၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာ လက်နက် တင်သွင်းခွင့် ပိတ်ခံထားရတဲ့ နိုင်ငံများကြားထဲမှာ လက်နက် အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံဟာ မြန်မာ ဖြစ်တယ်လို့ မနေ့က Oxfam Aid Agency က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။


ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း လက်နက် တင်သွင်းခွင့် ပိတ်ပင်ခံထားရတဲ့ ကမ္ဘာ့ နိုင်ငံများထဲမှာ မြန်မာ နိုင်ငံဟာ လက်နက် အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၀၀ ခန့် တန်းဖိုးရှိတဲ့ လက်နက်တွေကို ၀ယ်ယူ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အီရန်နိုင်ငံဟာ ၂၀၀၇ ကနေ ၂၀၁၀ အတွင်း အမေရိကန် ဒေါ်လာ ၅၇၄ သန်းဖိုး ၀ယ်ယူ တင်သွင်းခဲတဲ့ အတွက် မြန်မာ ပီးရင် ဒုတိယ လက်နက် တင်သွင်းတဲ့ နိုင်ငံ ဖြစ်တယ်လို့ အဲဒီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

တတိယ နေရာက လိုက်တဲ့ နိုင်ငံကတော့ ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံ ဖြစ်ပြီး ၂၀၀၀ ကနေ ၂၀၀၂ ခုနှစ်ထိ အမေရိကန် ဒေါ်လာ ၁၂၄ သန်းဖိုး ၀ယ်ယူတင်သွင်းခဲ့တယ်လို့ ပြောပါတယ်။

၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်တွေ အတွင်း တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ ကြားထဲက လက်နက်တွေ တင်သွင်း ခဲ့ကြတဲ့ ပမာဏဟာ ကမ္ဘာ တ၀န်းလုံးမှာ အမေရိကန် ဒေါ်လာ ဘီဘီယံ ၂ ဒဿမ ၂ ကျော် ဖိုးရှိတယ်လို့ အဲဒီ အဖွဲ့က ထုတ်ဖေါ် ပြောဆိုပါတယ်။

Oxfam Aid Agency ကထုတ်ပြန်တဲ့ "The Devil Is In The Detail" အစီရင်ခံစာမှာ ခုလို မြန်မာကို လက်နက် အများဆုံး တင်သွင်းတဲ့ နိုင်ငံ တစ်ခု အဖြစ် ဖေါ်ပြထားသလို ကမ္ဘာမှာ လက်နက် မှောင်ခို တင်သွင်းမူဟာ စားသုံးသူတွေ အတွက် တင်သွင်းတဲ့ တခြား ငှက်ပျောသီး၊ ကော်ဖီ၊ ကိုးကိုးမူန့်တွေ တင်ပို့တာ ထက်တောင် လွယ်နေသေးတယ်လို့ ဖေါ်ပြပါတယ်။

ခုလို တရားမ၀င် လက်နက် တင်ပို့မူကို ထိရောက်စွာ မဟန့်တားနိုင်ဘူးဆိုရင် ကမ္ဘာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အခြေအနေ ပိုမို ဆိုးရွား လာနိုင်တဲ့ အတွက် ချမှတ်ထားတဲ့ ဥပဒေတွေကို ဒီထက် ပိုမို ခိုင်မာအောင် ပြုလုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဆင်းရဲတဲ့ နိုင်ငံတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ နိုင်ငံတွေနဲ့ လောင်စာဆီကြောင့် စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေဆီကို တရားမ၀င် လက်နက်တွေ တင်သွင်းနေတာကို အမြန်ဆုံး ရပ်ဆိုင်းပစ်ဖို့လိုတယ်လို့လည်း အစီရင်ခံစာက တိုက်တွန်းဖေါ်ပြပါတယ်။

Narinjara မြန်မာမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free