ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ နတ်ရွာစံ သီပေါမင်းတရားကြီးနှင့် မိဖုရားတို့ ရုပ်အလောင်းများမှ အရိုးများကို မြန်မာနိုင်ငံ
သို့ ပြန်လည် သယ်ဆောင် ပေးပါရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် (၁၄) ဦးက ဆွေးနွေးပြီး။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်
ဖြေရှင်း ဆွေးနွေးခြင်းပြီး လွှတ်တော

်၏ အဆုံးအဖြတ် ရယူမည်ဖြစ်သည်။ယင်းအဆို ကိုတင်သွင်းသူဦးသန်းဆွေသည်ယခင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းဆောင်နေစဉ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခု အခါ ယဉ်ကျေးမှု ဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေရပြီဖြစ်သောကြောင့် မိမိ တင်ခဲ့သော အဆိုကို မိမိ ဆုံးဖြတ်ရမည့် အခြေအနေရောက်နေကြောင်းသိရသည်။"ကျွန်တော်တင်ခဲ့တဲ့ အဆိုပါဒါပေမဲ့ ကျွန်တော် အနေနဲ့ တော့ မဖြေတော့ပါဘူး ၊သမ္မရုံးဝန်ကြီးဦးစိုးမောင်လာဖြေပေးမှာပါ၊ကျွန်တော်ကို့ သဘောထားမေးဖို့အတွက် လာရောက်ခြင်းဖြစ်ပါတယ်၊ဒါက သမ္မတကြီးရဲ့ သဘော ဆန္ဒဖြစ်ပါတယ်၊" ဟု ဒုဝန်ကြီး ဦးသန်းဆွေက ပေါ်ပြူလာနယူးစ် သို့ပြောကြားခဲ့သည်။


Copy From Popular Myanmar
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free