ရှေးအခါက အလွန်နာမည်ကြီးခဲ့သော  ဇာတ်မင်းသားဦးဖိုးစိန်သည် ပါတော်မူရန်  (၃) နှစ်အလို၌ မွေးဖွားခဲ့သော သဘင် အနုပညာရှင်ဖြစ်သည်။ ၁၂၄၄ ခုနှစ် ဖွားသဖြင့် ၁၂၇၄ ခုနှစ်၌ နှစ် (၁၃၀) ပြည့်ပါသည်။ သူသည် ကိုလိုနီခေတ်တွင်   ဇာတ်မင်းသားဖြစ်သဖြင့် သူ၏အဆိုအက များ သံစဉ်တေးသွားများသည် ဘိုစတိုင် တွေရောယှက်နေသလိုခံစားမိ၏။ သူ၏ အမည်၌လည်း မြန်မာလို (မဟာ) ဟုမသုံး  Grate ဂရိတ်ဟု သုံးစွဲသဖြင့် သူ့ခေတ်   သူ့အခါခေတ်မီချင်သူ မော်ဒန်ဆန်ချင်သူ ဟုဆိုရမည်လား၊ ခေတ်ရှေ့ပြေးချင်သူဟု ဆိုရမည်လားအပြောတတ်ပေ။ သူပွဲထုတ်  သော ဇာတ်မင်းသမီးလေးများအားလုံးနီး ပါးသည် ဘိုကပြားတွေပါနေလေသတဲ့။  မည်သို့ပင်ဆိုစေကာပူ နှစ် (၁၃၀) ပြည့် အစီအစဉ်အားလုံးအားဖြည့်လုပ်ကိုင်သူ ဇာတ်မင်းသားမိုးမင်းစကားဖြင့် ပြန်ပြော ရပါလျှင် အရိုးကိုအရွက်မဖုံးစေရန် ရိုးရာ မပျက်အားထုတ်ခြင်း၊ အပွင့်နှင့်တူသော   မော်ဒန်၊ အသီးဟူသော ပို့(စ်) မော်ဒန် ဖြင့် ကမ္ဘာ့အဆင့်မှီအောင် အားထုတ် ခြင်း၊ အခုခေတ်လူငယ်လေးများ ဇာတ်ရုံ ထဲဝင်လာအောင်ဆွဲဆောင်စည်းရုံးရတဲ့ အလုပ်ကမလွယ်သောကြောင့် မော်ဒန် တွေ၊ ပို့(စ်) မော်ဒန်တွေပါလာရသည်ဟု  ဆိုလိုဟန်တူသည်။ ဘုရားတကာဦးဖိုးစိန်  နှစ် (၁၃၀) အထိမ်းအမှတ်၌ ဦးဖိုးစိန် တီထွင်ကပြခဲ့သော အော်ပရာ၊ နှစ်ပါး သွားများကို အကဲခတ်ကြည့်လျှင် အတော့် ကို ခေတ်အမြင်ရှိတဲ့ သဘင်ပညာရှင်ဖြစ် သဖြင့် မချီးကျူးဘဲတော့ မနေနိုင်ပါ။ မော်ဒန်ဦးဖိုးစိန် ပို့(စ်) မော်ဒန်ဦးဖိုးစိန်လို့ ဆိုရမှာပါပဲ။
Grate ဂရိတ်ဦးဖိုးစိန်မှာ နာမည်ဆန်း သလားမှတ်တယ်။ သူ့မြေးဦးရဲစိန်ရဲ့သား က ဇံဟိန်းတဲ့၊ နာမည်ကိုက ဆန်းသစ်လှ သည့်အပြင် ပဟေဠိဆန်လှချည့် နောက် တစ်ယောက်က နိုးနိုးလပြည့်တဲ့၊ လကွယ်  နေ့မွေးတာထင်ရဲ့ လပြည့်ရှေ့မှာ No No တွေပါနေတာကိုး ဆန်းပါဘိအမည်  သညာ အဆန်းတာကာ့ အဆန်းတွေစု စည်းတတ်သော ဦးဖိုးစိန်သဘင်သွေးမျိုး ဆက်များ၊ ညီဝင်းစိန်၊ ပုလဲကေခိုင်၊ ပတ္တမြားကေခိုင်တို့ စီစဉ်တင်ဆက်ပြသ သွားပုံမှာ တကယ့်ကိုတူတူတန်တန်ရှိလှ ချေ၏။ မြင်သမျှကိုတင်ပြလိုပါ၏။
