နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အေဆမ် အဖွဲ့ဝင်နိုင်ငံသစ်များ ကြိုဆိုပွဲနှင့် (၉) ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ  ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၅) ရက် မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ National Convention Centre, Champa Grand Hall ၌ ကျင်းပသည့် အေဆမ် အဖွဲ့ဝင်နိုင်ငံသစ်များ ကြိုဆိုပွဲအခမ်းအနား နှင့် (၉) ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မွန်းလွဲ (၁) နာရီ ( ၁၄) မိနစ်တွင် ခေတ္တတည်းခိုသည့် ဗီယင်ကျန်းမြို့ရှိ ဒေါင်ချန်းဧည့်ဂေဟာမှ အထူးမော်တော်ယဉ်တန်းဖြင့် ထွက်ခွာခဲ့ပြီး National Convention Centre ဧည့်ခန်းမသို့ ရောက်ရှိရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျူမာလီဆိုင်ညဆွန်နှင့် ဇနီး၊ ၀န်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်နှင့် ဇနီး တို့က လှိုက်လှဲခင်မင်စွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ တို့နှင့် အတူစုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မသည် အေဆမ် အဖွဲ့ဝင် နိုင်ငံသစ်များ ဖြစ်သောဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ နော်ဝေနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ကို ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက် သည်။
ကြိုဆိုပွဲအခမ်းအနားတွင် ရှေးဦးစွာလာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် H. E. Mr. Sheikh Hasina၊ နော်ဝေနိုင်ငံဝန်ကြီးချုပ် H. E. Mr. Jens Stoltenberg၊ ဆွစ်ဇာလန်နိုင်ငံသမ္မတ H. E. Madam Eveline Widmer-Schlumpf တို့က မိန့်ခွန်းပြောကြားသည်။
ယင်းနောက် (၉)ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဒုတိယ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဥရောပကော်မရှင်ဥက္ကဌ၊ ဒုတိယ၀န်ကြီးများ နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာသွန်ဆင်း သမာဗောင်နှင့် သမ္မတ မစ္စတာကျူမာလီဆိုင်ညဆွန်တို့က အဖွင့်မိန့်ခွန်းပြောကြားကြသည်။
ထို့နောက် ဥရောပကောင်စီဥက္ကဌ H.E. Mr. Herman Van Rompuy ၊ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Raja Pervais Ashraf ၊ ဥရောပကော်မရှင်ဥက္ကဌ H.E. Mr. Jose Manuel Barroso နှင့် ဆိုက်ပရပ်စ်နိုင်ငံသမ္မတ H.E. Mr. Demetris Christofias  တို့က မိန့်ခွန်းပြောကြားကြသည်။
ယင်းနောက် (၈)ကြိမ်မြောက် အာဆမ်ထိပ်သီးအစည်းအဝေးတွင် အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့သော ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် H.E. Mr. Elio Di Rupo က မိန့်ခွန်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


သမ္မတရုံးဆိုဒ်မှ တရားမဝင် ဗြောင်မလာခြင်းဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free