ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါတိုက်ပွဲတွင် မြန်မာအစိုးရတပ် စစ်ရဟတ်ယာဉ် ၁ စင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ပစ်ချခံရပြီး အခြား ၃ စင်းလည်း အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိ ပျောက်ဆုံးနေကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များက ဆိုသည်။

ဧပြီ ၃၀၊ တနင်္လာနေ့က မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်ရဟတ်ယာဉ် ၂ စင်းသည် နယ်ခြားစောင့်တပ် ၁၀၀၁ အခြေစိုက်စခန်း ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါမြို့အနီးသို့ စစ်ကူအဖြင့် ရောက်ရှိလာစဉ် KIA တပ်ဖွဲ့၏ လေယာဉ်ပစ် စက်သေနတ်များဖြင့် ပစ်ခတ်ခံရသည်ဟု ဆိုသည်။

ရဟတ်ယာဉ် ၁ စင်း ပျက်ကျသွားသည်ကို အတည်ပြုနိုင်ခဲ့သော်လည်း ကျန် တစင်းလည်း မြစ်ကြီးနား အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိဟု အဆိုပါသတင်းရပ်ကွက်က ဆိုသည်။

နောက်ထပ် မေ ၁ ရက်၊ ယနေ့တွင် မြစ်ကြီးနားမှ စစ်ရဟတ်ယာဉ် ၄ စင်း ပန်ဝါသို့ ရောက်လာစဉ် အသင့်စောင့်ကြိုနေသော KIA စစ်သားများ၏ ပစ်ခတ်ခံရပြီး ပြန်လှည့်သွားကြသည်ဟု ပန်ဝါ KIA ရှေ့တန်းသတင်းကဆိုသည်။ ၎င်းအနက် ၂ စင်းမှာ မူရင်း အခြေစိုက်စခန်းသို့ ရောက်လာခြင်း မရှိ ပျောက်ဆုံးနေသည်ဟု ရှေ့တန်းမြန်မာစစ်တပ်သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့တပ်မတော်သည် ယခုချိန်ထိ (၁၀) လ ကျော် KIO/KIA အား ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်လာရာ မည်သည့်အခါမှ ၎င်းတို့စစ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရ ကိန်းဂဏန်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။

ကချင်သတင်းမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free