ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ညောင်ပင်ပျံကျဈေးသူ၊ ဈေးသား များက ခွင့်ပြုချက်မရရှိဘဲ ဆန်္ဒ ပြရန် ပြင်ဆင်နေမှု ဗီဒီယိုမှတ် တမ်းခွေကို ဆင်ဆာမဲ့ထုတ်လုပ် ရောင်းချသူများပါဝင်ပတ်သက်သူ များအား အရေးယူထားကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၂၈ ရက်က ဒုရဲ အုပ်မျိုးမင်းဝင်းနှင့် အဖွဲ့သည် သက်သေများဖြစ်သော နမီးစုရပ် ကွက် ရာအိမ်မှူး ဦးကျော်မင်း၊ မြို့နယ်ဗီဒီယိုအခြေခံ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူသတင်း ရရှိသည့် ညောင်ပင်ပျံကျဈေး မောင်နှမကုန်စုံဆိုင်အနီး ကြွပ် ကြွပ်အိတ်အမဲရောင်ကိုင်ဆောင် လျက် မသင်ကာဖွယ်ရာ အမျိုး သမီးတစ်ဦးအား တွေ့ရှိ၍ မိုးညှင်း ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။
မိုးညှင်းရဲစခန်းတွင်သက်သေ များရှေ့၌ စစ်မေးရာ အဆိုပါ အမျိုးသမီးမှာ မိုးညှင်းမြို့ သိမ်အင်းရပ်ကွက်နေ မပွားပွားလှိုင် ဖြစ်ပြီး ၎င်းင်းကိုင်ဆောင်ထားသော အမဲရောင် ကြွပ်ကြွပ်အိတ်အတွင်း မှ ၀ိုင်ဒီအင်္ဂလိပ်စာတန်းပါ ဆင်ဆာမဲ့ဗီဒီယိုအခွေ (၂၅)ခွေနှင့် စီဒီခွေရောင်းချငွေဟု ယူဆရ သော ၁၀၀၀ ကျပ်တန် (၁၂)ရွက် တို့အား ရှာဖွေတွေ့ရှိခဲ့သည်။
မပွားပွားလှိုင်၏ အစစ်ခံ ချက်အရ အဆိုပါ ဆင်ဆာမဲ့ ဗီဒီ ယိုအခွေများသည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ခွင့်ပြုချက်မရ ရှိဘဲ ဆန္ဒပြရန် ပြင်ဆင်စုရုံးနေ ကြသည့် ညောင်ပင်ပျံကျဈေးသူ၊ ဈေးသားများ၏ မှတ်တမ်းတင် အခွေများဖြစ်ပြီး အဆိုပါ စီဒီ အခွေများကို မောင်နှမကုန်စုံဆိုင် ပိုင်ရှင် မသီတာအေး(ခ) မပူစူးမ ထံမှ ရရှိကြောင်း မသီတာအေး ထံသို့ ကိုဗညားနိုင်မှပေးထား ကြောင်း၊ အဆိုပါ ဗီဒီယိုအခွေ များ ရိုက်ကူးပေးသူ၏ လိပ်စာကဒ်အတိုင်း နိုဝင်ဘာ ၁၉ ရက် က တယ်လီဖုန်းဖြင့် အခွေပြီးစီး မှုအပေါ် မေးမြန်းစုံစမ်းရာ နေ့ လယ်ကျရင် ရမည်ဟု ဗီဒီယို အခွေ ရိုက်ကူးထုတ်လုပ်သူ ဦး သန်းထွန်းအောင်မှ ဖြေကြားခဲ့ ကြောင်း၊ ဗီဒီယိုအခွေရရှိပြီးနောက် ၂၀-၁၁-၂၀၁၂ နေ့လည်ပိုင်းတွင် ဆင်ဆာမဲ့ဗီဒီယိုအခွေများ ရောင်း ချနေစဉ် အဖမ်းခံရခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး မပွားပွားလှိုင်မှ ဒုတိယမြို့နယ် တရားသူကြီး ဒေါ်တင်မာဝင်းထံ တွင် ဖြောင့်ချက်ပေးခဲ့သည်။
