ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဆုံးသွားတယ်။သူ့မိန်းမကလူးလှိမ့်အော်
ဟစ်ငိုကြွေးသည်။သူမရှိတော့တဲ့အတွက် သူမအတွက်ဘယ်လိုအခက်အခဲဖြစ်စေ
ကြောင်း၊ဘယ်ပုံဘယ်နည်းဖြစ်တယ်ဆိုပြီး
ရေဝေးသုဿာန်တစ်ခုလုံးလွှမ်းသွားအောင် အော်ငိုနေသည်။
သူငယ်ချင်းကမအောင်မြင်တဲ့ဘော လုံးသမားတစ်ယောက်ပါ။တောင်ဥက္က လာမြို့နယ်ကရပ်ကွက်တစ်ခုမှာနေပါတယ်။ ငယ်ငယ်တုန်းကတော့ကျောင်းသားအသင်း ခေါင်းဆောင်ပါ။ကျောင်းပွဲတွေမှာ ကျောင်းဂုဏ်ဆောင်တဲ့ကျောင်းသားတစ် ဦးဖြစ်ခဲ့တယ်။အထက်တန်းလောက် အရောက်မှာမြို့နယ်ဥက္ကဋ္ဌဖလားအတွက် ရပ်ကွက်အသင်းမှာလူရွေးရာကအသင်း ရံပုံငွေထောက်ပေးနိုင်တဲ့ရပ်ကွက်အတွင်းက ကြေးရေတက်သားသမီးတွေကိုရွေးပြီးသူ့ လိုငမွဲကိုမရွေးတော့သူတော်တော်စိတ်နာ တယ်နဲ့တူတယ်။အဲ့ဒီမှာအရက်စသောက် ဖြစ်သွားတယ်။နောက်တစ်နှစ်တော့သူက အတွေ့အကြုံရသွားတော့အခြားရပ်ကွက် မှာသွားကစားတယ်။သူကစားတဲ့အသင်း ဆုရသွားတယ်။ရပ်ကွက်လူကြီးတွေသူ့ကို မျက်စေ့စပါးမွှေးစူးသွားတယ်။နောက် တစ်နှစ်လည်းရောက်ရောသူရပ်ကွက်ပြောင်း ကစားဖို့ရုံးမှာသွားပြောတော့ရပ်ကွက်ဥက္ကဋ္ဌ အပါအ၀င်အသင်းကြီးကလူကြီးတွေသူ့ကို ပြောင်းခွင့်မပြုဘူး။ကစားချင်ရင်ရပ်ကွက် အသင်းမှာအရန်အဖြစ်ကစားလို့ပြောတယ်။ သူဘောလုံးကစားဖြစ်တော့ဘူး။ဒါပေမဲ့ ချိန်းပွဲတွေဆိုလိုက်ကန်တယ်။ဘောက် ထော်ကွင်းမှာသူကနာမည်ကျော်ပေါ့။အခြေအနေတစ်ခုကြောင့်လူတော်တစ်ယောက် ဆုံးရှုံးခဲ့ရတယ်။ဒီလိုနဲ့သူကအရက်သမား အဖြစ်နဲ့အိမ်ထောင်ကျတယ်။မိန်းမကို ဈေးခင်းပေး၊ကလေးထိန်းပေးရင်းနဲ့မိန်းမ ရဲ့အော်ငေါက်၊မြည်တမ်းမှုတွေနဲ့ဘ၀ကို ကျင့်သားရသွားတယ်။မိုးရာသီရဲ့ဆိုးဝါးတဲ့ နေ့တစ်နေ့မှာလေဖြတ်တယ်။သူမိန်းမက (၇)အိမ်ကြားအောင်အော်ဟစ်ဆဲဆိုမှုတွေ ပိုလာတယ်။ဒါနဲ့ပဲဆုံးသွားတယ်။သူ့မိန်းမ ကတော့လူကြားကောင်းအောင်အော်ဟစ် ငိုဆဲပါ။ဒါကယုံတမ်းစကားပုံပြင်မဟုတ် ပါ။အဲ့ဒီအမျိုးသမီးကလူအဖွဲ့အစည်းကို သနားလာအောင်လိမ်ပြနေတာပါ။သူမ ကိုဘယ်သူကမှမသနားပါဘူး။အရင်း စစ်ကိုလည်းသိနေတာပါပါတယ်။
ရပ်ကွက်ထဲမှာလမ်းမကောင်းဘူး။အဖွဲ့အစည်းတစ်ခုကလမ်းခင်းပေးမယ်ဆို တယ်။အားရပါးရလမ်းခင်းကြတာ ၀မ်းသာစရာပါ။သာဓုခေါ်သံမဆုံးခင်မှာ ခင်းနေတဲ့လမ်းကတစ်ဝက်နဲ့ရပ်သွားတယ်။ ဘာကြောင့်လဲလိုက်စုံစမ်းကြည့်တော့ဝိုး တ၀ါးအသံတွေညံစီနေတယ်။ပြောမကောင်းတာကောင်းတာကြောင့် ဒီမှာပဲရပ်လိုက်မယ်။ဒါကလူ့အဖွဲ့အစည်း ကိုလိမ်နေတာလို့မှတ်ယူရမယ်။ရင်ထဲက စေတနာမပါသလိုပဲ။
