အင်္ဂလိပ်သက္ကရာဇ် (၁၄.၄.၁၉၁၁) မှာ ကသာနှင့်မော်လူးကို မြို့မြေ (ဒီမာ ကေးရှင်း)လုပ်တယ်လို့ ကသာအရေးပိုင် ရုံးစာရေးကြီးဦးစာရဲ့ လက်ရေးမူမှတ်တမ်း (၁၈၇၄-၁၉၄၉)မှာ ဖတ်ရပါတယ်။ ဒီမာ ကေးရှင်းအဓိပ်္ပာယ်ဖွင့်ဆိုချက်က ဒီမာကိတ်  နယ်မြေသတ်မှတ်ခြင်း အရာဝတ္တလူမျိုး အုပ်စုလုပ်ငန်းတစ်ရပ်ရပ်အပေါ်လည်း ကောင်း၊ မြေဧရိယာအပေါ်လည်းကောင်း သတ်မှတ်ခြင်းဟာ အော့စဖို့အဘိဓာန်က ဖွင့်ဆိုပါတယ်။ ကသာဟာ ပုဂံခေတ် သီရိအနုရုဒ္ဓါဒေ၀လို့ခေါ်တဲ့ အနော်ရထာ မင်း (၁၀၄၄-၁၀၇၇) ရဲ့လက်ထက်၊ ရှမ်း ယွန်းတို့နဲ့ မရောစိတ့်သောငှာ၊ ကင်းမြို့ ကို တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ သမိုင်း ၀င်မြို့လည်းဖြစ်ပါတယ်။ ကသာဟာ မြန်မာမင်းအဆက်ဆက်ဘုရင့်အမိန့်တော် ပြန်တမ်းနဲ့ ခန့်အပ်ခံရတဲ့ မြို့သူကြီးအုပ် ချုပ်တဲ့မြို့လည်းဖြစ်တယ်။ ဒါက ကျွန်တော့် မြို့လေးရဲ့ သမိုင်းကောက်ကြောင်းအကြမ်း  ပါ။ (၁၈၈၅)မှာ အင်္ဂလိပ်လက်အောက်ကို တစ်ပြည်လုံးရောက်ခဲ့ရပါပြီ။ မန္တလေး နေပြည်တော်ကိုသိမ်းပြီး၊ အထက်မြန်မာ ပြည်ကို ဧရာဝတီအတိုင်းဆန်တက်လာ ကြပါတယ်။ လက်နက်ချသွားတဲ့ ““မြတောင်”” အပိုင်စားရတဲ့ မြတောင်ရွာမှာ စစ်အုပ် ချုပ်ရေးကိုစတင်ပါတယ်။
သမိုင်းပါမောက္ခဒေါ်နီနီမြင့်ရဲ့ ကိုလိုနီခေတ်ဦးမြန်မာ့တော်လှန်ရေးသမိုင်း စာအုပ်မှာ အင်္ဂလိပ်တို့၏ရွိုင်ရယ်ဝေလ တပ်ရင်းစစ်သင်္ဘောတွေဟာ မန္တလေးမှ ဗန်းမော်အထိအခုအခံအထိအခိုက်မရှိပဲ ဆန်တက်လာနိုင်ကြသည်လို့မှတ်သားမိဖူး ပါတယ်။
(၁၈၈၆)မှာ အင်္ဂလိပ်က ကသာ အပါအ၀င်အထက်အညာကို “မြတောင်” ကနေ အုပ်ချုပ်ခဲ့ရာမှ ၀န်းသိုစော်သွား ဦးအောင်မြတ်၊ မက္ခရာမင်းသားကြီးရဲ့ သားတော်စောရန်ပိုင်တို့ရဲ့ တော်လှန်ရေး အရှိန်အဟုန်ပြင်းထန်လာသောကြောင့် စစ်အုပ်ချုပ်ရေးအခြေစိုက်ကို မြတောင် ကနေ ကသာကို ရွှေ့ပြောင်းလိုက်ပါတယ်။ ရွေ့ရခြင်းအကြောင်းထဲမှာ ၀န်းသိုစော်  ဘွားရဲ့တော်လှန်ရေးကို နှိပ်နင်းဖို့၊ စစ် လက်နက်ရိက္ခာအထောက်အပံ့အလျှင် အမြန်ပိုအပ်ချက်အရ (၁၈၉၁) ခုမှာ ကသာ-နဘားမီးရထားလမ်းကို အပြီး ဖောက်ပြီး မန္တလေး- ရွှေဘို- မြစ်ကြီးနား ရထားလမ်းနဲ့ ဆက်ပါတယ်။သမိုင်း သက်္ကရာဇ်အရ ခေတ်ဦးနယ်ချဲ့တော်လှန် ရေး(၈)နှစ်ကာလအတွင်းအဖြစ်တွေပါ။
