သတင်းမီဒီယာသမားများ၏ သတင်းကျင့်ဝတ်အရနှစ်ဖက်အမြင်နှင့် သတင်းခိုင်လုံမှု(Confirm) ဖြစ်စေရန်အတွက်တွေ့ဆုံမေးမြန်းမှုအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်
ပြန်လည်ဖြေကြားရာတွင် အမြင်လွဲမှားမှုများ ရှိနေပြီး သတင်းမီဒီယာ၏ကျင့်ဝတ်သဘောတရားအား သိရှိနားလည်မှု အားနည်းနေသေးကြောင်းကို
တွေ့ရှိရသည်။ သတင်းခိုင်လုံကျစ်လစ်မှုအတွက် ကျင့်ဝတ်အရဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စည်ပင်သာယာရေး အဖွဲ့သို့ဦးပါရဲစေတီရှေ့ရှိ ဆိုင်ခန်းများနှင့် ပတ်သက်၍ နိုဝင်ဘာလ(၇)ရက်နေ့လယ်တွင် နယ်ခံသတင်း မီဒီယာအဖွဲ့မှ တွေ့ဆုံမေးမြန်းရာစည်းကမ်းထိန်းသိမ်းရေးဌာနမှ ဒုဦးစီးမှူး၏ ပြန်လည်ပြောဆိုမှုမှ စကားသံ
ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဟင်္သာတမြို့၏တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဦးပါရဲစေတီရှေ့ မျက်နှာချင်းဆိုင်ရှိဆိုင်ခန်း များကို စည်ပင်သာယာဌာနမှဆောက်လုပ်ရန် ခွင့်ပြုချက်မရှိဘဲ ဂေါပကအဖွဲ့က ဆောက်လုပ်ပြီး
ငှားရမ်းမည့် ဆိုင်ခန်းများသို့ ပြောင်းရွှေ့ရေး အငြင်းပွားမှုကိုဆိုင်ခန်းပိုင်ရှင်များသို့ မြို့နယ်စည်ပင်အဖွဲ့မှ သွားရောက်ပြောဆိုခဲ့မှုအပေါ် တွေ့ဆုံမေးမြန်းခဲ့ရာ “ဒေါ်ဝင်းဆိုင်က ခေါ်လို့
လာတာလား”ဟု သတင်းအဖွဲ့ အား ဒုဦးစီးမှူးမြို့နယ်စည်ပင်(စည်း/ထိန်း)က ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။ဈေးဆိုင်များသို့ သွားရောက်ပြောဆိုခဲ့မှုအား “ဂေါပကအဖွဲ့နှင့်ဈေးဆိုင်တွေက စာတင်ပြကြောင်း၊ လိုင်စင်စီ ဈေး ကောက် ကောက်ခံနေမှုပါဝင်နေသဖြင့် ဆက်လက်မကောက်ခံတော့ကြောင်းနှင့် ဂေါပကအဖွဲ့ အောက်သို့ဝင်ရန် စည်ပင် အမှုဆောင်အရာရှိက မှာကြားခဲ့၍ သွားရောက်ပြောခြင်းသာ
ဖြစ်ကြောင်း၊ နိုဝင်ဘာလ(၄)ရက်က ယင်းတို့၏ တင်ပြခဲ့ သော စာအရပြောဆိုမှုသာ ဖြစ်ပါကြောင်း” ၎င်း ဒုဦးစီးမှူးက ဖြေကြားရှင်းလင်းခဲ့ကြောင်း
သတင်းသမား တစ်ဦးက ပြန်ပြောပြသည်။မရွှေ့မပြောင်းလိုသောဆိုင်ခန်းရောင်းချသူများနှင့် ဂေါပကအဖွဲ့ တို့၏ နှစ်ဖက်ပြဿနာကိုဖြေရှင်းနိုင်ရန် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ နိုဝင်ဘာလ(၆)ရက်နေ့တွင်ခရိုင်သာသနာရေးမှူး ၊ စည်ပင်နှင့် မြေစာရင်းဌာနတို့
