ယခုသီတင်းပတ်ပိုင်းအတွင်း ကားစလစ် (အပ်ကား အတွက်အစားထိုး တင်သွင်းခွင့်ပါမစ်) ဈေးနှုန်း မကျဆင်းသော်လည်း တင်သွင်းလာသည့် ကားဈေးများမှာမူ ကျဆင်းလာကြောင်း ကားဝယ်ရောင်းနှင့် ပွဲစားများက ပြောသည်။

စလစ်များ ဈေးမကျဆင်းသော်လည်း တင်သွင်းပြီးကားများကိုမူ ဈေးလျော့ရောင်းနေကြသည်ဟု ဟံသာဝတီ ကားစခန်းမှ ကားဝယ်ရောင်း တဦးကပြောသည်။ ဈေးလျော့ရောင်းရခြင်း၏ အကြောင်းရင်း တိတိကျကျကို မသိရှိနိုင်သော်လည်း ကားတင်သွင်းမှုဆိုင်ရာ အစိုးရမူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ မရေရာသဖြင့် ဈေးလျော့ရောင်းကြသည်ဟုယူဆရ ကြောင်း လုပ်သက်ရင့် ကားဝယ်ရောင်း ကိုမင်းမင်းက ပြောသည်။
ယခုကဲ့သို့ ဈေးလျော့ရောင်းခြင်းကြောင့် ယခုရက်ပိုင်းအတွင်း အရောင်းအ၀ယ် သွက်လာသည်ဟုလည်း ၎င်းကဆိုသည်။

မိုင်ဒါကွင်းတွင် ကျင်းပခဲ့သည့် ကားအရောင်းပြပွဲပြီးသည့်နောက် ယခုရက်ပိုင်းအတွင်း ဟံသာဝတီကားဝိုင်းတွင် နယ်ဝယ်လက်များ ရှိလာသည်ကို တွေ့ရသကဲ့သို့ ရောင်းမည့်ကားများလည်း လာရောက်ရပ်နားမှု များပြားလာကာ ယင်းဝင်းအတွင်း ညအိပ်ကား အစီး ၃၀၀ ကျော်ရှိသည်ဟု မေးမြန်း သိရှိရသည်။

ဘ အက္ခရာ စလစ်မှာ သိန်း ၈၀ ကျော်သို့ရောက်ရှိလာကာ ယင်းနောက် လ အက္ခရာမှာ ၇၆ သိန်းဝန်းကျင်ရှိသည်ဟုလည်း ဟံသာဝတီကားရောင်းဝယ်ရေး စခန်းမှစုံစမ်း သိရှိရသည်။ က အက္ခရာတန်းမှာမူ မှတ်ပုံတင် သက်တမ်း နှစ် ၂၀ အုပ်စုထဲမပါသေးသဖြင့် ကားအခြေအနေပေါ်မူတည်ကာ သိန်း ၆၀၊ ၆၅ သိန်းဝန်းကျင်သာ ရှိသည်ဟုလည်း ၎င်းကဆိုသည်။
ကားအရောင်းပြပွဲများ  ကားအရောင်းပြခန်းများရှိ ဈေးနှုန်းများမှာ ဟံသာဝတီကားစခန်းထက် အနည်းငယ်ပိုသည်ဟုလည်း ဟံသာဝတီမှ ကားပွဲစားတဦးက ပြောသည်။

ယခုသီတင်းပတ်အတွင်း တွေ့မြင်ရသည့် ရန်ကုန်မြို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း


Copy From YPI
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free