ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော် အများစု နေထိုင်သော (၁၂) ရပ်ကွက်တွင် ကျူးကျော်များကို မြေနေရာ လျှောက်ပေးမည်ဟု ဆိုကာ လျှောက်လွှာတစ်စောင် ၂၅၀၀ ကျပ်ဖြင့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက ရောင်းချကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။

ကျူးကျော်များကိုေ...
မြနေရာ ချထားပေးရန် အထက်သို့ တင်ပြပေးမည် ဖြစ်သဖြင့် ကျူးကျော်မြေကိစ္စ ညှိနှိုင်း ဆောင်ရွက်ပေးရန် လျှောက်လွှာသုံး စောင်နှင့် ဓာတ်ပုံ ရိုက်ကူးရမည်ဟု ဆို ကာ တစ်စောင်လျှင် ကျပ် ၂၅၀၀ ကျပ် ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း (၁၂) ရပ်ကွက်တွင် ကျူးကျော် နေထိုင်သူ ဒေါ်ကြည်ကြည်လွင်က ဆိုသည်။

ကျူးကျော်အိမ်ရာ စာရင်းများကို ကောက်ခံ ရရှိပါက နိုင်ငံတော်သမ္မတ ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသား လွှတ်တော်ရုံး အပါအဝင် သက်ဆိုင်ရာ ဌာန အသီးသီးသို့ ပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာက အတင်းအဓမ္မ ဖျက်သိမ်း ခြင်း မပြုဘဲ နိုင်ငံတော် အစီအစဉ်ဖြင့် အလုပ်အကိုင်၊ ရေ၊ မီး အဆင်ပြေသော နေရာများသို့ တရားဝင် ပြောင်းရွှေ့ ချထားပေးနိုင်ရန် အကြံပြု တင်ပြသွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

"ဘယ်တော့ပေးမယ်လို့ မပြော ဘူး။ သူများဝယ်လို့ လိုက်ဝယ်တာ။ ဝယ်တဲ့သူ အများကြီးပဲ၊ ၁၀၀ ကျော် လောက်ရှိမယ်" ဟု ၄င်းက ဆိုသည်။
ကျူးကျော် နေထိုင်သူများကို နိုင်ငံတော် အစီအစဉ်ဖြင့် မြေနေရာချ ထားပေးရန် အတွက် စာရင်းကောက်ယူပြီး နိုင်ငံတော် သမ္မတထံနှင့် လွှတ်တော် ထံတင်ပြပေးရန် ကျူးကျော်နေထိုင်သူ များက တင်ပြလျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင် စုမြန်မာနိုင်ငံ) ပါတီဥက္ကဋ္ဌ ဦးရဲထွန်းက ပြောကြားသည်။

အဆိုပါ ကျူးကျော်နေထိုင်သူ များကို မြေနေရာ ရရှိရေး အတွက် အကူအညီပေးရန် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒလနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)နယ်တို့တွင် ဆောင်ရွက် လျက်ရှိပြီး လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သူ ၃၀၇ ဦးကို မြေနေရာ အကူအညီပေးရန် နိုင်ငံတော် သမ္မတကြီးထံ တင်ပြထားကြောင်း ၄င်းက ပြောဆိုသည်။

"မြေပေးမယ်လို့ မပြောပါဘူး။ ကြေညာချက်မှာကိုက မြေပေးမယ်၊ မြေ ရမယ် ဆိုတာ မပါဘူး။ ဖောင်ဝယ်ရ မယ်ဆိုတာမျိုး မဟုတ်ပါဘူး။ တစ်ခါ တည်း အဆင်ပြေအောင် ဓာတ်ပုံရိုက် ရတာတို့၊ စာရွက်မိတ္တူ ဆွဲတာမျိုးလောက် ပါပဲ။ သူတို့နဲ့ ညှိနှိုင်းပြီးမှ လုပ်တာပါ" ဟု ၄င်းက ရှင်းပြသည်။

အဆိုပါ ကျူးကျော်များကို မြေ ရရန် လျှောက်ပေးမည့် အပေါ် ကျူး ကျော်သူများ၏ အားနည်းချက်ကို အခွင့်အရေးယူပြီး လျှောက်လွှာ ရောင်းချ ခြင်းသည် မသင့်လျော်ကြောင်း အမှန် တကယ် စေတနာ ထား၍ လုပ်ဆောင် ပေးမည် ဆိုပါက အခကြေးငွေ မယူဘဲ လုပ်ဆောင် ပေးသင့်ကြောင်း (၁၂) ရပ် ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်သူ ဦးတေဇာလင်းက ပြောကြားသည်။

ရန်ကုန်မြို့အတွင်း မြေပိုင်ဆိုင်မှု မရှိဘဲ ကျူးကျော် နေထိုင်သူ လူတစ်သိန်း ကျော်ခန့် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်း များအရ သိရသည်။


Copy From The Voice Weekly Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free