ရွှေနံသာကျေးရွာမှ လယ်သမားများဟာ ၎င်းတို့ရဲ့ လယ်ကန်သင်းတွေကို ဇေကမ္ဘာကုမ္ပဏီက ပြုတ်ပြုတ်ပြုန်းအောင် ဖျက်စီးနေ တာကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားခဲ့ပါတယ်။ သက်ဆိုင်ရာရဲ့ တားမြစ်ချက်ကိုလည်း ဇေကမ္ဘာ ကုမ္ပဏီက အလေးမထားဘဲ ဆက်လက်ဖျက်စီးမြဲ ဖျက်စီးနေတာကြောင့် လယ်သမားတွေဟာ သူတို့ရဲ့ လယ်ကွင်းတွေမှာ မိုးအခါ စိုက်ပျိုးဖို့ ၁၀.၅.၂၀၁၂ ရက်နေ့မှာ စတင်ထွန်ယက်စိုက်ပျိုးမယ်လို့ သတင်းလွှင့်ခဲ့တာကြောင့် လယ်သမားများ ထွန်ယက် ကြမည့်အပေါ် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ တားမြစ်စာ နှစ်စောင်ကို ၉.၅.၂၀၁၂ ရက်နေ့ညမှာ ပေးပို့လာတယ်လို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ “လယ်ယာမြေစိစစ်ဆုံးဖြတ်ပေးရန် ကိစ္စ” ဟုခေါင်းစဉ်တပ်ထားပြီး သီးစားရာသီတွင် သီးစားချထား ပေးနိုင်ရေးအတွက် အထက်ဌာနများ၏ ညွှန်ကြားချက်ရရှိသည်အထိ စောင့်ဆိုင်းနေရပြီး ကျေးရွာမြေကော်မတီမှ သီးစားချထား ရန် အဆင်သင့်ပြင်ဆင်ထားပါကြောင်း ပါရှိသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ “ခွင့်ပြုချက်မရရှိဘဲ လယ်ယာမြေပြင်ဆင်ခြင်း၊ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်းများ မပြုလုပ်ကြပါရန် တားမြစ်ခြင်း” ဟုခေါင်းစဉ်တပ်၍ ပေးပို့လာခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် လယ်သမားများသည် စီစဉ်ထားသည့်အတိုင်း ၈၈ ကျောင်းသားများအဖွဲ့မှ ကိုအောင်နိုင်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်း ရေးပါတီ၊ လှိုင်သာယာမြို့နယ်မှ လယ်သိမ်းခံ လယ်သမားများပါ လာရောက်ပေါင်းစည်းကြ၍ လယ်ထွန်မင်္ဂလာဟု ကင်ပွန်းတပ် ကာ စက်မှုလယ်ယာသရုပ်ပြ စီဖန်ထွန်စက်ကြီးများဖြင့် ထွန်ယက်ရန် စိုင်းပြင်းကြသည်။ ကိုအောင်နိုင်မှ ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်လာဖို့ မိတ်ဆက်စကားပြောကြားပြီး ဦးနေမျိုးဝေမှ လယ်မြေများအငြင်းပွားနေမှု ဥပဒေအသစ်နှင့် ဥပဒေအဟောင်းကို နှိုင်းချိန်ရှင်းလင်းပြသည်။
ထို့နောက် လယ်ထွန်ရန်ပြင်ဆင်ချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးရောက်ရှိလာ၍ ပေးပို့ထားသော တားမြစ်စာ နှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ “အထက်မှညွှန်ကြားသည့်အတိုင်း တားမြစ်ခြင်း ဖြစ်ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီကိုလည်း တားမြစ်ကြောင်း” ရှင်းလင်းပြောပြပါသည်။ လယ်ထွန်ရန် စတင်ချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ဦးနေမျိုးဝေမှ   “ ကျွန်တော်တို့ ဥပဒေချိုးဖောက်တာ မဟုတ်ပါဘူး။ တားစေချင်ပါတယ်။ နမူနားနည်းနည်းလေး ထွန်ပြပါ့မယ်။ကျွန်တော်တို့က တရားဥပဒေနဲ့ အညီဒေသခံ အာဏာပိုင်တွေရဲ့ တားမြစ်ချက်ကို ဘယ်သူတွေလိုက်နာသလဲ ပြချင်တာပါ ” ဟုဆိုကာ ပေ ၃၀ ခန့်လယ်ထွန်ပြသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ “ဒါဆိုရင် ဦးကျော်မြင့်လယ်နဲ့နည်းနည်းလေး ဆက်စပ် နေတယ်။ ဦးကျော်မြင့် ဟာ ၂၀၁၂ – ၂၀၁၃ မှာ သီးစားချထားခွင့် မရရှိသေးပါဘူး။ သီးစားချထားခွင့် ရရှိတဲ့ အချိန်ကို စောင့်ပြီး လယ်သမားရဲ့ ထုံးစံအတိုင်း လုပ်ပါ။ လက်ရှိသီးစားချထားခွင့် မရသေးတဲ့အတွက် ထွန်ယက်နေတာကို ရပ်ပေးပါ ” ဟု ပြောဆိုသွားသည်။
