်၊အားတိုက် ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး ကွန်ရက်အဖွဲ့ဝင်အဖြစ် လျှောက်ထားလိုသည့်သတင်းသမားများအား အင်းဝင်ကြေး (၃၀၀၀) ကျပ်နှင့်လစဉ်ကြေး(၂၀၀၀) ကျပ် သတ်မှတ်ထားသည်။

ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် အစိုးရထိန်းချုပ်မှု မရှိသည့် သတင်းသမား အဖွဲ့အစည်းများ စတင်ဖွဲ့စည်းလာကြရာ ရန်ကုန်တွင် မြန်မာဂျာနယ်လစ် ကွန်ရက်၊ မြန်မာသတင်းစာဆရာများ အသင်း ဖြစ်ထွန်းရေး ကော်မတီ၊ မြန်မာစာနယ်ဇင်း သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီတို့မှာ ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ကြပြီး ယခုနောက်ဆုံး ဖွဲ့စည်းခဲ့သည့် အထက်မြန်မာပြည် သတင်းသမားများ ကွန်ရက်မှာ စတုတ္တမြောက် အဖွဲ့အစည်းဖြစ်သည်။         ။

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free