ယခင် NDAK ဥက္ကဌဟောင်း ဦးဇခုန်တိန့်ယိန်း က KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့သို့ ဆိုပြီး အိပ်ဖွင့်ပေးစာတစ်စောင်ကို ဧပြီလ (၁၆)ရက်နေ့က ပေးပို့ခဲ့ပါတယ်။ အဲဒီစာမှာ ပါရှိတာတွေကတော့ ဒေသခံတွေကိုယ်စား အနူးအညွတ် မေတ္တာရပ်ခံ ပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်…
ဦးဇခုန်တိန့်ယိန်း မေတ္တာရပ်ခံထားတဲ့ စာပါအကြောင်းတွေကတော့…

၁။ တိုက်ပွဲပစ်ခတ်မှုတွေကို ရပ်ပေးစေလိုကြောင်း နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရပိုင်ခွင့် တန်းတူ ညီတူ ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဌာန်းနိုင်ရေးကို ငြိမ်းချမ်းရေးဆိုတဲ့ နည်းလမ်းနဲ့ပဲ အဖြေရှာ စေလိုကြောင်း။

၂။ စစ်ဘေးကြောင့် ဆင်းရဲဒုက္ခတွေရောက်နေကြရတဲ့ မိဘပြည်သူတွေ၊ အမျိုးသမီး၊ ကလေး၊ သက်ကြီး ရွယ်အိုတွေကို လိုအပ်တဲ့ အကူအညီတွေကိုပေးဖို့ မျှော်လင့်ကြောင်း။

၃။ သမ္မတကြီးရဲ့ အစိုးရသစ် အနေနဲ့လည်း နိုင်ငံသားတွေရဲ့ ဘ၀သစ် ဖော်ဆောင်မှု အပြောင်း အလဲတွေကိုလည်း အများကြီး လုပ်နေလို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဂုဏ်ရှိန်မြင့်တက်နေတာ ဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့လည်း ပြည်သူတွေကို မျက်ကွယ် မပြုစေလို ကြောင်း။

၎။ ကချင်ပြည်နယ်ဆိုတာကလည်း ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေသခံ ကိုယ်စား လှယ်တွေနဲ့ ပြည်နယ်အစိုးရသစ်ကို ထူထောင်နိုင်နေပြီဖြစ်တဲ့အတွက် ကချင်တိုင်းရင်းသားတွေရဲ့ အကျိုး ဖြစ်ထွန်းဖို့ကို ပြည်နယ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှ တခြားဖွံ့ဖြိုးရေး အပိုင်းတွေကို ဆက်လက် လုပ်နိုင်ကြမှာ ဖြစ်တဲ့အတွက် ကချင်တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ကြိုးပမ်း နေတဲ့ လူကြီးမင်းတို့ရဲ့ ဆန္ဒက ကြီးမား ကျယ်ပြန့်နေပြီ ဆိုတာကို သဘောပေါက်သင့်ကြောင်း။

၅။ ကချင် တိုင်းရင်းသားတွေနဲ့ အခြားညီနောင် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုတွေ တည်ဆောက်ဖို့ကို လက်နက်ကိုင် ပဋိပက္ခတွေပြေငြိမ်းမှ ဖော်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ လူကြီးမင်းတို့ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးနဲ့ ဘ၀လုံခြုံရေးကို ဆန္ဒပြင်းပြနေတယ်ဆိုတာ သံသယလုံးဝမဖြစ်ကြောင်း။

၆။ လူကြီးမင်းတွေကို အကြံပေးချင်တာက ကချင်တိုင်းရင်းသားတွေက Jinghpaw Wunpawng amyu ဆိုတဲ့ အိမ်ထောင်စုကြီးတစ်ခု တည်ထောင်ခဲ့ကြပြီးဖြစ်ကြောင်းနဲ့ အဲဒီ Wunpawng amyu အမည်နာမကြီးကိုလည်း ၁၉၆၀ခုနှစ် အစပိုင်းလောက် ကတည်းက ဖြုပ်ပစ်ခဲ့ကြပြီးတော့ ၁၉၆၈ခုနှစ် နောက်ပိုင်းမှာလည်း Jinghpaw ဆိုတာကို ထပ်ဖြုပ်ခဲ့ထားခဲ့ကြပြန်တယ်။ အခုခေါ်နေတဲ့ Wunpawng ကို တိုင်းရင်းသားလူမျိုးတွေရဲ့ မူရင်းနာမည်နဲ့ အစားထိုးမှာ မဟုတ်တဲ့အတွက် မူလ Jinghpaw Wunpawng amyu ဆိုတာကိုပဲ မူလအတိုင်း အတည်ဖြစ်စေသင့်ကြောင်း။

၇။ ဘယ်လိုပယောဂတွေပဲ ၀င်ရောက်ပါစေ၊ ပြည်ထောင်စု အတွင်းမှာရှိတဲ့ အစိုးရနဲ့ပဲဖြစ်ဖြစ်၊ လူမျိုး အချင်းချင်းပဲဖြစ်ဖြစ် ရန်သူတွေလိုတော့ ခံယူဖို့မသင့်လျော်ကြောင်း၊ နိုင်ငံအတွင်းမှာ ခေတ်မှီတိုးတက်ဖို့ကိုပဲ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လှည့်ပြောင်းမှုကို ဦးဆောင်ကြပါလို့ မေတ္တာရပ်ခံထားပါတယ်။

ဦးဇခုန်တိန့်ယိန်း က ကေအိုင်အေ ခေါင်းဆောင်များအား အခုလို ငြိမ်းချမ်းရေး လက်မခံဘဲ လက်နက်အားကိုးနဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရပြီး လူထုကလည်း ဆန့်ကျင် မှာ ဖြစ်ပါတယ်။ အစိုးရ ပြောင်းလဲလာပြီဖြစ်လို့ ကေအိုင်အေခေါင်းဆောင်တွေရဲ့ အတွေးအခေါ် အယူ အဆတွေလည်း ပြောင်းလဲဖို့ လိုအပ်ကြောင်း နဲ့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို လစ်လျူရှုနေဖို့ မသင့် ကြောင်း ပြောကြားခဲ့ပါတယ်။ ကချင်တိုင်းရင်းသားများ စည်းရုံး နေထိုင်ကြရန်ဖြစ်ပြီး အစိုးရနဲ့ဖြစ်စေ၊ လူမျိုး ချင်းဖြစ်စေ ရန်သူတွေ အဖြစ်ခံယူရန် လုံးဝ မသင့်လျော်ကြောင်း ပြည်သူတွေ ကိုယ်စား ကေအိုင်အေ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

Myanmar Express မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free