copy from eleven media group
23mt
ရခိုင်အမျိုးသားကွန်ရက် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
အမေရိကန်သမ္မတ ပြောကြားခဲ့သည့် ရိုဟင်ဂျာအသုံးအနှုန်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတထံသို့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သံရုံးမှတစ်ဆင့် တရားဝင် ကန့်ကွက်စာ ပေးပို့သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်က ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်တက္ကသိုလ်၌ ပထမဦးဆုံးအကြိမ်အဖြစ် ပြောကြားခဲ့သော အမေရိကန်သမ္မတ အိုဘားမား၏ မိန့်ခွန်းတွင် “ကာလကြာရှည်စွာပဲ တိုင်းရင်းသားလူမျိုးစု ရခိုင်တွေ အပါအ၀င် ဒီပြည်နယ်က ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုဟာ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုအတွက် ခြွင်းချက်ဆိုတာ မရှိပါဘူး။ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း ခင်ဗျားတို့မှာ ရှိသလို ကျွန်တော်တို့မှာ ရှိသလို တူညီတဲ့ လူ့ဂုဏ်သရေဆိုတာ ရှိပါတယ်” ဟု စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“သူပြောသွားတဲ့ မိန့်ခွန်းအပေါ်မှာ အကုန်လုံးကို ဝေဖန်စရာ၊ ဆန့်ကျင်စရာ မရှိပါဘူး။ အဓိက ကျွန်တော်တို့ ကန့်ကွက်လိုတဲ့ အချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်လို့ပါ။  ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့နိုင်ငံမှာ အရင်ကလည်း မရှိခဲ့ဘူး၊ အခုလည်းမရှိဘူး၊ နောင်လည်းရှိလာမှာ မဟုတ်ဘူး။ အမေရိကန်သမ္မတတစ်ယောက် အနေနဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းသွားတာဟာ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေအတွက် အများကြီး ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်တယ်။ ဒီအချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မကြာခင်မှာ ကန့်ကွက်စာပေးပို့သွားဖို့ အစီအစဉ်ရှိတယ်” ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ဘာသာရေးပဋိပက္ခ မဟုတ်သလို လူမျိုးရေး ပဋိပက္ခ တစ်ခုလည်း မဟုတ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဒီကိစ္စမှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဒီအချိန်မှာ ကမ္ဘာ့စူပါပါဝါလို့ ဆိုရမယ့် နိုင်ငံက ခေါင်းဆောင်က လေ့လာမှုအားနည်းချက်ကြောင့်လား မပြောတတ်ပေမယ့် ရိုဟင်ဂျာလို့ သုံးနှုန်းသွားတာကိုတော့ ကန့်ကွက်ပါတယ်။ မစ္စတာအိုဘားမားကိုတော့ ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်လိုစိတ် လုံးဝမရှိပါဘူး။ ရိုဟင်ဂျာတွေမှာ တူညီတဲ့ လူ့ဂုဏ်သိက္ခာ ရှိတယ်ဆိုတဲ့ အချက်ကိုပဲ ထောက်ပြချင်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free