ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ၁၅ ခုမှ ကုလသမဂ္ဂမှ ချမှတ်ထားသော အချက် ၁၀ ချက်ပါဝင်သည့် ကမ္ဘာ့နိုင်ငံများ သဘောတူညီချက် Global Compact ကို မေလ ၁ ရက်နေ့က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း သတင်းရရှိသည်။
''အခုအချိန်မှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲဘက်ကို ဦးတည်ရွေ့လျားနေတဲ့ Transition Period ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေနဲ့အတူ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံကို ၀ိုင်းဝန်းကူညီဖို့ အ သင့်ပါပဲ။ အလားတူပဲ စီးပွားရေးလုပ်ငန်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေလည်း ရှိပါတယ်။ အခု Global compact မှာ အချက် ၁၀ ချက် ပါဝင်ပြီးတော့ ဒီ ၁၀ ချက်ကို ကုမ္ပဏီတွေက လိုက်နာပါမယ်ဆိုပြီး လက်မှတ် ရေးထိုးရမှာပါ။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အ၀န်းအ၀ိုင်းနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ လိုလာတဲ့အခါ လိုက်နာစရာ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ UN နေနဲ့လည်း အကူအညီပေးဖို့ အသင့်ပါပဲ။ စီးပွားရေး လုပ်ငန်းတွေအနေနဲ့တော့ ကျင့်ဝတ်တွေကို လေးစား လိုက်နာဖို့ လိုပါတယ်။ Private Sector တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ တာဝန်ယူမှု အပြည့်ရှိဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ အလုပ်သမားတွေရဲ့ အခွင့်အရေး၊ အထူးသဖြင့် ကလေးငယ်တွေ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ ဒီနေ့ဟာ ကမ္ဘာ့သဘောတူညီရေးကို မြန်မာနိုင်ငံက စပြီးတော့ သဘောတူ လက်မှတ်ရေးထိုးတဲ့နေ့ ဖြစ်တဲ့အတွက် mile stone ဖြစ်ပွားပါပြီ။ နောက်တစ်ခုက  ဘာဝပတ်ဝန်းကျင်ကို လုံခြုံစိတ်ချရစေဖို့ လိုက်နာရမယ့် အချက်တွေကို လက်ခံဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်''ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
''ဒီနေ့ ကုမ္ပဏီတွေက လက်မှတ်ထိုးတဲ့အခါ နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာပါ့မယ်လို့ သဘောတူပြီး လက်မှတ်ရေးထိုးရတယ်။ စုစုပေါင်း ၁၅ ခုပေါ့။ ဒါပေမယ့် ဒီနေ့ အခမ်းအနားမှာ ပေးထားတဲ့ခေါင်းစဉ်က ''promoting Responsible Business in times of transition - Towards Inclusive job creation and Sustainable Development'' လို့ ပေးထားတယ်။ ရေရှည် Sustain ဖြစ်ဖို့အတွက်ဆိုရင်တော့ အဓိကက သစ်ထုတ်တဲ့ ကုမ္ပဏီကြီးတွေ၊ ဥပမာ ပိုးသတ်ဆေးထုတ်တဲ့ ကုမ္ပဏီတွေ၊ အရက်ချက်တဲ့ ကုမ္ပဏီတွေ ပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း Sustainable Development ဖြစ်မှာပါ''ဟု ECO .DEV မှ ဦးဝင်းမျိုးသူက ပြောပြခဲ့သည်။
ယင်းအကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က လတ်တလောတွင် ၎င်း၏ ကုမ္ပဏီအပါအ၀င် ကုမ္ပဏီ၁၅ ခုမှ လက်မှတ်ရေးထိုးလိုက်ကြောင်း၊ နောက်ပိုင်းတွင် အခြားကုမ္ပဏီများလည်း ပါဝင်လက်မှတ် ရေးထိုးလာလိမ့်မည်ဟု ယုံကြည်ကြောင်း၊ အဓိက ၁၀ချက်တွင် သဘာဝပတ်ဝန်းကျင် ကိစ္စတစ်ခုတည်းသာမကဘဲ force labour ကိစ္စ၊ အခြား လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်ကြောင်း ပြောပြခဲ့သည်။
အဆိုပါ Global Compact တွင် principle ၁၀ ခုပါဝင်ပြီး၊ Force la- bour ၊ Child labour၊ Human rights ၊  Environmental နှင့်ပတ်သက်ပြီး ရေရှည်တည်တံ့သော Sustainable development ဖြစ်ရမည့် အနေအထားများကို သက်ဆိုင်ရာ ကုမ္ပဏီ များက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ လက်မှတ်ရေးထိုးသည့် ကုမ္ပဏီများတွင် ဘိလပ်မြေစက်ရုံများ၊ အရက်ချက်စက်ရုံများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လုပ်ငန်းများ ပါဝင်သင့်ကြောင်း သစ်ထုတ်နေရင်းနှင့် ယခုကဲ့သို့ လက်မှတ်ထိုးခြင်းမျိုးမှာ အဓိပ္ပာယ်မရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရှိနေသော သစ်ထုတ်လုပ်သည့် လုပ်ငန်းများအားလုံး Sustainable ဖြစ်သည့် လုပ်ငန်းမျိုး သိပ်မတွေ့ရကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်တစ်ခုတည်းကိုသာ မကြည့်ဘဲ ၎င်းတို့၏ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာများတွင် တာဝန်ယူမှုရှိစေလိုသောကြောင့် UN ဦးဆောင်သည့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများအား ကိုယ်ကျိုးမကြည့်ဘဲ အများအတွက်လည်း တာဝန်ယူစေရန် ရည်ရွယ်ကြောင်း သုံးသပ်ကြပါသည်။
UN Global Compact သည် လူ့အခွင့်အရေး၊ အလုပ်သမားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ခြစားမှု တိုက်ဖျက်ရေးစသည့် မူ ၁၀ ချက်နှင့်အညီ ချိန်ညှိဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်းများအတွက် မဟာဗျူဟာမြောက် မူဝါဒရေးရာ အစီအစဉ်ဖြစ်သည်။
နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ကော်ပိုရေးရှင်းနှင့် အခြားသက်ဆိုင်သူများ ၈၇၀၀ ကျော် ပါဝင်ဆောင်ရွက်နေကြပြီး ကမ္ဘာပေါ်တွင် ကော်ပိုရေးရှင်းတာဝန်ရှိမှုကို စေတနာအလျောက် ဆောင်ရွက်နေသည့် အကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်သည်။

Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free