လျှပ်စစ်မီးတွေအင်ပို့စ်၊အိတ်စပို့စ် ဖြစ်နေတယ်။ကိုယ်ကရောင်းလိုက်၊ပြန် ၀ယ်လိုက်နဲ့အလုပ်ရှုပ်နေတယ်။ဘောဂဗေဒသဘောမှာဇောက်ချလုပ်ကိုင် ခြင်းဆိုတာရှိတယ်။ဇောက်ချလုပ်ကိုင်ခြင်း ကြောင့်ပိုလျှံလာတဲ့ကုန်စည်နဲ့ဝန်ဆောင် မှုကိုရောင်းချရာကကုန်သွယ်ခြင်းဖြစ်ခေါ် လာတယ်လို့သင်ခဲ့ရတယ်။ကုန်သွယ်ပြီဆို ရင်ကိုယ့်မှာအမှန်အကန်ပိုလျှံနေလို့ပါ။ မပိုလျှံပဲရောင်းနေတယ်ဆိုရင်ဒါဟာညာ တာပဲ။လူ့အဖွဲ့အစည်းမလိမ်ပါနဲ့၊ပွင့်လင်း ရမယ့်ခေတ်ကိုရောက်ပြီးအမှားတွေကိုလည်း ခဏခဏမပွင့်လင်းပြပါနဲ့။ပြည်သူတွေက မညံ့တော့ဘူး။လွှတ်တော်မှာအော်မဲ့သူကို စာနဲ့ရော။လူကိုယ်တိုင်ရောသွားသွား ပြောနေတာကိုယ်တွေ့ပါ။
ကိုယ့်ကိုယ်ကိုအကျင့်ကောင်းကြောင်း၊ တိုင်းပြည်ချစ်ကြောင်းပြောပြီးစိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့မြန်မာပြည်မှာလယ်ယာတွေ လိုက်သိမ်းနေတာသိပ်မကောင်းလှဘူး။ စိုက်ပျိုးရေးနိုင်ငံမှာဘယ်လိုစီမံကိန်းပဲ ဖြစ်ဖြစ်စိုက်ပျိုးရေးလုပ်ငန်းကိုထိခိုက်လာ နိုင်မယ်ဆိုရင်စဉ်းစားပါ။မြန်မာပြည်က အာရှ၊အရှေ့တောင်အာရှတဲ့စပါးကျီးလို့ သက်မှတ်ရလောက်အောင်ကြိုးစားရမှာ၊ အရေး၃ပါးမှာစားရေးကအရေးကြီးဆုံးပါ။ ကမ္ဘာကိုကိုယ့်ရဲ့စားသောက်ကုန်တွေနဲ့ထိုး ဖောက်လို့ရပါတယ်။လယ်မြေတွေ သိမ်း အမြတ်တင်ပြီး၊စက်မှုလုပ်ငန်းတွေကိုပြန် ရောင်းချပြီးတော့ကောင်းမှုကုသိုလ်တွေ လုပ်ပြနေတာကတိုင်းပြည်ကိုချစ်လို့မှမဟုတ် ပဲ။လူ့အဖွဲ့အစည်းကိုလိမ်နေတာပါ။မြန်မာ့စပါးကကမ္ဘာပေါ်မှာနံပါတ်(၁)လို့ ပြနိုင်အောင်ကြိုးစားရမှာပါ။မြန်မာပြည် ကဘယ်စားသောက်ကုန်ကတော့ကမ္ဘာမှာ နံပါတ်ဘယ်လောက်ရှိတယ်ဆိုတာကိုပဲပြ ပါ။ဒါမှတိုင်းပြည်ချစ်တာပါ။မစွန်တဲ့စက်မှု လုပ်ငန်းတွေကိုဘန်းပြပြီးတိုင်းပြည်ခေါင်း ဆောင်တွေကိုမညာကြပါနဲ့။ပွင့်လင်း ရိုးသားဖို့လိုလာပါပြီ။တိုင်းပြည်ရဲ့နိုင်ငံရေး ပုံစံအပြောင်းအလဲကိုလိုက်မမီရင်ခံသွား ရလိမ့်မယ်။အဆိုးဆုံးအခြေအနေက ပြည်သူတွေကိုမလိမ်မိဖို့ပါ။လူ့အဖွဲ့ အစည်းကိုမလိမ်မိဖို့ပါပဲ။
အခုတစ်လောကြားနေရတဲ့သတင်း ကစိတ်မကောင်းစရာဖြစ်နေတယ်။ပြည်သူတွေလုပ်နေတဲ့စီးပွားရေးလုပ်ငန်း ကိုအဖွဲ့အစည်းအရှိန်အ၀ါနဲ့လုယူတဲ့ကိစ္စ တွေပါ။မြို့တော်အင်္ဂါရပ်နဲ့အညီဘာညာ ဆိုပြီးပြောနေတာ။တကယ်စေတနာ အမှန်လား။လူ့အဖွဲ့အစည်းကိုလိမ်နေ တာလားဆိုတာကွဲပြားဖို့လိုပြီ။နစ်နာနေ သူတွေရှိနေတယ်။ဖြေသာအောင်နည်း လမ်းတွေသုံးပြီးညှိနှိုင်းသွားပါတယ်။လူ့ အဖွဲ့အစည်းကိုလိမ်တော့မယ်ဆိုရင်လူ့ အဖွဲ့အစည်းထဲမှာလည်းအဲ့ဒီနည်းလမ်း တွေကိုနားလည်တဲ့လူတွေရှိကြောင်းပါ။
Hot News မှ ဖြစ်ပါသည်။

Tags:
ဆောင်းပါး
Leave a comment