စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယနေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် စဉ့်ကူး မြို့နယ် ကန်တောင် ကျေးရွာ အနီးရှိ ရွှေတွင်း တစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး ပိတ်မိနေကြောင်း ရွှေလုပ်ငန်းရှင် တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

" ငလျင်လှုပ်တော့ အလုပ်သမားတွေ မေ့မျော ကုန်တယ်။ ပြီးတော့

ပြိုကျလာတော့ အကုန် ပိတ်မိသွားတယ်။ ခုတောင် ငလျင်က ပြန်လှုပ် နေတယ်" ဟု ၄င်းက ဆိုသည်။

ရွှေတွင်းထဲတွင် ပိတ်မိနေသော ရွှေလုပ်သား ၁၁ဦးကို ကယ်ဆယ်ရန် ကြိုးစားနေဆဲ ဖြစ်ပြီး အခြေအနေ အသေးစိတ်ကို မသိရှိ ရသေးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ယင်းကျေးရွာသို့ ယနေ့ ညနေ ၄နာရီခန့် ဆက်သွယ် မေးမြန်းရာတွင် ဒေသခံ ရွာသားများမှာ ငလျင် ဆက်လှုပ်မည်ကို စိုးရိမ်သောကြောင့် နေအိမ်တွင် မနေတော့ပဲ လယ်ကွင်းပြင် များတွင် နေထိုင် နေကြကြောင်း ပြောကြား သည်။


Copy From The Voice Weekly
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free