ကသာမှာ ““စစ်ဝင်းဆိပ်”” ဆိုတဲ့ အရပ်ရှိတယ်။ ယခုမီတာ (၄၀၀) အားကစားကွင်း၊ မြစ်ကမ်းနားကဒေါင်းချိုး ကွေ့ကာ ဂေါ်ရခါးတပ်၊ အနောက်ဘက် ပန်းခြံအကွေ့ မူစလင်တပ်ချထားလို့ စစ်ဝင်ဆိပ်လို့တွင်ခဲ့တာ။ ရှေးက အဲဒီနေရာ မှာ လေသာဘုန်းတော်ကြီးကျောင်းရှိ တယ်။ စစ်တပ်တွေအတွက် အင်္ဂလိပ်က မြေသိမ်းယူပြီး ယခုတောင်ပေါ်ကျောင်း ကို ရွေ့တယ်။ အုဋ္ဌ်လှေခါးစောင်းတန်းမှာ အင်္ဂလိပ်စာသက္ကရာဇ်တွေ တွေ့နေသေး တယ်။ ပထမမန်လည်ဆရာတော်ဘုရား ကြီးရဲ့ လေးထပ်ကျောင်းဝင်းထဲကို အင်္ဂလိပ်က မီးရထားဖောက်လို့သာသနာ့ ၀တ္ထကမြေအတွက် ““ပါတော်မူ ငိုချင်းလင်္ကာ  ကြီး”” ကို ရေးဖွဲ့ခဲ့တာ။ ကျွန်တော့်မြို့လေး ရဲ့ သမိုင်းအခင်းအကျင်းပုံကြမ်းကနေ စစ်သင်္ချိုင်းဟောင်းကို ဆက်ကြရအောင်။
လေးထပ်ကျောင်းရဲ့ တောင်ဘက်မှာ ရှေးကဗောဓိကျောင်းဆိုတာရှိရဲ့။ အင်္ဂလိပ် က ကျောင်းကိုဖျက်ဝတ္တကမြေကိုသိမ်းပြီး အကျဉ်းထောင်ဆောက်လုပ်လိုက်တယ်။ (၁၈၉၄) ခုမှာ နယ်ချဲ့တော်လှန်ရေးသမား  ဗိုလ်မှတ်ကို ကြိုးပေးကွပ်မျက်ခဲ့တယ်။ အထက်အညာမျာဝန်းသိုစော်ဘွားနဲ့ စောရန်ပိုင်ကြံညှပ်သူကြီးဦးကိုးရ၊ သက်ပန်း ဆရာတော်ဦးကေတုတို့ရဲ့ လှုပ်ရှားပုန်ကန်  မှု (၁၅) နှစ်ကျော်ထိရှိခဲ့တယ်။
အင်္ဂလိပ်စစ်သင်္ချိုင်းမှာ တွေ့ရတဲ့ မာဘယ်(လ်)ကျောက်မှတ်တိုင်က သက္ကရာဇ် ကိုကြည့်လိုက်တော့ (၁၉၈၁) သေဆုံးလို့ တွေ့ရတယ်။ ဒုတိယကော်မရှင်နာမင်းကြီး ပါ။ (LONLOVING MEMORY-GHBARNARDESO-OF GLOCESTER ENGLAND WHO DIED APRI 24 TH  1891- AGE 28-TO LIVE IN HEARTS WELEAVE BGHNE IS NOTTO DIE) လို့တွေ့ရပါ တယ်။ ပုလိပ်အရာရှိတစ်ယောက်ရဲ့ မှတ်တိုင်ရွိုင်ရယ်ဝေလတပ်သားတွေ့ရဲ့ မှတ်တိုင်တွေနဲ့အတူ (အမ်နိုးဆိုးဂျား) မှတ်တိုင်ပါတွေ့ရပါတယ်။ ဒီလိုအစုအဖွဲ့ နဲ့ တွေ့ရတော့ ရိုးရိုးသေဆုံးတာမဟုတ် နိုင်ဘူး။ ကျဆုံးကြတာလို့ ထင်ပါတယ်။ တိကျတဲ့သမိုင်း ကွင်းဆက်ကတော့ပျောက် နေလေရဲ့။ ဘာပဲဖြစ်ဖြစ်နှစ် (၁၂၀) ကျော်က အင်္ဂလိပ်စစ်သင်္ချိုင်းဟောင်းလေး ကို ခြုံနွယ်ပိတ်ပေါင်းတွေကြားက ပြုပြင် မွမ်းမံလိုက်ကြရင်ဖြင့် ကသာမြို့ရဲ့ အနှေး  ယာဉ်လေးတွေအတွက်ရောကျဆုံးသူတွေ ရဲ့ သားစဉ်မြေးဆက်တွေအတွက်ရော ပွင့်လင်းလာမယ့်ခရီးသွားလုပ်ငန်းအတွက် ရော အကျိုးများစရာရှိမယ်လို့ထင်မိပါ တယ်။


Hot News မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free