ဘုရားကန်တော့ခန်းကိုကြည့်ပါ။ သာမန်လုပ်ရိုးလုပ်စဉ် ကန်တော့ခန်းမျိုး  မဟုတ်ပါ။ ဘုရားအလောင်းတော်ဒုက္ကရ စရိယာ (၆) နှစ်ကျင့်ပုံ ပဉ္စသိင်္ခဗေလုဝန် နတ်စောင်းဖြင့် တီးခတ်သတိပေးပုံ၊ ဘုရား  မပွင့်မှီမာရ်နတ်ဖျက်ဆီးပုံ၊ ၀သုနြေ္ဒနတ် သမီးက ဆံပင်ညှစ်ချ၍ မာရ်နတ်စစ်သည်  များ ရေထဲနစ်မျောသွားပုံ၊ မာရ်နတ်အောင် တော်မူ၍ အပရာဇိတာပလ္လင်၌ ပန်းများ  ငုံရာမှ ပွင့်အာလာကြပုံ (ပြုလုပ်ချက် တွေဟာ) ခေတ်မှီသော ဆက်တင်ပညာ ရှင် မိုးမင်းလက်ချက်များလား။
အပျိုတော် (၁၂) ခန်း၊ ရွှေတံဆိပ်  များရှင် သန္တာလင်းကသည် အတော့်ကို  ပီပြင်ပါပေသည်။ ထို့နောက်ပဏာမတေး ကိုပြသည်။ ရွှေတံဆိပ်ဆုရှင်များဖြစ်ကြ သော ဇံဟိန်း၊ နိုးနိုးလပြည့်၊ ဂျင်းနီ၊ အိအိ သန်း၊ ဒါလီလင်း၊ နွေးနွေးချစ်ဖွယ်၊ နေခြည် ငြိမ်းချမ်းတို့ ငြိမ့်ညောင်းသော အလှကကွက်များပါဝင်သည်။ ထို့နောက် မြေ၀ိုင်း   သဘင်မှ အမြင့်သဘင်ကူပြောင်းပုံကိုပြ သည်။ မြေ၀ိုင်းသဘင်၌ ဆိုင်းဆရာ၊ ကြေးဆရာတို့၏ အကာအရံမှာ မှန်စီရွှေ မဟုတ်သေး၊ ရိုးရိုးသစ်သားတန်းများကာ ရံထား၏။ မိုးမင်းနှင့် အကယ်ဒမီများရှင် မို့မို့မြင့်အောင်တို့ ရှေးမူမပျက်ကပြသွား ပုံမှာ ကျေနပ်ဖွယ်ကောင်းလှချေ၏။ “ဆေးသောက်ကြပါစို့” ဟူသော စာသား ကို နားမလည်ခဲ့ ဇာတ်မင်းသား၊ မင်းသမီး များအနားယူကြပါစို့၊ ဆေးလိပ်သောက်  ကြပါစို့ဟုပြောမှန်းယခုမှ ရှင်းတော့သည်။
