မေလမှစတင်၍ တိုးမြှင့်ကောက်ခံမည့် မဟာမုနိဘုရားကြီး စောင်းတန်းနှင့် တိုက်တန်းများရှိ ဆိုင်ခန်း အခွန်နှုန်းထားများကို ယခုအခါ ဆိုင်းငံ့ထားလိုက်ပြီဖြစ်ပြီး ဂေါပကအဖွဲ့နှင့် ဈေးသူဈေးသားများ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

''ဆိုင်ခန်းအခွန်ခတွေကို ယာယီဆိုင်းငံ့ထားတာပါ။ အပြီးဆိုင်းငံ့တာမျိုး မဟုတ်ပါဘူး''ဟု ဘုရားကြီးဂေါပကအတွင်းရေးမှူး ဦးစိန်သင်က ပြောပါသည်။

''အခွန်နှုန်းအဟောင်းရော၊ တိုးမြှင့်ကောက်ခံမယ့် နှုန်းထားအသစ် နှစ်ခုလုံးကို ခြောက်လဆိုင်းငံ့တယ်လို့ ကြားတာပဲ။ အတိအလင်း ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဆိုင်းငံ့လိုက်တဲ့အကြောင်း ခေါ်ယူတွေ့ဆုံတာမျိုးလည်း မရှိပါဘူး'' ဟု ဘုရားကြီး မြောက်ဘက်တန်းမှ ဆိုင်ရှင် တစ်ဦးက ပြောကြားပါသည်။

''အခုချိန်ထိတော့ အကြောင်းမကြားသေးသလို ဒီလအတွက် အခွန်ခတွေကို ကောက်ခံခြင်း မရှိသေးပါဘူး။ အားလုံးက ဆက်သွယ်လာမယ့် အချိန်ကိုပဲ စောင့်နေကြပါတယ်''ဟု ဘုရားကြီး အရှေ့ဘက်စောင်းတန်းရှိ ဈေးဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားခဲ့သည်။

မဟာမုနိဘုရားကြီးစောင်းတန်းနှင့် တိုက်တန်းများရှိ ဈေးဆိုင်ခန်းများကို ယခုနှစ် မေလမှစတင်၍ သုံးဆကျော်တိုးမြှင့် ကောက်ခံသွားရန်ဖြစ်ပြီး တိုးမြှင့်သတ်မှတ်ထားသော ဆိုင်ခန်းငှားရမ်းခများမှာ နေရာအလိုက် အနည်းဆုံး ကျပ် ၆၀၀၀ မှ အများဆုံးကျပ် ၁၅၀၀၀ ဖြစ်ပြီး လက်ရှိနှုန်းထားမှာ ကျပ် ၂၀၀၀မှ ကျပ် ၅၀၀၀အထိ ဖြစ်သည်။

weekly eleven မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free