၂၀၁၂ ခုနှစ် နွေရာသီသည် ဝေဒပညာ ရှင်များ၏ သင်္ကြန်စာနှင့် မိုးလေ၀သနှင့် ဇလဗေဒပညာရှင်များ၏ အဆိုအရ ယခု  တလောအပူချိန်လွန်ကဲမည်ဟု သိရသည်။
ယခုလို ပူပြင်းတဲ့နွေရာသီရဲ့ ရက်လေး တစ်ရက်မှာ ဖိုးသိချင်တစ်ယောက် သတင်း  လေ့လာရန် ခရီးထွက်မည်ဟု စဉ်းစားထား  သည်။
ပြီးခဲ့သည့် မေလ (၂) ရက်နေ့က ယမ်းငွေ့ကြား၌ သတင်းစပ်စုလိုသော ဖိုးသိချင်သည် ကချင်ပြည်နယ်သို့ထွက် ခဲ့၏ မိုးညှင်းသို့ရောက်သောအခါ မိမိတို့ အား လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ခေတ္တ နားကြ၏။
ထိုစဉ် မီးသတ်ကားတစ်စီးရပ်ထား သည်ကို တွေ့သောကြောင့် ပြူးပြူးပြဲပြဲ ကြည့်မိရာ မီးသတ်ခင်ဗျာအင်ဂျင်မရှိဘဲ ဒီအတိုင်းရပ်ထားသည်ကို ပြည်ထောင်စု လမ်းမကြီးဘေးသာစည်ရပ်ကွက်၌ တွေ့ လိုက်ရသည်။
ဖိုးသိချင်တို့ ဗီဇအတိုင်းစပ်စုကြည့် ရာ ၎င်းမီးသတ်ကားအား နွေရာသီရောက် လာပြီဖြစ်သောကြောင့် မြို့မိမြို့ဖများမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် အတွက် မြန်မာကျပ်ငွေ (၃၈)သိန်းကျပ် ခန့် စုပေါင်းထည့်ဝင်ကာ ရွှေမိုးညှင်း (ဆိုင်အပိုပစ္စည်းအရောင်းဆို)မှ ဦးမြင့်အေး  အား ဦးစီးစေလျက် ပြင်ဆင်ပေးထားသော  မီးသတ်ကားဖြစ်သည်ဟု သိရသည်။ ပြီး ခဲ့သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့က ပြင်ဆင်ပြီးဖြစ်သည်ဟု မြို့ခံ တစ်ဦးမှပြောပြသည်။
ပြင်ဆင်ပြီး (၅) ရက်ခန့်အကြာတွင် မီးသတ်မှအရာရှိတစ်ဦးတက်မောင်းရာ ရေတိုင်ကီရေပြတ်ပြီးအင်ဂျင်ကွဲသွားသော ကြောင့် လမ်း—-၌ ရပ်ထားကြောင်း သိရသည်။
မီးသတ်ဌာနအနေဖြင့်လည်း ပြန်လည်ပြုပြင်ခြင်းမရှိဘဲ ယနေ့ထိမြင် တွေ့နေရပါသည်။ ယခုမြင်တွေ့ရသော မီးသတ်ထားအပြင် ဂျီအမ်စီ မီးသတ်ကား တစ်စီးလည်းရှိသေးကြောင်း ၎င်းမှ ဆင်ဘို လမ်းဘေးတွင် ယခုထိ အပျက်အတိုင်းရှိ နေပါသေးသည်ဟုလည်း သိရသည်။
မိုးညှင်းမြို့မှ စေတနာရှင်မြို့မိမြို့ဖ (၈၀) ဦးခန့်စုပေါင်း၍ ““အရန်မီးသတ်တပ်  ဖွဲ့”” ဟူ၍ ကော်မတီအဖွဲ့ဝင်များနှင့် ဖွဲ့စည်း  ထားကြောင်း၊ ““အရန်မီးသတ်တပ်ဖွဲ့”” ပိုင် အဖြစ် တရုတ်နိုင်ငံလုပ်ရေဂါလံ (၆၀၀) ဆန့် တုံဖုံးမီးသတ်ကားတစ်စီးအား ပြုပြင် ထားရှိပြီး မြန်မာငွေကျပ် (၁၆၈) သိန်း ကျော် ကုန်ကုကြောင်းလည်း သိရသည်။
မိုးညှင်းမြို့ရှိ မီးသတ်ကား (၆) စီး ဖြစ်သော (၁) ပိုလန်စတားအမျိုးအစား (၁) စီး (ပြည်ထောင်စုလမ်မးကြီးဘေးတွင်   ရပ်ထား) (၂) တိုယိုတာအမျိုးအစား (၁) စီး (မီးသတ်ဌာနတွင် ပြုပြင်ဆဲ) (၃) ဂျီအမ်စီအမျိုးအစား (၁)စီး (ဆင်ဘိုလမ်း  ဘေးတွင် အပျက်အတိုင်းရပ်ထား) (၄) ကန်ဒါအမျိုးအစား (၁)စီး (နေပြည်တော် မှ ထုတ်ယူလာသောကားသစ်) (၅) လင်ခရူဆာဂျစ် (၁)စီး (မီးသတ်ဌာနတွင်  အပျက်အတိုင်းရှိ) (၆) တုံးဖုံအမျိုးအစား (၁)စီး (အရန်မီးသတ်တပ်ဖွဲ့ပိုင်) စုစုပေါင်း  (၆)စီးရှိသည်ဟု သိရသည်။
ထိုသို့ မီးသတ်ကားမြောက်များစွာ ရှိနေသော်လည်း လက်တွေ့အသုံးပြု၍ ရသော ကားများမှာ မီးသတ်ဌာနမှ (၁) စီး၊ အရန်မီးသတ်တပ်ဖွဲ့ (၁)စီး၊ စုစုပေါင်း (၂) စီးသာရှိသောကြောင့် ဒေသအရန် စီးသတ်တပ်ဖွဲ့အနေဖြင့် မီးသတ်ဦးစီးဌာန  မှ ပြုပြင်ခြင်းမရှိသော ကားများအား ဒေသအရန်မီးသတ်တပ်ဖွဲ့သို့ လွှဲပြောင်း  ပေးပါက အရန်မီးသတ်တပ်ဖွဲ့အနေဖြင့် တာဝန်ယူပြီး အသုံးပြုနိုင်ရန် ပြင်ဆင် သွားမည်ဖြစ်ကြောင်း ဒေသအရန်မီးသတ်  တပ်ဖွဲ့တွင်သာထားရှိရန် တင်ပြတောင်း ဆိုထားသည်ဟု ကော်မတီအဖွဲ့ဝင် (၁) ဦးမှ ဆိုသည်။
မိုးညှင်းမြို့မိမြို့ဖတို့၏ မြို့အပေါ် ထားရှိသော စေတနာနှင့် မြို့ကိုချစ်တဲ့ မြို့ချစ်စိတ်ဓာတ်အား ဖိုးသိချင်အနေဖြင့်  လေးစားချီးကျူးမိသည်မှာ အမှန်ဖြစ်ပါ သည်။
မြန်မာစကားပုံ၌ ပျက်အစဉ်ပြင်ခဏ  ဟုဆိုငြားသော်လည်း အစဉ်ပျက်နေသည့်  မီးသတ်ကားအားအဘယ်ကြောင့် တစ်ခဏ ချင်းမပြုပြင်သေးသလဲဟု ဖိုးသိချင်အနေ ဖြင့် လွန်စွာသိချင်နေပါကြောင်း။

ဖိုးသိချင်
Hot News မှ ဖြစ်သည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free