မီဒီယာသမားများ၏ အမေးကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြန်လည်ဖြေကြားရာတွင် “ ကျွန်တော်တို့ မြို့နယ်အတွင်းမှာ လယ်ဧက ပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ ဘယ်သူကိုမှ သီးစားချထားခွင့် မပေးသေးပါဘူး။ လျှောက်လွှာခေါ်ထားပါတယ်။ ကျေးရွာ အုပ်စု ၅ အုပ်စုမှာ ကျေးရွာပေါင်း ၂၀ ရှိတယ်။ ကျေးရွာတိုင်းမှာတော့ လယ်မရှိတော့ဘူး။ စာရင်းအရဆို ကျွန်တော်တို့မြို့နယ်အတွင်း မှာ ဧက ၃၀၀၀ ရှိတာကို အချိန်မီအခါမီ စိုက်ပျိုးနိုင်ဖို့ သီးစားချထားပေးသွားမှာပါ။” လို့ ဆိုပါတယ်။ ဇေကမ္ဘာနဲ့ အငြင်းပွားနေတဲ့ ကိစ္စ လယ်မြေမှာ အကျုန်းဝင်လား စက်မှုဇုံအကျုန်းဝင်လား ဆိုတဲ့အမေးကို မြို့နယ်အုပ်ချုပ်ရေးမှူးက “ လက်ရှိကတော့ ကျွန်တော်တို့ ဇက်မှုဇုန်အပိုင်း (၄)ဆောင်ရွက်မယ့် ဧရိယာထဲမှာ ပါဝင်နေတယ်လို့ သိရှိရပါတယ်။ ” လို့ပြောပါတယ်။ လယ်သမား တွေရဲ့ တင်ပြတောင်းဆိုမှုကြောင့် အိုးအိမ်ဌာနမှ အကြောင်းပြန်ကြားလာသည့် ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုန် ဖော်ဆောင်ခွင့် ပေးထားခြင်း မရှိကြောင်း နှင့် စပ်လျဉ်း၍ မေးမြန်းကြည့်ရာ “ စက်မှုဇုန်အပိုင်း(၄) ချထားပေးခြင်းမရှိဘူးဆိုတာ ကို ကျွန်တော်တို့ဆီ အကြောင်းမကြားပါဘူး။ စာနှင့်သော်လည်းကောင်း၊ နှုတ်နှင့်သော်လည်းကောင်း ကျွန်တော်တို့ဆီကို ခုချိန်ထိ အကြောင်းမကြားပါဘူး”  လို့ပြန်လည်ဖြေကြားပါတယ်။ ဇေကမ္ဘာကုမ္ပဏီမှ လယ်ကန်သင်းများ ဖျက်စီးနေမှုကို သူကိုယ် တိုင်သွားရောက်တားမြစ်တာရှိသလို စာနဲ့လည်း တားမြစ်ကြောင်း၊ သူ့အနေနှင့် အရေးယူဆောင်ရွက်မှု မပြုနိုင်ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
လယ်သမားတွေရဲ့ လယ်ထွန်မင်္ဂလာနှင့်အပြိုင် လယ်ကန်သင်းတွေ ဖျက်စီးနေတဲ့ ဇေကမ္ဘာကုမ္ပဏီကိုလည်း အုပ်ချုပ်ရေးမှူး သွားရောက်တားမြစ်တဲ့အတွက် လုံခြုံရေးအင်အား အပြည့်အစုံနဲ့ မန်နေဂျာဦးမြင့်ဇော်ကိုယ်တိုင် ဦးစီးပြီး ဖျက်စီးနေတဲ့ လယ်ကန်သင်းဖျက်စီးတဲ့အစီအစဉ်လည်း ရပ်ဆိုင်းသွားတာကို တွေ့မြင်ရပါတယ်။ ဂျာနယ်လစ်တစ်ဦးမှ မန်နေဂျာဦးမြင့်ဇော် အား မေးမြန်းလိုပါသည်ဟု ပြောရာ ဖြေစရာမရှိကြောင်း ပြောဆိုပါတယ်။
ညနေပိုင်းမှာတော့ လယ်သမားတွေရဲ့ ပြောပြချက်အရ ဇေကမ္ဘာကုမ္ပသည် လယ်ကန်သင်းများကို ဆက်လက်ဖျက်စီးနေကြောင်း သိရ၍ တရားလက်လွတ်လုပ်နေသူသည် ဇေကမ္ဘာကုမ္ပဏီ ဖြစ်ကြောင်းလည်း သုံးသပ်ပြောဆိုကြပါတယ်။ လယ်သမားတွေဘက် မှ မြိုနယ်အုပ်ချုပ်ရေးမှူးအား တောင်းဆိုလိုက်သည့် တောင်းဆိုချက်တွင် သက်ဆိုင်ရာ၏ တာမြစ်ချက်ကြောင့် သူတို့၏ ထွန်စက် ကြီးများကိုလည်း ကွင်းအပြင်ပြန်ထုတ်ပေးထားမည်ဖြစ်ပြီး ဇေကမ္ဘာ၏ ဖျက်စီးရေးယန္တယားများကိုလည်း ပြင်ပထုတ်ပေးထား ရန် တောင်းဆိုချက်ကိုမူ ဆောင်ရွက်ပေးပါမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးပြောသွားသော်လည်း ဇေကမ္ဘာကုမ္ပဏီသည် ညနေပိုင်းတွင် ဆက်လက်ဖျက်စီးခြင်း အလုပ်ကို လုပ်ကိုင်လျှက်ရှိသည်။


Hot News မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free