574
ထိုင်ဝမ်နိုင်ငံ အခြေစိုက် HTC ကုမ္ပဏီ၏ CEO Peter Chou (မြန်မာအမည် ဦးဝင်းသန့်)သည် ဇာတိ မန္တလေးမြို့သို့ အလည်အပတ် ပြန်လည်လာရောက်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံမှုကို မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်များ အသင်းနှင့် လုပ်ငန်းရှင်များ အသင်းခန်းမ၌ မေ လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် မိုဘိုင်းဖုန်းများ ထုတ်လုပ်မှုကြောင့် နာမည် ကျော်ကြားသော HTC ကုမ္ပဏီ၏ CEO ဖြစ်သူ Peter Chou  (မြန်မာ အမည်-ဦးဝင်းသန့်) က သူ၏ ငယ်ဘ၀ဖြတ်သန်းမှုများ၊ HTC ကုမ္ပဏီ သမိုင်းကြောင်းနှင့် ကြိုးစားအားထုတ်မှု အပိုင်းများကို ရှင်းလင်း ပြောကြားသွားခဲ့သည်။
HTC ကုမ္ပဏီ၏ CEO ဖြစ်သူ  Peter Chou  (မြန်မာအမည်-ဦးဝင်းသန့်)မှာ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးဖြစ်ပြီး မွေးရပ်ဇာတိမန္တလေးမြို့တွင် နေထိုင်စဉ်က KMD တည်ထောင်သူ ဦးသောင်းတင်၊ MCPA (မန္တလေး)၏ နာယကဖြစ်သူ ဦးသိန်းထွတ်တို့နှင့်အတူ ဒေသကောလိပ် တက်ရောက်ခဲ့ပြီး ဒုတိယနှစ်အပြီးတွင် ထိုင်ဝမ်သို့ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တွင် နေထိုင်စဉ်အတွင်း ရေဒီယိုပြင်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြောင်း၊ ထိုင်ဝမ်သို့ ရောက်ရှိချိန်တွင် ၀ါသနာပါသော Electronic designer အလုပ်ကိုလုပ် ကိုင်ခွင့်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဒုတိယ အကြီးဆုံး Mini Computer ထုတ်လုပ်သော Digital တွင် Computer System Architect design ရေးဆွဲသူအဖြစ် လေးနှစ်ကြာ လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် HTC ကုမ္ပဏီကို အဖွဲ့ဝင်သုံးဦးနှင့် စတင်ခဲ့ပြီး ၂၀၀၄ ခုတွင် CEO ဖြစ်လာခဲ့ကြောင်း  Peter Chou  က ပြောကြားခဲ့သည်။
HTC ကုမ္ပဏီ၏ CEO ဖြစ်သူ Peter Chou သည်မေလ ၁၂ ရက်နေ့  နံနက်ပိုင်းက မန္တလေးမြို့သို့ ရောက် ရှိလာခြင်းဖြစ်ပြီး ၁၆ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ခဲ့ကာ ရန်ကုန်မြို့သို့လည်း သွားရောက်မည် ဖြစ်သည်။ ယခုကဲ့သို့ ခေတ္တပြန်လည် လာရောက်စဉ်အတွင်း မန္တလေးမြို့ရှိ ဆွေမျိုးများနှင့်နေထိုင်ကာ ငယ်စဉ်ကသိကျွမ်းခဲ့သော မိတ်ဆွေ အပေါင်းအသင်းများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free