မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျှက်ရှိသော်လည်း ယခုလောလောဆယ် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကြောင့် ယခုလပိုင်းအတွင်း အဓိကလမ်းမကြီးများပေါ်ရှိ အိမ်ခြံမြေဈေးနှုန်း မြင့်တက်ကာ အရောင်းအ၀ယ်သွက်လျှက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများသည် ဧပြီလလယ်ပိုင်းမှ စတင်မြင့်တက်လာခဲ့ပြီးနောက် ယခုလပိုင်းတွင် သိသိသာသာ အရောင်းအ၀ယ်ဖြစ်လျှက်ရှိသည်ဟု ၎င်းတို့က ဆိုသည်။

“ကားအရောင်းပြခန်းဖွင့်မယ့်သူတွေ၊ ဟိုတယ်သမားတွေ မြေငှားတာတွေ ၀ယ်တာတွေတော်တော်လေး ဖြစ်နေတယ်။သူတို့တွေကတော့ လုပ်ငန်းလိုအပ်ချက်အရ လမ်းမကြီးတွေပေါ်က ခြံကျယ်ကျယ်တွေကို ၀ယ်ကြ ငှားကြတယ် ”ဟု ဖိုးပြည့်ဝ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဝေယံကပြောသည်။

သင်္ကြန်မတိုင်မီကာလက အဓိက လမ်းမပေါ်ရှိ သိန်း ၈၀၀၀ ၀န်းကျင်ရှိမြေကွက်များသည် ယခုအခါ သိန်း တစ်သောင်းဝန်းကျင်ရောက်သည်အထိ မြင့်တက်သွားကြောင်း ဥပမာတခုပေး၍ရှင်းပြသည်။

သိန်းသောင်းဂဏန်းဖြင့် အရောင်းအ၀ယ်ဖြစ်နေသော မြို့နယ်များမှာ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်း၊ ဒဂုံ၊ လှိုင်မြို့နယ်တို့ဖြစ်ပြီး၊ သင်္ကန်းကျွန်း၊သုဝဏ္ဏ၊ တောင်ဥက္ကလာမြို့နယ်များတွင်မူ သိန်းတစ်ထောင်မှ သုံးထောင်ကြား တန်ဖိုးရှိသည့် အိမ်ခြံမြေကွက်များ အရောင်းအ၀ယ်ကောင်းမွန်နေကြောင်း လည်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးနည်းအိမ်ခြံမြေဈေးကွက်သာမက တန်ဖိုးမြင့် အိမ်ခြံမြေဈေးကွက်များပါ အရောင်းအ၀ယ်ကောင်းမွန်နေပြီး ဈေးနှုန်းများမှာလည်း လွန်ခဲ့သော တစ်လကျော်ကထက် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးကပြောသည်။

“မေလဆန်းကစပြီး လုံးချင်းအိမ်ခြံမြေတွေ အရောင်းအ၀ယ်သွက်လာတယ်။ သိန်းဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းကနေ အခုဆိုရင် သောင်းဂဏန်းအထိပါ ဈေးစကားပြောကြ၊ အရောင်းအ၀ယ် တည့်သွားကြတဲ့အထိရှိတယ်။ အားလုံးသူ့ဈေးနှုန်းနဲ့သူ အရောင်းအ၀ယ်ဖြစ်နေတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိလှုပ်ရှားနေသော အိမ်ခြံမြေဈေးကွက်သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းလုပ်ကိုင်ရန် မြေနေရာ ရှာဖွေမှုများကြောင့်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံများကြောင့် အိမ်ခြံမြေဈေးကွက် သိသိသာသာ လှုပ်ရှားခြင်းမရှိသေးကြောင်း အကျိုးဆောင်များကပြောသည်။
မကြာမီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတရပ် အတည်ပြုရန်ရှိနေပြီး ယခုလောလောဆယ်တွင်လည်း နိုင်ငံသား အမည်ခံ ပြည်ပလုပ်ငန်းရှင်များ၏ စီးပွားရေး လုပ်ငန်းများအား နိုင်ငံခြား ကုမ္ပဏီသို့မဟုတ် လုပ်ငန်းရှင်ကိုယ်တိုင် အမည်ဖြင့် ပြောင်းလဲရန် အစိုးရကဖွင့်ထားပေးလျှက်ရှိသည်။
သင်္ကြန်အပြီးတွင် ဥရောပ သမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို တနှစ်ဆိုင်းငံ့လိုက်ကာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအနက်မှ ရင်းနှီးမြှုပ်နံမှု အသစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုတို့ကို ယခုရက်ပိုင်းအတွင်း ရုပ်သိမ်းပေးလိုက်ပြီဖြစ်သည်။         ။ Copy From YPI

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free