ပါဝင်သော စုံစမ်း စစ်ဆေးရေးဖွဲ့စည်းထားကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရပြီး ယင်းအဖွဲ့၏ လုပ်ဆောင်မှုနှင့်
နိုဝင်ဘာလ(၇)ရက်က မြို့နယ်စည်ပင်၏ သွားရောက် ပြောဆိုခဲ့မှုအပေါ်ပတ်သတ်မှုအား မေးမြန်းရာ အဖွဲ့ ဖွဲ့စည်း ထားရှိမှု မသိရသေးပါကြောင်း၊ စာဝင်
စာထွက် အကြောင်းကြားစာပင် မရှိပါကြောင်း၎င်း ကဖြေကြားခဲ့ပြီး အဆိုပါ အဖွဲ့အား ဖွဲ့စည်းတာဝန် ပေးအပ်မှုကို
အမှုဆောင်အရာရှိ သိရှိနိုင်မှု အခြေအနေအား ဆက် လက် မေးမြန်းရာအမှုဆောင်အရာရှိ ပါဝင်ပါက အောက် အဆင့်ကို အသိပေးမည် ဖြစ်ကာ
၎င်းတို့ပါ ဆောင်ရွက် ရမည် ဖြစ်ကြောင်း ကိုလည်း ထည့်သွင်းပြောဆိုသွားကြောင်းသိရသည်။ဆိုင်ခန်းများ ဖျက်သိမ်းရန်အတွက် ညွှန်ကြားပါက စည်ပင်ဌာနမှ
တရားဝင်စာထုတ်ရမည် ဖြစ်ပြီး သွားရောက်ပြော ဆိုမှုသည် အမှုဆောင်အရာရှိ၏ပြောဆိုခိုင်းမှုအပေါ် လိုအပ်သည်ကို သွားရောက်ပြောဆိုမှုသာ ဖြစ်ပါကြောင်း၊
အဆောက်အအုံ ဆိုင်ခန်းများ ဆောက်လုပ်ရာတွင် စည်ပင်ဌာနသို့ တင်ပြခြင်း၊ခွင့်ပြုခြင်း တို့ တရားဝင်ပြုလုပ်ရမည် ဖြစ်ရာ အသစ် ဆောက်လုပ်သော
ဆိုင်ခန်းတန်းသည် စည်ပင်သို့ တင်ပြမှု၊ ခွင့်ပြုမှုတို့ မရှိကြောင်းလည်းဖြေကြားခဲ့သည်။ ၎င်း သွားရောက်၍ နှုတ်ဖြင့်
အကြောင်းကြားခဲ့သည့် ဒေါ်ဝင်းဆိုင်မှ သတင်းအဖွဲ့အား ခေါ်ယူသဖြင့် လာရောက်မေးမြန်းသကဲ့သို့လည်း ထည့်သွင်းပြောဆိုသွားခဲ့ကြောင်း
နယ်ခံသတင်းသမားများက ပြောပြသည်။အဆိုပါ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဌာန
ဒုဦးစီးအရာရှိ၏ ပြန်လည် ဖြေဆို မှုတွင် သတင်းမီဒီယာအဖွဲ့အနေဖြင့်ဘက်လိုက်ပါဝင်နေခြင်း မဟုတ်ဘဲ နိုင်ငံတော်သမ္မတကြီး၏ နေပြည်တော်၌
ပြုလုပ်ခဲ့ သော မီဒီယာတွေ့ဆုံပွဲတွင် မိန့်ကြားခဲ့သလို မီဒီယာသမားများကချစ်၍ မုန်း၍ မဟုတ်ဘဲ မိမိစောင့်ကြည့်ထောက်ပြရသော (Watchdog)တာဝန်များ
အတိုင်း ထမ်းဆောင်နေကြခြင်းသာ ဖြစ်ကာ အဆိုပါ မီဒီယာတွေ့ဆုံပွဲတွင်နိုင်ငံတော်သမ္မတကြီး မှ သတင်းမီဒီယာ၏ မေးမြန်းမှုကို ရဲရဲဝံ့ဝံ့
ဖြေဆိုရန်ပင် ဌာနဆိုင်ရာများသို့ အားပေးထားကြောင်း သိမြင်ရပြီး ယင်းဒုဦးစီးမှူး၏ ဖြေကြားရှင်းလင်းမှုအပေါ် သွားရောက်တွေ့ဆုံခဲ့သည်
သတင်းမီဒီယာသမားများက ကျေနပ်နှစ်သက်မှု မရှိပါ ကြောင်းသိရှိရသည်။


အောင်ကိုခန့်(ဥပဒေ)


Copy From Hot News Weekly
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free