မီးအမှောင်ခေတ္တချ၍ ပြန်လင်းလာ ချိန်၌ စင်မြင်ထက်တွင် ဦးဖိုးစိန်နှင့် ယောကျာ်းမင်းသမီးမယ်အောင်ဗလတို့ကို  မြင်ရပြီး၊ ဆိုင်းကလည်းမှန်စီရွှေချဖြစ်နေ ပြီး (၁၉၃၀) ပြည့်နှစ် ဘုရားလမ်းမိုင်ဒါ ကွင်း (မင်းမနိုင်)၌ စတင်ကပြသော ရွက်ထည်ရုံစတိုင်ဖြင့် မြင်ရပြီ။ အောက်  လင်းဓာတ်မီးများမြင်ရပြီ။ဦးဖိုးစိန် “အာသာဝတီ” ကကွက်နှစ်  ပါးသွားကို ဦးဖိုးစိန်နေရာ၌ မဟာရန်ကုန်  စံပြသဘင်မှ ဟန်ဇာမိုးဝင်း၊အောင်ဗလနေ ရာ၌ မင်းသားစွမ်းဇာနည်က မင်းသမီး အသွင်ဖြင့်ကပြရာ ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။ ဘုရားလောင်းဥဒေါင်း မင်းအော်ပရာဇာတ်တော်ကို ညီဝင်းစိန် က မင်းသမီးခိုင်သဇင်သင်း၊လူရွှင်တော်  ဓာတ်လင်းငြိမ်းချမ်းတို့နှင့်ကပြသည်။ ဒေါင်းမလေးကဟန်ကို နဂိုကတည်းက မြင်ဖူးထား၍ ခိုင်သဇင်သင်းကို မအံ့သြ  တော့ချေ။ တကယ့်ကိုခွင်ကျအောင် ကပြနိုင်သူဖြစ်ချေသည်။
နိုးနိုးလပြည့်ကပြသော အိုးစည်သံ  လေးများနှင့် တွဲဖက်သောလင်းကွင်းတီး  အကမှာလည်း အဆန်းထွင်သူဦးဖိုးစိန်း ကို အောက်မေ့လေးစားဖယ်ဖြစ်မိ၏။ ရဲစိန်၏ ဖိုးဝရုပ်ကလေးများကကွက်ကို မင်းသမီးခိုင်နှင်းဝေ၊ ပုလဲကေခိုင်တို့ကပြ  မှုမှာလည်း သူ့ခေတ်သူ့အခါကဆိုလျှင် အတော့်ကိုအဆန်းတကျယ်ဖြစ်လိမ့်မည်  ဟုခံစားမိချေ၏။ ရှေးအခါက ဦးစိန်ကတုံးသည် ယိုးဒယားအကနှင့် မီးစလွယ်အက  နာမည်ကြီးသလို၊ မင်္ဂလာဦးအောင်မောင်း က ခြေထိုအကနာမည်ကြီးပါသတဲ့။ ဦးဖိုးစိန်သည်လည်း လေးအကနာမည်  ကြီးသူဖြစ်ခဲ့၏။ ထိုအကကို နှစ် (၁၃၀) ပွဲ၌ ကြည့်ခွင့်မရခဲ့ချေ။ ထိန်းသိမ်းမထား နိုင်ခဲ့၍လား တွေးကြည့်မိပါသည်။
တောင်းပြုံးမင်းညီနောင်အော်ပရာ ဇာတ်သည် မီးအလင်းအမှောင်၊ ဆက်တင်  ပညာတွေထုတ်သုံးထားသည်မှာ အံ့မခန်း  နိုင်အောင်ဖြစ်မိ၏။ ဒါလည်း မိုးမင်းလက် ချက်ဖြစ်မည်ထင်သည်။ အနော်ရထာမင်း  ကြီး၏ ကရ၀ိတ်ဖောင်တော်စုန်သန်းဆို လျှင် ရေလှိုင်များတရိတ်ရိတ်မြေးပုံမှာ တကယ့်ကိုတူလွန်းလှသည်။ ၀ိုးကန့်လန့် ကာကို လေမှုတ်စက်ဖြင့်မှုတ်ပြီး