ဝမ်းတွင်းမြို့နယ်၊ညောင်ဦး ဖီးကျေးရွာ ကင်းတားလက်ဝဲ မြောင်းဘေး၌ တရားဝင်ငါးမွေးမြူထားကြသည့် ဦးချစ်ဌေး၊ဦး ဥာဏ်ထွန်းအောင်နှင့်ဦးကျော် သိန်းတို့၏ ငါးကန်သုံးကန်သို့ မိတ်္ထီလာမြို့မှဒေါ်မြင့်မြင့်အေး ခေါင်းဆောင်သော (ပြည်သူ့ကွန် ရက်)အဖွဲ့ဝင် ဖိုးလပြည့်၊ကျော် ဇင်လတ်၊အံ့ကျော်နှင့်ကျော်နိုင်တို့  ပါဝင်သော ငါးဦးအဖွဲ့ နိုဝင်ဘာ  (၃)ရက်က ရောက်ရှိလာကြပြီး   ငါးကန်ပေါ်ရှိ ခြံစည်းရိုးသဖွယ်  ကာရံထားသော သရက်ပင်အပါ အ၀င် သစ်ပင်များအား  ကျေးရွာ  သားတစ်စုနှင့်အတူအတင်းအဓမ္မ    မင်းမဲ့စရိုက်ဆန်ဆန်လူစုလူဝေး  ဖြင့်ခုတ်ယူခဲ့ကြသည်။ ဤကဲ့သို့  ခုတ်ယူရာ ဦးချစ်ဌေး ငါးကန်မှ ထင်းလှည်းအစီး ၂၅၀တိုက်၊ ဦး ဥာဏ်ထွန်းအောင်၏ငါးကန်မှ လှည်းအစီး ၄၀၀တိုက်၊ဦးအုန်း ညွှန့်၏ ငါးကန်မှ လှည်းအစီး ၂၀၀    တိုက်၊စုစုပေါင်း လှည်းအစီး ၈၀၀ ကျော်ခန့်ခုတ်ယူသွားကြရာ စုစု ပေါင်းတန်ကြေး (၅၉၅၀၀၀၀) ကျော်ဖိုး ဆုံးရှုံးပျက်စီးသွားခဲ့သည်  ဆို၏။
ငါးကန်ပိုင်ရှင် ဦးချစ်ဌေးက    ပိုင်ရှင်များ၏ သဘောမတူခွင့်မ ပြု ဥပဒေမဲ့ဆောင်ရွက်ခဲ့သူ ဒေါ်မြင့်မြင့်အေး၊ဖိုးလပြည့်၊ကျော် ဇင်လတ်၊အံ့ကျော်နှင့်ကျော်နိုင်တို့ အပါအ၀င်ငါးဦးနှင့်ကန်သာကျေး ရွာမှ ဦးကျောက်လုံးနှင့်ဦးကျော် မြင့်တို့ကို ဥပဒေအရ အရေး ယူပေးရန် နိုဝင်ဘာလ(၁၀)ရက် က သက်ဆိုင်ရာဌာနများသို့ စာ ပေးပို့တိုင်ကြားခဲ့သည်။ဝမ်းတွင်း မြို့နယ်ရဲစခန်းက ဒေါ်မြင့်မြင့်အေး ပါ ခုနစ်ဦးတို့ကို နိုဝင်ဘာလ ၁၅ရက်က ရဲစခန်း(ပ)၁၈၃/၂၀၁၂   ပုဒ်မ ၃၇၉/၄၂၇ဖြင့် အမှုဖွင့်အရေး   ယူထားသည်။အမှုကို စခန်းမှူး ရဲအုပ် အောင်စိုးတင့်က စစ်ဆေး နေသည်။

ကိုကိုဦး(မိတ်္ထီလာ)


Copy From The Voice Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free