ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂက်စ်ပိုက်လိုင်းစီမံကိန်းအတွက် ပြင်ဦးလွင်မြို့သဲဘိုးရေ ရပ်ရှိ အာရှအလင်းရောင်းကျောင်းတိုက်ပိုင် သာသနာ့မြေ(၅)ဧကကျော် သိမ်းဆည်းခြင်း ခံရသည်ဟု ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တစိန္တိတ က မိန့်ကြားသည်။

“အသိမ်းခံရတဲ့အထဲမှာ ဘုန်းကြီးကျောင်းနဲ့ ရွာသုံးရွာအတွက် အဓိကရေပေးဝေနေတဲ့ ရေစစ်ကန် လည်း ပါသွားတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ကျောင်းပိုင်မြေကို ဖြတ်ကျော်၍ ဂက်စ်ပိုက်လိုင်း မဖောက်လုပ်မီ ပိုက်လိုင်းတာဝန်ခံများက ဆရာတော်အား လာရောက်လျှောက်ထားစဉ်က ကျောင်းတိုက်နှင့် ရွာများအတွက် အဓိက လိုအပ်သည့် ရေစစ်ကန်ကို ရှောင်ကွင်း၍ ဖောက်လုပ်သွားမည်ဟု ကတိပေးပြောကြားခဲ့သော်လည်း ဆရာတော် ခရီးသွားနေစဉ် ရေစစ်ကန်ကို မြေထိုးစက်ဖြင့် ထိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်ဟု အောင်ချမ်းသာကျေးရွာမှ ဦးကျော်ရှိန်က ပြောသည်။ သိရသည်။

ရွာများနဲ့ ဘုန်းကြီးကျောင်းအတွက် အဓိကရေပေးဝေနေသော ရေစစ်ကန်ပျက်စီးသွားသည့် အတွက် ကျောင်းထိုင်ဆရာတော်သည် ဂက်စ်ပိုက်လိုင်းဖောက်လုပ်လျှက်ရှိသည့် တရုတ်ကုမ္စဏီအား ခေါ်ယူတွေ့ဆုံပြီး ရေလိုအပ်ချက်အတွက် ဆောင်ရွက်ပေးရန် ကတိစာချုပ်တစ်ရပ် ချုပ်ဆိုထားကြောင်းလည်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

“ကျောင်းနဲ့ ရွာတွေအတွက် အမြဲတမ်းရေရအောင်လုပ်ဖို့ ကတိစာချုပ်တစ်ခု တရုတ်ကုမ္စဏီနဲ့ချုပ်ဆို ထားတယ်။ ရေရအောင် လုပ်မပေးနိုင်ရင် ဂက်စ်ပိုက်လိုင်းကိုလည်း မချဖို့နဲ့ မြေမမြှုပ်ဖို့ ကတိတောင်း ထားပါတယ်”ဟု ကျောင်းထိုင်ဆရာတော်က ၀ိုင်ပီအိုင်သို့ မိန့်ကြားသည်။

ဂက်စ်ပိုက်လိုင်းလမ်းကြောင်းဖောက်လုပ်ရာတွင် ပြင်ဦးလွင်မြို့နေ တရုတ်လူမျိုးများပိုင်ဆိုင်သည့် ကြက်မွေးမြူရေးလုပ်ငန်း အဆောက်အဦးအချို့ကို ၀ယ်ယူရန် ကမ်းလှမ်းသည့်အခါ သိန်းသောင်းနှင့်ချီတောင်းခံသဖြင့် ယင်းနေရာကို ရှောင်ကွင်းကာ အနီးရှိ ဘုန်းတော်ကြီးကျောင်းပိုင် ရေစစ်ကန်အား ဖြတ်သန်းဖောက်လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။            ။
အာရှ အလင်းရောင်ကျောင်းတိုက် ပိုင်မြေတွင် ရှိသည့် ရေစစ်ကန်အား ဖြတ်ဖောက်လုပ်ထားသည့် ဂက်စ် ပိုက်လိုင်းကို မေလ၁၉ ရက်နေ့က တွေ့ရစဉ်။ (သတင်းဓါတ်ပုံ-ကျော်သူရမျိုး YPI )


YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Unknown on May 21, 2012 at 3:56 AM

    မဂ်လာပါ ။
    လူများတော့နှင့်ဆန့်ကျင်တဲ့ပြိုင်ဘက်ဖြစ်ခဲ့ကြတဲ့စကားတခွန်းလောက်ပြော
    ချင်ပါတယ် အစကနဦး စစ်အင်ပါယာကိုအာဆီရီးယန်းတောကစတင်တည်
    ခဲ့ကြသည်ဟု လူသားသမိုင်းတွင်ပါရှိပါတယ် ။
    သာသနာပိုင်ဆိုတဲ့သာသနာတွေကိုးကွယ်ကြဖို့စတင်ဝင်ရောက်ချိုန်တွေကို
    အစကနဦး(.... ) အိန္ဒိယနှိင်ငံ ကာလာကတ္တားတက္ကသိုလ်တွင်သင်ကြား
    ဖူးပါတယ် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာထက်ခန့်က ၀ိပဿှီ အမည်ရှိ
    ဘုရားသခင်ပွင့်တော်မူခဲ့ပါသည်တဲ့ ။
    ညီညီ တော့လေး (ဦးလေး က၀ိန်ဒ ) အိန္ဒိယ နှိင်ငံပါဠိတက္ကသိုလ်
    တွင်ဘွဲ့ရပြီး မြန်မာနှိင်ငံ မန္တလေးတိုင်းတွင်စာသင်ပေးခဲ့ပါတယ် ညီညီ
    တော့တလုံးမှမတွေ့လိုက်ရပါ ။ ဖြစ်ခဲ့သည် ရှိခဲ့သည်အေးဒါတွေကပါ ပါ
    တယ် ။

Leave a comment

Join Free