မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး အတွက် ဆားလင်းကြီးမြို့နယ်ရှိ ရွာ(၂၆)ရွာမှ ရွာသူ/ရွာသားများ ဆန္ဒပြတောင်းဆိုမှုများမှာ ပိုမို ပြင်းထန်လာပြီး မြန်မာ့စီးပွားရေး ဦးပိုင် ၀မ်ပေါင်ကုမ္ပဏီမှာလည်း လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထား ရကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဦးပိုင်နှင့် ၀မ်ပေါင်Copper Limited တို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံ တောင်း တောင်ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ဆန္ဒပြတောင်း ဆိုနေကြသည်မှာ လအတန်ကြာ နေခဲ့ပြီး ယခုတစ်ခါဆန္ဒပြတောင်း ဆိုသည်မှာ ဦးပိုင်ကုမ္ပဏီ၏လုပ်ငန်းခွင်များအတွင်းဝင်ရောက်ကာ ဆန္ဒပြနေခြင်းဖြစ်ကာ ထိုကဲ့သို့ ဆန္ဒပြနေသည်မှာလည်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မရ အောင်တားဆီးကန့်ကွက်ဆန္ဒပြ နေခြင်းဖြစ်ကြောင်းသိရသည်။
ဦးပိုင်ဝမ်ပေါင်ကုမ္ပဏီကြေးနီ ထုတ်နေသည့် လက်ပံတောင်း တောင်ပေါ်ရှိ လယ်တီဆရာတော် ကြီးတည်ထားခဲ့သော ဘုရားကြီး တွင် သပိတ်စခန်းဖွင့်ဆန္ဒပြနေ သည့်အထဲမှ အမျိုးသမီးတစ်ဦးက ပြောဆိုရာတွင် ““ဦးပိုင် ၀မ်ပေါင် ကုမ္ပဏီလုပ်ငန်းအတွင်းကို ၀င် ရောက်ဆန္ဒပြတော့ တားဆီးမှုတွေ ရှိတယ်၊ကျွန်မတို့ကလည်း သူတို့ လုပ်ငန်းလုပ်တာနဲ့နည်းအမျိုးမျိုး နဲ့ရအောင်တားတာပဲ၊အခုလတ် တလော အခြေအနေကတော့ ရဲတပ်ဖွဲ့အင်အားတွေ ထပ်ဖြည့် နေတယ်လို့သိရတယ်””ဟု ဆန်္ဒပြ နေသည့် အသက်(၂၅)နှစ်ဝန်းကျင် ခန့် အမျိုးသမီးတစ်ဦးက ပြော သည်။
အဆိုပါ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းရပ်တန့်ရေး အထွေထွေသပိတ်နှင့်ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီဘက်မှ တစ်စုံတစ် ရာ ဖြေရှင်းပေးခြင်းမရှိသေးပဲ၊ ကြေးနီထုတ်လုပ်သည့် လုပ်ငန်း ကိုသာ ခတ္တရပ်ဆိုင်းထားကြောင်း သိရသည်။အဆိုပါ လက်ပံတောင်း ကြေးနီစီမံကိန်းရပ်တန့်ရေးဆန်္ဒပြ ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်သွားရောက်မည်ဟူသော သတင်းများလည်းထွက်ပေါ်နေ သည်။ လက်ရှိကာလတွင် မြန်မာ ၀မ်ပေါင်ကုမ္ပဏီနှင့်ဆားလင်းမြို့ နယ်ရှိ ကြေးနီစီမံကိန်းရပ်ရေး ဆန်္ဒပြနေသော ရွာ(၂၆)ရွာမှ ရွာသူ/ရွာသားများမှာ ထိပ်တိုက် တွေ့နေကြောင်း ယင်းကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် ၂၀၁၂ခု နှစ် နိုဝင်ဘာ(၂၆)ရက်နေ့တွင် လွှတ်တော်၌ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းနေ ကြောင်းသိရသည်။ အဆိုပါ ပြဿနာအား နိုင်ငံတော်အစိုးရ ဘက်မှ လတ်တလောမဖြေရှင်း ပေးပါက ပြည်သူလူထုများသွေး မြေကျမည့်ဖြစ်ရပ်မျိုးဖြစ်ပွားလာ နိုင်ကြောင်း ပြည်တွင်းမီဒီယာ အချို့မှ သတင်းပညာရှင်များက ဝေဖန်ပြောဆိုနေကြသည်။


Copy From Hot News Weekly Web Page

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free