၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတသက်တမ်းပြီးဆုံးချိန်၌နိုင်ငံ ရေးလောကမှ အနားယူတော့ မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်း စိန်အရိပ်အမြွတ်ပြောကြားကြောင်း ဦးကိုကိုလှိုင်က အင်တာဗျူးတစ်ခု တွင်ပြောကြားခဲ့ကြောင်းသိရသည်။
သမ္မတထိပ်တန်း အကြံပေး ဦးကိုကိုလှိုင်နှင့် မေလ(၂)ရက်နေ့ အင်တာဗျူးတွင် ““သမ္မတကြီးက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အခြေခံအုတ်မြစ်ချပေးခဲ့ပြီးပါပြီ။ စပ်ကူးမက်ကူးကြားကာလမှာ တည်ထောင်သူ တစ်ယောက်အ ဖြစ်လည်း ရှိခဲ့ပါပြီ။ ဒါကြောင့် ဒီတစ်ခါရွေးကောက်ပွဲပြီးရင် ငြိမ် ငြိမ်သက်သက်နဲ့ အောင်အောင် မြင်မြင်ပြီးခဲ့ရင်၊ သူလုပ်ခဲ့တဲ့အလုပ် တွေအတွက် ရောင့်ရဲတော့မှာပါ။ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေအ တွက် အခြားခေါင်းဆောင်တွေကို လက်လွှဲပေးတော့မှာပါ””ဟုဆို သည်။
ကျွန်တော်တို့ရဲ့ အရပ်သား၊ တပ်မတော်နှင့် ဒီမိုကရေစီအရေး က အတော်လေးကို နူးညံ့ရပါ တယ်။ အာဏာလွှဲပြောင်းမှုတွေ က နိုင်ငံရေးပါတီတွေနဲ့ တပ်မ တော်ကြားမှာရှိတဲ့ ဆက်ဆံမှုတွေ ပေါ်မှာပဲ မူတည်နေပါတယ်””ဟု သူကဆိုသည်။
““သူက စကားပြောညင်သာ တယ်။ တိတ်တိတ်ဆိတ်ဆိတ်နေ တတ်တဲ့ လူတော်တစ်ဦးပါ။ ဒါပေ မယ့်ဆုံးဖြတ်ချက်သိပ်ခိုင်မာတယ်။ တိုင်းပြည်ကောင်းစားရေးအတွက် ရဲရဲတင်းတင်းပြောဆိုရဲတက်သူပါ”” ဟု ဦးကိုကိုလှိုင်က ဆိုသည်။
သမ္မတအကြံပေး ၉ဦးထဲမှ တစ်ဦးဖြစ်သူ ဦးနေဇင်လတ်က ““သမ္မတကြီးက သူ့ရဲ့အားလပ်ချိန် တွေမှာ စာဖတ်ပြီးနေတတ်သူပါ။ စကားများများပြောလေ့မရှိဘူး””ဟု ဆိုသည်။
Hot News မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati
One Response to this post
  1. Unknown on May 9, 2012 at 4:09 AM
    မဂ်လာပါ ။
    နေတယ်လို့နေရာလိုလိုတွေရပါတယ် ၀ိုင်းဖွဲ့ပြီးအတင်းတုပ်နေတာတော့မဟုတ်
    ဘူးလို့ပြောပါတယ် ။
Leave a comment
Join Free