ထောက်ကြန့်လမ်းဆုံတွင် ညစဉ် ဈေးရောင်းနေသော ဆိုင်ခန်းထောင်ပေါင်းများစွာ တို့ သည် ပြည်လမ်း နှစ်ဖက်စလုံးနှင့် မန္တလေးလမ်းနှစ်ဖက်စလုံး လမ်း လယ်ကျွန်းနှင့်လမ်းကွေ့ကျွန်းများ ကိုပါ  နေ့စဉ်ညနေ ၆း၀၀နာရီမှ နံနက်၆း၃၀အချိန်ထိ လမ်းမကြီး များပေါ်တွင်လမ်းပိတ်၍ဟင်းသီး ဟင်းရွက်အသားငါး စားသောက် ဆိုင်မုန့်မျိုးစုံနှင့် အလှကုန်ကုန် မျိုးစုံ အ၀တ်အထည်များကို ဈေး ကြီးသဖွယ် လမ်းပေါ်ရောင်းချ နေ ခြင်းကြောင့်ယာဉ်ကြောပိတ် ဆို့မှုနှင့် ယာဉ်အန္တရာယ်မကြာ ခဏဖြစ်ပေါ်နေလျက် ရှိပါသည်။ ညပိုင်းဆိုလျှင် ဈေးသည်များ တို့၏ အော်ဟစ်ဈေးရောင်း ချနေသောအသံတို့နှင့် ဈေးသည် များ၏မဆင်မခြင် တွေ့ရာနေရာ တွင်အပေါ့အလေးများ စွန့်ပစ် မှုကြောင့် အဆိုပါနေရာအနီး တ၀ိုက်တွင် မကောင်းသောအနံ့ အသက်ဆိုးများကို အဆိုပါ ပတ် ၀န်းကျင်တွင်  နေထိုင်သူများနှင့် အလုပ်သွားအလုပ်ပြန် ခရီးသွား ပြည်သူများစိတ်အနှောင့်အယှက် ဖြစ်ပြီး နေ့စဉ်ခံစားနေရကြောင်း ဈေးသည်များလမ်းမကြီးပေါ်တွင် အမှိုက်များစွန့်ပစ်ခြင်းကြောင့်  ကြွက်ခြင် ယင်များပေါများနေ တာကို  သက်ဆိုင်ရာတာဝန်ရှိ သူများမှလျစ်လျူရှုပြီး နေရာ အစားထိုးဖော် ဆောင်ပေးခြင်း   မရှိဘဲ နေ့စဉ်ရောင်းချနေသော ဈေးသည် တစ်ထောင်ကျော်မှ နှစ်ရာသုံးရာငါးရာအထိ အမျိုး မျိုးကောက်ခံနေလျက်  ရှိပြီး ရရှိသောပိုက်ဆံ များကိုတော့ နိုင်ငံဘဏ္ဍာထဲမရောက်ပဲ ခွဲဝေ နေကြကြောင်း အများပြည်သူ တို့နှင့် နိုင်ငံတော်တို့ မှာ အဆိုပါ ဈေးသည်များဈေးရောင်းချသော အမှိုက်များ အညစ်အကြေးများ လမ်းပျက်စီးမှုများကို ခံစားနေရ သလို၎င်းတို့နေ့ရော ညပါရောင်း ချနေသော ဂေါက်ကွင်းဈေး လမ်း မကြီးပေါ်ဈေးတို့မှ စွန့်ပစ်သော အမှိုက်များကိုတော့ တာဝန်ကျေ အမှိုက်သိမ်းယာဉ်များဖြင့် သိမ်း ဆည်းနေခြင်းကြောင့် ကျေးရွာ ရပ်ကွက်များရှိ အမှိုက်ကန်များကို တော့ လျစ်လျူရှုထားတာတွေကို တွေ့မြင်နေရကြောင်း မြို့ခံများမှ ပြောကြားနေလျက်  ရှိပါသည်။ ယခင်ကအဆိုပါနေရာတွင်ပန်းခြံ ငယ်လေးရှိပြီးလမ်းနဲ့ မလွတ်ကင်း ဘူးဆိုတာအထိမ်းအမှတ်ကျောက် တိုင်များကြက်ခြေနီရုံးများ၊ ဈေး ဆိုင်တန်းများ ဖယ်ရှားခဲ့ပြီး ပန်းခြံ ငယ်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိနေပြီးမှ အဆိုပါနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုး ရေးပါတီဝင် ဆိုင်ခန်းနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာကော် မတီအတွင်းရေးမှူး (ဟောင်း) ညီအစ်ကို ဆိုင်ခန်းများပေါ် ပေါက်လာပြီးနောက်ပိုင်းလမ်း ပေါ်ဈေးဖြစ်ပေါ်လာရခြင်းဖြစ်  ကြောင်း မြို့ခံများမှ ပြောကြား လျက်ရှိသည်။

Hot News မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free