မီးဆ လိုက်ပညာသုံးထားပုံပေါ်ပေသည်။ နန်း ၀င်းရွှေတံဆိပ်ဆုရသော မဟာဇနက ဇာတ်တုန်းက ရေလှိုင်းမျိုးတော့မဟုတ်ပေ။ ထိုစဉ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ပေးထားသော တပ်မတော်သားများ  က လှိုင်းအတွန့်ပိုးကန့်လန့်ကာထဲဝင်၍  လှိုင်းကြီးထနေပုံကို သရုပ်ပေါ်စေရန် ထိုင်ထလုပ်နေကြရကြောင်း ဗဟုသုတ အဖြစ်ကြားဖူး၏ ဦးဖိုးစိန်သည် အနုပညာ  ဖန်တီးမှုပြောင်ပြောင်လွန်းသဖြင့် မင်းညီ နောင်ဇာတ်ထုတ်ကချိန်၌ မြန်မာပြည်တွင် (၃၇) မင်းနတ်ကိုးကွယ်မှုတွေပို၍ ဒါကြီး ကို တွေးမိလေလေဖြစ်ရချေ၏။
ပဋိက္ခရားဇာတ်ကို ရွှေမန်းမျိုးဆက်  ကျော်ကျော်ဗိုလ်နှင့် စံပြသဘင်မှ တင်ဇာမိုးဝင်းတို့ ကပြကြသည်။ အတော့်ကိုပီပြင်  ပါပေသည်။ သင်္ဘောပေါ်မှ မာလိန်မှူးက  ပဲ့ကိုင်ပုံ၊ သင်္ဘောသားများ လှိုင်းမူးကြပုံ  ငါးဖမ်းကြပုံ၊ ပုဂံနန်းတွင်းအက၊ မဇ္ဈိမတိုင်းသားအက၊ ပဋိက္ခရားနှင့် ရွှေအိမ်စည်တို့  ပွေ့ဖက်၍ လေထဲ၌၀ဲပျံ (ပြဒါးရှင်တန်ခိုး ကြောင့် မိုးပျံခြင်း)၊ အကတွေမှာ ပရိသတ်   အာရုံဖမ်းစားနိုင်ခြေ၏။ ကျန်စစ်မင်းနေ ရာ၌ မိုးဝင်းသရုပ်ဆောင်ထား၏။ လက်ခုပ် သံညံခဲ့သော ပြကွက်များပေ။ ရိုဟင်ဂျာ   ပွက်လောထနေချိန်၌ မြန်မာမနှင့် မဇ္ဈိမ တိုင်းသားထီးဇာတ်မကြည့်ချင်ပါ။
ဦးဖိုးစိန်ကခဲ့သော ထိုအော်ပရာသည် လွန်စွာမှာ ပြောင်မြောက်ပြီး၊ အသက်ဝင်   သရုပ်ပါလှသည့်အတွက် မြန်မာအမျိုးသမီး  ငယ်များသည် နှာခေါင်းချွန်အသားမည်း များကို အထင်တကြီးဖြင့် ယူကြသည် အထိဖြစ်ခဲ့ကြောင်း ဖတ်ဖူး၏။ ပဋိက္ခရား ဇာတ်ဟာ ကြောက်စရာကောင်းအောင် စန်းထခဲ့ပါတကား၊ ပို၍ကြောက်စရာ ကောင်းလှသည်မှာ ထိလိပ် ပိုးဥဇာတ် ဖြစ်သည်။ ထိုဇာတ်ဝင်ခန်းကို အတုယူ၍  မှော်အင်းကျောက်တန်းရွာမှ ဆရာအစ်ကို ဆိုသူသည် ကိုယ်ဝန်ဆောင်မယားကို သတ်၍ ၀မ်းဗိုက်ကိုခွဲပြီး ရင်သွေးငယ်ကို  