ကလေးထိန်းဖြစ်သူက ကိုးလသားအရွယ် ကလေးငယ်တစ်ဦးကို သုံးလကျော်ကြာသည်အထိ ဘာမီတွန် တစ်ခြမ်း နေ့စဉ်တိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် အိမ်ရှင်မလွှေ့လွှေ့(၂၅ နှစ်) ရဲတံခွန် တာဝါ ကြည့်မြင်တိုင်မြို့နယ်နေသူသည် အိမ်ဖော်ဖြစ်သူ အေးပြည့်စံ (၁၄နှစ်)၏ေ ပြာပြချက်အရ ဆေးပြား ၄၅ ပြား ကုန်အောင်တိုက်ကျွေးသည့် ဖြစ်ရပ်ကို သိရသည်ဟု ဆိုသည်။
ယင်းကြောင့် မောင်--- မှာ ဘာမီတွန်ဆေးပြား တိုက်ကျွေးမှုကြောင့် ကျန်းမာရေးထိခိုက်ကာ ပြင်ပဆေးခန်းတွင် ကုသရသောကြောင့် အိမ်ဖော်အား အရေးယူပေးရန် တိုင်တန်းမှုအား ကြည့်မြင်တိုင်ရဲစခန်းက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိပါသည်။
အဆိုပါကလေး၏ မိခင်ဖြစ်သူ မလွှေ့လွှေ့က “ကျွန်မက စုနန္ဒာလွင်ကို ကလေးထိန်းအဖြစ်နဲ့ ခေါ်ထားတာ။ သူ့အပြင် အိမ်အကူအနေနဲ့ မအေးပြည့်စံလည်းရှိတယ်။ စုနန္ဒာလွင်က မအေးပြည့်စံကို ကျွန်မ မသိအောင် ငွေတစ်သောင်းပေးပြီး ရွာကို ပြန်လွှတ်လိုက်တယ်။ ကျွန်မကိုကျတော့ မအေးပြည့်စံက သူ့သဘောနဲ့သူ ရွာပြန်သွားတဲ့ပုံစံမျိုးပြောတယ်။ ပြီးတော့ သူလုပ်ထားတာကို သူမလုံတော့ ကျွန်မ ကိုစင်ကာပူသွားပြီး သင်တန်းတက်ဖို့ ရှိတယ်ဆိုပြီး ဧပြီလထဲမှာပဲ အလုပ်ထွက်သွားတယ်။ နောက် မအေးပြည့်စံက အလုပ်မရှိလို့ ကျွန်မဆီကို ပြန်လာပြီး အလုပ်လုပ်ဖို့ လာပြောတော့ ကျွန်မက ဘာလို့ခဏခဏပြန် လိုက်သွားလိုက်လုပ်တာလဲ မေးတော့ မှသူ့သဘောနဲ့ပြန်တာမဟုတ်ဘဲ အဲဒီ အိမ်ဖော်အမျိုးသမီးက ပြန်လွှတ်လို့ ပြန်ရတယ်ဆိုတာ အဲဒီတော့မှသိရတယ်။ ပြီးတော့ ကလေးကို ဆေးတိုက်တဲ့ ကိစ္စကိုပါ သိလိုက်ရတာ။ ကျွန်မသိသိချင်းပဲ သူ့ကို သွားမေးတော့သူ က သူ မလုပ်ဘူး။ ကြိုက်တဲ့နေရာမှာ ဆေးစစ်ကြည့်လို့ရတယ်ဆိုပြီး ပြောတယ်၊၊ ဘာဖြစ်လို့လဲဆိုတော့ကလေး က ညဘက်ဆိုရင် ခဏခဏနိုးတော့ သူအိပ်ရေးပျက်မှာ စိုးတာနဲ့ ကလေး ကိုဆေးတိုက်ပြီး သိပ်တာလို့ မအေးပြည့်စံပြန်ပြောလို့ သိရတယ်” ဟု ပြောကြားခဲ့သည်။

Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free