၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အရေးကြီးစစ်ဆေးတွေ့ရှိချက်အဖြစ် ၀န်ကြီးဌာန ၁၅ ခုတွင် အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာသောသဘောဖြင့် ဆောင်ရွက်မှုကြောင့်  နိုင်ငံတော်မှနစ်နာဆုံး ရှုံးမှု ၄၇ မှု၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်းငါးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သိန်း ကျော်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေပေးထားသော ဘဏ္ဍာ ငွေများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ထူးခြားသော စစ်ဆေးပေါ်ပေါက်ချက်များနှင့် အရေးယူဆောင်ရွက်ချက်များအရ စာရင်းစစ်ချုပ်ရုံးအနေဖြင့် ၂၀၁၁ ခုနှစ်ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း ၂၅ ခုမှ အရေးကြီးသောစစ်ဆေးတွေ့ရှိချက် (စာရင်းစစ်ကန့်ကွက်ချက်)ပါ နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့်ငွေများ အပြည့်အ၀ ပြန်လည်ပေးသွင်းခြင်း၊ တာဝန်ရှိသူများကို အရေးယူမှုပြုလုပ်ခြင်း၊ ကြပ်မတ်ထိန်းသိမ်းမည့် အစီအမံများပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍ ၀န်ကြီးဌာန ၁၅ ခု ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း ၄၇ ခုတို့၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်း ၅၈၃၉၈ ဒသမ ၈၁၀ နှင့် အမေရိကန်ဒေါ်လာ ၂၃၂၉၇၇ ဒသ မ ၃၁၀ စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ အဆိုပါငွေများအနက် ကျပ်သန်း ၁၇၄၂၆ ဒသမ ၇၇၂ နှင့် အမေရိကန်ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉၀မှ ပြန်လည် ပေးသွင်းပြီးကြောင်း၊ ပေးသွင်းရန်ကျန်ရှိ ငွေမှာ ကျပ်သန်း ၄၀၉၇၂ ဒသမ ၀၃၈ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသ မ ၀၂၀ ရှိကြောင်း သိရသည်။
ယင်းပေးသွင်းရန် ကျန်ရှိငွေမှ  ကျပ်သန်း ၄၀၈၂၈ ဒသမ ၁၂၂ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀ တို့မှာ ပုဂ္ဂလိကထံမှရရန် အကြွေးများဖြစ်ပြီး ၀န်ထမ်းများ၏ မှားယွင်း မှုနှင့် အလွဲသုံးစားမှုကြောင့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့်ငွေမှာ ကျပ် သန်း ၁၄၃ ဒသမ ၉၁၆ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သို့ ပေးသွင်းရမည့် ပုဂ္ဂလိကထံမှ ရရန်အကြွေးမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃ ဒသမ ၇၀၇ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀၊  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကျပ်သန်း ၄၈၁၅ ဒသမ ၀၀၀၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၈၈ ဒသမ ၄၆၅ နှင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကျပ် သန်း ၂၇၀ ဒသမ ၉၅၀ တို့ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစားမှု နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့် ငွေကျပ်သန်း ၁၄၃ ဒသမ ၉၁၆ တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၁၇ ဒသမ ၇၀၁၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ကျပ် သန်း ၇ ဒသမ ၁၅၈၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကျပ်သန်း ၁၉ ဒသမ ၀၅၇ တို့ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့သော ၀န်ကြီးဌာန ၁၅ ခုမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနတို့ ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ပြည်ထောင်စုစာရင်း စစ်ချုပ်ဦးသိန်းထိုက်က ထိုသို့ တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ဦးသိန်းထိုက်သည် ယခင်က သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဌာနသည် လက်ရှိတွင် ဌာန၏အလွဲသုံးစားမှုသတင်း ကိုဖော်ပြခဲ့သည့် ပြည်တွင်းထုတ်ဂျာနယ် တစ်ခုဖြစ်သော The Voice  ဂျာနယ်နှင့် တရားရင်ဆိုင်လျက်ရှိသည်။


Copy From Eleven Media
ဝန်ကြီးဌာနအလိုက် ထူးခြားသောငွေကြေးဆိုင်ရာပေါ်ပေါက်ချက်များ
ဝန်ကြီးဌာန ဖြစ်စဉ်အရေအတွက် နိုင်ငံတော်နစ်နာငွေကျပ်သန်း ကန်ဒေါ်လာ
(၁) လျှပ်စစ်စွမ်းအား ၂၅၅ .၉၄၁
(၂) ကျန်းမာရေး ၁၈၉ .၂၂၁
(၃) သိပ္ပံနှင့်နည်းပညာ ၁၆ .၂၇၀
(၄) မွေး/ရေ ၄၂၃၇၀ .၈၂၃ ၂၃၂၉၇၇ .၃၁
(၅) ပြန်ကြားရေး ၄၁၁ .၃၆၂
(၆) စက်မှု ၆၀ .၈၀၂
(၇) စီးပွား/ကူးသန်း ၈၁၅ .၇၅၃
(၈) သစ်တော ၂၃ .၇၆၂
(၉) သမ၀ါယမ ၉၀ .၀၀၀
(၁၀)လယ်/ဆည် ၇၄၈ .၆၆၅
(၁၁)ပညာရေး ၅ .၅၅၂
(၁၂)ဘဏ္ဍာ/အခွန် ၈၆ .၁၇၂
(၁၃)ဟိုတယ်/ခရီး ၁၂၈၀၆ .၀၈၁
(၁၄)မီးရထား ၂၈၆ .၈၅၁
(၁၅)ဆက်သွယ်ရေး ၂၃၁ .၅၅၅
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free