၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်ကို မနေ့ည ၇ နာရီခွဲက မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာမှာ ပရိတ်သတ် ၅ဝဝ ကျော်နဲ့ တွေ့
ဆုံဟောပြောခဲ့ကြပါတယ်။

အဲဒီ့အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က မြိတ်ကျွန်းစုဒေသက ပြည်သူတွေအနေနဲ့ ခြိမ်းခြောက်မှုတွေရှိလာတိုင်း အကြောက်တရားဆိုတာ မရှိကြဖို့နဲ့ လူသတ်လက်နက်တွေနဲ့ ခြိမ်းခြောက်လာရင်တောင် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ သမ္မတသုံးဆက်ကို ဖြုတ်ချနိုင်ခဲ့ကြောင်းကို တိုက်တွန်းပြောဆိုသွားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကလည်း ဒီမိုကရေစီနဲ့ နိုင်ငံရေးအတွေးအခေါ်အကြောင်း ပြောကြားပြီး၊ ကိုမင်းဇေယျကလည်း ပွင့်လင်းလူ့အဖွဲ့အစည်းအကြောင်းကို အဓိကထားပြောကြားသွားပါတယ်။

အဲဒီနောက် ဒေသခံတွေကလည်း လူငယ်တွေအနေနဲ့ မူးယစ်ဆေးသုံးစွဲမှု များပြားလာတဲ့ကိစ္စ၊ ဆင်းရဲသား ငါးဖမ်းလုပ်သားတွေကို အနိုင်ကျင့်ခံရမှုနဲ့ ငါးဖမ်းလုပ်သားတွေရဲ့အခြေအနေတွေကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများရဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး ခရီးစဉ်ကို မနေ့က ကန်မော်ကျေးရွာနဲ့ စခန်းသစ်ကျေးရွာတွေကို သွားရောက်တွေ့ဆုံဟောပြောကြတယ်။

မနက်ဖြန်မနက်မှာ မြိတ်ခရိုင် တနင်္သာရီမြို့လူထုနဲ့ တွေ့ဆုံဟောပြောမှာဖြစ်ပြီး၊ နေ့လည်ပိုင်းမှာ ကော့သောင်းခရိုင်း ဘုတ်ပြင်းမြို့သို့ထွက်ခွာပြီး ဒေသခံပြည်သူလူထုတွေနဲ့ ထပ်မံတွေ့ဆုံဟောပြောကာ ညအိပ်ရပ်နားမယ်လို့ သိရပါတယ်။


Copy From RFA Facebook Page

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free