နိုင်ငံတော်သမ္မတ၏ ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်သည့် ခရီးစဉ်တွင် ရွှေသံလွင် ကုမ္ပဏီအပါအ၀င် အလှူရှင် ကုမ္ပဏီများက စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၂၀၀၀ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ၂၄ရက်နေ့က မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အတွင်းရှိ ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်ဦးမြင့်လှိုင်၊ ဦးလှထွန်း၊ ဦးအုန်းမြင့် ဦးကျော်လွင်၊ ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်တွင် ရွေသံလွင်ကုမ္ပဏီမှ Skynet ရုပ်သံ၊ Asia world၊ IGE၊ Max myanmar၊ ရွှေတောင်၊ IBTC ကုမ္ပဏီတို့မှ စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း ၁၂၀၀၀ လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ Mother Construction ကုမ္ပဏီမှ ဒါရိုက်တာ ဦးစန်းကြူက စမ္ပါယ်နဂိုရ်ကျေးရွာတွင် ထိခိုက်ပျက်ဆီးခဲ့သည့် အဆောက်အအုံ အားလုံးအတွက် ပြန်လည်ပြုပြင် ဆောက်လုပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Mother Construction သည် စက်မှုဝန်ကြီးဌာနပိုင် ဒညင်းကုန်း အုတ်စက်ရုံအား လုပ်ကိုင်ခွင့်ရရှိထားသည့် Mother Trading ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံရှိ နာမည်ကျော် ကုမ္ပဏီကြီးများ အပါအ၀င် ကုမ္ပဏီအချို့သည် အခွန်ရှောင်မှုများ ရှိနေကြာင်းသိရပြီး မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီ တရားမ၀င် ကုန်သွယ်မှု တစ်မျိုးတည်းမှပင် ရရှိမည့် အခွန်ကျပ်ဘီလျံ ၆၀ နစ်နာရကြောင်း တရားဝင်ထုတ်ပြန်ထားသည်။
ထို့အတူ တရားမ၀င် မှောင်ခိုကုန်သွယ်မှုများကြောင့်လည်း နှစ်စဉ်နစ်နာမှုများ တွေ့ကြုံနေရကြောင်း သိရသည်။
နိုဝင်ဘာလ ဒုတိယအပတ်အတွင်းက ရွေသံလွင်ကုမ္ပဏီပိုင် သင်္ဘောဖြင့် စက်သုံးဆီ ၁၁၃ တန်အား တရားမ၀င် တင်သွားလာမှုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ထားသည်ကိုမူ အသေးစိတ် မသိရှိရသေးပါ။

Copy From Eleven Media Group Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free