မပွားပွားလှိုင်၏ အစစ်ခံ ပေါ်ပေါက်ချက်အရ မသီတာ အေး(ခ) မပူစူးအား ခေါ်ယူစစ် ဆေးရာ အဆိုပါ ဆင်ဆာမဲ့ ဗီဒီ ယိုခွေများအား ညောင်ပင်ပျံကျ ဈေးအတွင်း ငါးရောင်းသည့် ကိုဗညားနိုင်မှ မပွားပွားလှိုင်သို့ ပေးရန်အတွက် ဆိုင်တွင် လာ ရောက်ထားခဲ့ကြောင်း အစစ်ဆေး ခံပေါ်ပေါက်ခဲ့သဖြင့် မသီတာ အေး(ခ) မပူစူးမအား ၂၀-၁၁- ၂၀၁၂ ရက် ညနေ (၅း၄၅) နာရီ အချိန်တွင် ဖမ်းဆီးခဲ့ပြီး မသီတာ အေး(ခ) မပူစူးမက ဒုတိယ မြို့ နယ် တရားသူကြီးဒေါ်တင်မာ ၀င်းထံတွင် ဖြောင့်ချက်ပေးခဲ့ သည်။
ဖမ်းဆီးရမိသော မပွားပွား လှိုင်နှင့် မသီတာအေး(ခ) မပူစူး မတို့၏ စစ်ဆေးပေါ်ပေါက်ချက် အရ ကိုဗညားနိုင်အား ခေါ်ယူ စစ်ဆေးရာ သက်သေခံပစ္စည်း အဖြစ် ဖမ်းဆီးရမိထားသော ဆင် ဆာမဲ့ဗီဒီယိုခွေများအား အမည် မသိသူ တစ်ဦးမှ လာရောက် ပေးပို့ခဲ့ကြောင်း အဆိုပါ ဆင် ဆာမဲ့ဗီဒီယိုခွေများအား မပွားပွား လှိုင်သို့ ပေးရန်အတွက် မသီတာ အေး(ခ)မပူစူးမတွင် အပ်နှံထား ခဲ့ကြောင်း အစစ်ခံခဲ့သဖြင့် ကိုဗညားနိုင်အား ဆက်လက်ဖမ်းဆီး ခဲ့ကြသည်။
ထို့နောက် ဒုရဲအုပ် မျိုးဝင်း သည် သက်သေများနှင့်အတူ ဗီဒီ ယိုရိုက်ကူးထုတ်ပေးသူ၏ လိပ်စာ ကတ်ပါရှိသည့် အရှေ့စု(၁)လမ်း မင်းရာဇာ ဗီဒီယိုနှင့် ဓာတ်ပုံရိုက် ကူးရေးဆိုင်ရာအား သွားရောက် ၍ ဗီဒီယိုအခွေနှင့် စက်အား သိမ်းဆည်းကာ ကျွမ်းကျင်သူများ အကူအညီဖြင့်စက်အားစစ်ဆေး လျက်ရှိပြီး ဆင်ဆာမဲ့ဗီဒီယိုခွေ ထုတ်လုပ်သူ ဦးသန်းထွန်းအောင် အား ဖမ်းဆီးခဲ့ကြသည်။
ထို့နောက် ဒုရဲအုပ် မျိုးဝင်း က တရားလိုပြုလုပ်၍ မိုးညှင်း ရဲစခန်းတွင် အမှုဖွင့်ခဲ့သဖြင့် ဦး သန်းထွန်းအောင် (၃၈)နှစ်၊ မိုး ညှင်းမြို့။ ကိုဗညားနိုင် (၂၇)နှစ် မိုးညှင်းမြို့။ မပွားပွားလှိုင် (၃၅) နှစ်။မပွားပွားလှိုင်(ခ)မပူစူးမ (၃၄) နှစ် မိုးညှင်းမြို့ တို့အား မိုးညှင်း ရဲစခန်းက (ပ)၇၆/၂၀၁၂ ပုဒ်မ ဗီဒီယိုအက် (၃၂-ခ)ဖြင့် အမှုဖွင့် လှစ်စစ်ဆေးလျက်ရှိကြောင်းသိရှိ ရသည်။


Copy From Hot News Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free