မီးကင်စားပြီး ကိုယ်ပျောက်အတတ်ရရန်  လုပ်ဆောင်သဖြင့် ထိုခေတ်က ရုံးရောက်  ဂတ်ရောက်ဖြစ်ကာ အုတ်အော်သောင်း နင်းဖြစ်ခဲ့၏။ ဦးဖိုးစိန်နောင်တရ၍ လုံးဝ မကတော့ချေ။ အနုပညာအရအောင်မြင်  ခဲ့သော်လည်း ပရိသတ်အတွက် ဘေးထွက် ဆိုးကျိုးများလည်း အထိုအလျောက်ရှိခဲ့ ခြင်းဖြစ်သည်။ နှစ် (၁၃၀) ၌ မက၍ တော်ပေသေး၏။
ဦးဖိုးစိန်၏ သိဝိမင်းအော်ပရာကို ရွှေမန်းချမ်းသာက ညီဝင်းစိန်သင်ပြပေး  ထားသည့်အတိုင်း အမူအရာကဲကဲဖြင့် အလွန်အကျူးသရုပ်ဆောင်ခဲ့လေရာ ပဒေသရာဇ်ရှင်ဘုရင်များကိုပင် အထင် သေးမိသည်အထိဖြစ်သွားအောင်ဖမ်းစား ချက်က တော်လှပေသည်။ ၀ဏ်္ဏကျော်ထင်  ဦးစိန်အောင်မင်း၏ ရင်သွေးမင်းသား အောင်ကိုဝင်းကိုလည်း အဘိပါရက စစ်သူကြီးအဖြစ်မြင်ခွင့်ရခဲ့၏။ ခိုင်သင်းကြည်က ဥမ္မာဒန်္တီအဖြစ် သရုပ်ဆောင် ထား၏။ လက်ခုပ်သံအလွန်ကျယ်ကျယ် ရခဲ့သော အော်ပရာဖြစ်ပါသည်။ နှစ်ပါး ခွင်၌ ဦးစိန်ရိုး၊ ဦးတိမ်ညွန့်၊ ဦးစံမိုး၊ ဦးရွှေဂဲ၊  ဓာတ်လင်း ကျော်ထူး၊ ငြိမ်းချမ်း၊ အရိုင်း၊ ညောင်ညောင်စသူတို့ သဘာအပြည်ဖြင့်  ဟဒယရွှင်ဆေးတိုက်ကျွေးခဲ့ကြ၏။
ဘုရားတကာဦးဖိုးစိန်သည် ၀ဏ္ဏကျော်  ထင်ဘွဲ့ရသူဖြစ်၏ သူကိုပညာရေးဝန်ထမ်း ဦးဖိုးစိန်နှင့် မကြာခဏအမှတ်မှားဖူး၏။ဇာတ်ဆရာက ဘုရားတကာဂရိတ်ဦးဖိုးစိန်၊ ဟိုဆရာကြီးက ၀ဇီရဗုဒ်္ဓီဦးဖိုးစိန် (မန္တလး မဟာသံဃရာဇာသာသနာပိုင်ကပေးတဲ့ ဘွဲ့အမည်)ဖြစ်၏။ ဂရိတ်ဦးဖိုးစိန်သည် သူ့ကိုသူဝဇီရာဝုမစိန်ဟုအမွှန်းတင်ပြီး သီချင်းရေးစပ်သီဆိုသောကြောင့်  ပို၍  ဆင်တူသွားခဲ့၏။ အမှန်တော့ ကျောင်း ဆရာနှင့် ဇာတ်ဆရာမတူရေးချာမတူကြ ပါ။
