ဒီမှာတော့ အတည်လိုလို ပြောင်သလိုလိုနဲ့ မြန်မာပြည်သားတွေ ပြောကြတယ်၊

ဦးနေ၀င်း နဲ့ အသိုင်းအ၀်ုင်း မြန်မာနိုင်ငံကို စုတ်ပြတ်သတ်သွားအောင်လုပ်ဖို့  ၂၆ နှစ်လောက်အချိန်ယူရတယ်၊
George W. Bush ကတော့ အမေရိကန်ပြည်ကို ချွတ်ြ ခြုံကျသွားအောင် လုပ်ဖို့  ၈ နှစ်ပဲအချိန်ယူတယ်၊ ( အဲဒီ တုံးက အမေရိကန်သမ္မတ အစစ် ဟာ Bush လား Cheney လားဆိုတာ ခွဲခြားဖို့ ခက်ပါတယ်.။)

အခုအချိန်မှာ မြန်မာပြည်ရဲ့လူဦးရေက ၅၄ သန်းရှိပြီး အမေရိကန်မှာတော့ ၃၁၃ သန်းရှိတယ်။
ပြည်ပကို အကြွေးတင်နေတာက မြန်မာပြည် က 7.14 ဘီလျံ ရှိပြီး အမေရိကန် က 14000ဘီလျံ ရှိပါတယ်၊
(အမေရိကန် က ကမ္ဘာပေါ်မှာ အကြွေးအများဆုံးနိုင်ငံဖြစ်ပါတယ်၊ မြန်မာနိုင်ငံကတော့ အဆင့် ၉၇ မှာရှိပါတယ်၊)

အချိန်ရှိလို့ ရှိရင် တွက်ချက်လို့ ရပါတယ်။. နိုင်ငံသားတစ်ဦးအနေနဲ့  အကြွေးဘယ်လောက်တင်နေလဲဆိုတာ၊

Obama တစ်ယောက် အမေရိကန်နိုင်ငံ ကို စီးပွားရေး ကပ်ကနေ ပြန် တက်လာဖို့   ကြိုးစားပန်းစားလုပ်နေတာ    ဆံပင်တွေ ဖြူ သထက်ဖြူလာတဲ့အထိ  အတိုက်အခံပါတီ (ရီပတ်ပရီကင်ပါတီ) က ပြတ်ပြတ် သားသား ဆန့် ကျင်နေတာကို ခံနေရပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်လည်း စုတ်ပြတ်နေတဲ့ တိုင်းပြည်ကို ပြန်ခေါင်းမော့လာဖို့  အမျိုးမျိုး ကြိုးစား နေရတာ မို့  ကျန်းမာရေးလည်းတော်တော် ကျသွားမှာပါ၊ ခေါင်းပေါင်းနဲ့ ဆို တော့ ဆံပင်ဘယ်လောက်ဖြူ သွားပြီ လည်းတော့ မသိပါ။ သေချာတာကတော့ ဆံပင်တွေ ကျွတ်နေမှာတော့ သေချာပါတယ်။

သမ္မတဦးသိန်းစိန် တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် နဲ့  ပူးပေါင်း ပြီး  မြန်မာနိုင်ငံရဲ့ အကျိုးအတွက် ရေရှည် ဆောင်ရွက်နိုင်ဖို့  ကျန်းမာစေဖို့ ဆုတောင်း လိုက်ပါတယ်။

http://www.presidentutheinsein.blogspot.com/ မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free