သြော်ဦးဖိုးစိန် ဦးဖိုးစိန်၊ သိကြားမင်း အားခံတွင်းထဲက ၀ဇီရာဝု၀စိန်ဟု ကိုယ် ရည်သွေးခြင်း၊ အရဟတ္တဖိုလ်စိန်ဟု ကိုယ်ရည်သွေးခြင်းဖြင့် အမွှန်းတင် သလောက်ဝင်းဝင်းတောက်ခဲ့သော ဦးဖိုးစိန်၊ (၇) ရက် နန်းစံခဲ့ဖူးသည်ဟု လူပြောများ ခဲ့သော မင်းကြားကြီးဦးဖိုးစိန်၊ ဆင်းရဲသား  ဇာတ်ရုပ်ကို စိန်လက်စွပ်ဝတ်ဆင်လျက် သရုပ်ဆောင်တာတောင် သနားစရာ ကောင်းလွန်သဖြင့် ပရိသတ်တစ်ဦးက  လက်စွပ်ချွတ်ပေးရလောက်အောင် ကရုဏာ ရသမြောက်လှတဲ့ဦးဖိုးစိန်၊ ပရိသတ်ထဲက  အပျိုကြီး၊ အပျိုလေးများကပြောင်းဖူးဖက် ဆေးလိပ်ထဲ ရွှေဒင်္ဂါးလက်ဆောင်ထည့်ပေး ခံရသည့် ဦးဖိုးစိန်၊ ငယ်စဉ်ကနာမည်ရ အောင်ကြိုးစားရသလို၊ နာမည်ရပြန်တော့   နာမည်ထိန်းရန်ကြိုးစားရပြီး အသက်ကြီး တော့လည်း နာမည်မမှိန်ရအောင်ကြိုးစား ၍ အမြဲတမ်းပင်ပန်းခဲ့သောဦးဖိုးစိန်၊ ကောလိပ်စိန်ခေါ်မမြလွင်၊ မြခြေကျင်း မငွေမြိုင်တို့လို သဘာရှိပညာပြည့်မင်းသမီး  များနှင့်သာမက အင်္ဂလိပ်ဗိုလ်ကပြားမလေး များကိုပါ အားဖြည့်အသုံးတော်ခံခဲ့သော  ခေတ်အမြင်ရှိသည့်ဦးဖိုးစိန်၊ သဘင် ဥသျှောင်ဆိုသည့်ဂုဏ်ပုဒ်နှင့် ညီညွတ် ထိုက်တန်ပါပေ၏။
နှစ် (၁၃၀) ပြည့် အထိမ်းအမှတ်ပွဲ ၌ အကြိုးစားဆုံပုဂ်္ဂိုလ်မှာ FMA ကျောင်း  သားလေးစတိ(ဖ်) (ခေါ်) မိုးမင်းဖြစ်ပါ၏။ “ရိုးရာမြန်မာ့ဇာတ်သဘင်ရဲ့ အသက်ဝိညာဉ် ဟာ အော်ပရာလည်းမဟုတ်ဘူး။ ပြဇာတ်  လည်းမဟုတ်ဘူး။ နှစ်ပါးခွင်နှင့် နောက် ပိုင်းဇာတ်ထုတ်တွေသာဖြစ်တယ်”ဟု စာရေးဆရာကြီးလူထုဦးစိန်ဝင်းက ဆိုမိန့်  ဘူး၏။ အမြဲတမ်းစတိတ်ရှိုးဖြင့် မိုးလင်း  တတ်သောမိုးမင်း (လူထုဦးစိန်ဝင်းတပည့် အရင်း) သတိပြုသင့်၏။ မိုးမင်းသည် မြန်မာအနုပညာကို ရွှေတံဆိပ်ရအောင်  လုပ်သွားဘူး၍ ကျေနပ်မိ၏။ ယခုတဖန်  နှစ် (၁၃၀) ပြည့်ကို အတော်လေးကြိုး စားထားပြန်ရာ သူ့ဖခင်စိန်မာဒင်နှင့် သူ့ ဆရာအရင်းလူထုဦးစိန်ဝင်းတို့ကို မပြသ လိုက်ရသဖြင့် ဇာတ်စင်ပေါ်မှာ မျက်ရည်  အစစ်ဖြင့် တကယ်ငိုခဲ့ရှာ၏။ သူ့မျက်ရည် နှင့် ပရိသတ်လက်ခုပ်သံတို့မှာ ကဗျာဆန်  လှချည့်၊ နှစ်ပါးသွား၌ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ၊ မေကဗျာ နေခြည်ငြိမ်းချမ်း၊ နွေးထွေး၊ချစ်ဖွယ်တို့သည်လည်း သွက် လက်မြူကြစွာ ကပြကြလေ၏။ (ဖိုးချစ်၊ မောင်နန်းဝင်း၊ မန္တလေးသိန်းဇော်တို့ပါ လိုက်လျှင် ပြောဖွယ်ရာမရှိအောင် အားပြည့်လိမ့်မည်ဟုထင်မိ၏။ သူတို့ဘာ   ကြောင့်ပျက်ကွက်ကြပါလိမ့်) ဦးဖိုးစိန်နှင့် နှစ် (၁၃၀) ပြည့်အထိမ်းအမှတ်ပွဲ၌ ခေတ် ပေါ်မင်းသားချမ်းသာထံမှ ဇာတ်သဘင် ၏ လိုအပ်ချက်၊ ခံစားချက်ကို ဒီမိုကရေစီ ဆန်ဆန်ကြားလိုက်ရပြန်၏။ သူတို့ခမျာ  မိုးရွာရင်စို၊ နေပူရင်ခြောက်သော အရိုး အပြိုင်းပြိုင်းဇာတ်ရုံအစုတ်များ၌ ယနေ့ တိုင်ကပြနေရကြောင်း၊ ကန်ထရိုက်များကလည်း ဇာတ်ရုံမပြုပြင်ပေးနိုင်ခြင်းမှာ နိုင်ငံတော်အခွန်အခနှုန်းကြီးမြင့်စွာပေး နေရ၍ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနက လူကြီးမင်းများက ယခုကပြသော  မိုးလုံလေလုံဇာတ်ရုံ၌ တစ်နှစ်တစ်ကြိမ်  ကခွင့်ပြုလျှင် လွန်စွာကောင်းမွန်မည်ဖြစ် ကြောင်း ဇာတ်သဘင်အဖွဲ့နှင့် ယဉ်ကျေး  မှုအဖွဲ့ မခွဲခြားစေလိုကြောင်း ပြောသွား  ချေ၏။ ထိုရင်ဖွင့်သံကို  ပရိသတ် ပါမကျန်ကြားသိကြကုန်၏။
ထိုစကားကြောင့် ပရိသတ်က လက်ခုပ်တီးအားပေးကြ၏။ စာရေးသူ စိတ်ထဲ၌ တွေးမိသောအကြောင်းများရှိ သွားခဲ့ချေ၏။ ဇာတ်သဘင်နှင့် ယဉ်ကျေး မှု ဘာကြောင့်မတူတာလဲ၊ မိုးလုံလေလုံ ဇာတ်ရုံမှာ တစ်နှစ်တစ်ကြိမ်မျှတောင်   ဘာကြောင့်ကပြခွင့်မပြုတာလဲ၊ ခေတ်မင်း သားလေးမောင်ချမ်းသာစကားအဆုံး၌ ပရိသတ်က ဘာကြောင့်လက်ခုပ်တီးတာ လဲ၊ ဤလက်ခုပ်သံသည် လွှတ်တော်ခန်း မထိ ပျံ့လွင့်မည့်လက်ခုပ်သံလားဆိုတာ တော့ စောင့်ကြည့်ရမည့်ကိစ်္စဖြစ်ကြောင်း  ဦးဖိုးစိန်အမှတ်တရပွဲ၌ အဆတွေးနယ်ချဲ့  မိပါသည်ပရိသတ်။


လေဗျောက်အိုး


Copy From Hot News Weekly
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free