ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော်ဝင် မိသားစု သစ် အချောထည် စက်ရုံမှ အလုပ်သမား ၂ဝဝကျော် အလုပ်လုပ်ခွင့် ရရှိရေး အပါအဝင် အချက်ငါးချက် ရရှိရေး အတွက် တောင်းဆို ဆန္ဒ ပြနေမှုကို အလုပ်ရှင်က လိုက်လျောမည် မဟုတ်ကြောင်း နိုဝင်ဘာ လ ၈ ရက်နေ့ တွင် အလုပ်ရှင် ဦးကိုကိုထွေးက မီဒီယာများ ကို တရားဝင် ပြေ
ာကြားသည်။

အဆိုပါ အလုပ်သမား များသည် ၎င်းတို့ အနေနှင့် သဘောမတူပဲ အခြား အပြင်အလုပ် သို့ မပြောင်းရွှေ့ရန်၊ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ် (EC) စာချုပ်ကို ချုပ်ဆိုပေးရန်၊ လူမှု ဖူလုံရေးကတ် ပေးရန်၊ စက်ရုံတွင် စည်းကမ်း ချက်များ ထုတ်ပြန် ရာတွင် အလုပ်သမား များ သဘော တူခြင်း မရှိဘဲ တစ်ဖက်သတ် မလုပ်ရန်၊ ဆန္ဒပြ ကာလကို On Duty သတ်မှတ်၍ လုပ်ခ ပေးရန် စသည့် အချက်များကို တောင်းဆို နေကြခြင်း ဖြစ်သည်။

စက်ရုံနှင့် တည်ဆောက်ရေး ခွဲထားသည့် အတွက် ဆောက်လုပ်ရေး ဆိုက်သို့ စေလွှတ်ခြင်း ဖြစ်ပြီး (EC) စာချုပ်ကို စက်ရုံ လုပ်သားများ ကိုသာ ချုပ်ဆို နေကြောင်း၊ စည်းကမ်းချက် ထုတ်ပြန် ရာတွင် စက်ရုံနှင့် ပတ်သက်သော စည်းကမ်းချက် ကိုသာ ထုတ် ပြန်ခြင်း ဖြစ်၍ အလုပ်သမား နှင့် ညှိနှိုင်းရန် မလိုကြောင်း၊ လူမှု ဖူလုံရေး ကတ်များ ကိုလည်း စက်ရုံ အလုပ်သမား များကို ဆောင်ရွက် ပေးနေပြီး ၄င်းတို့ကို တည်ဆောက်ရေး လုပ်ငန်းများ ကို လုပ်ကိုင်ခွင့် ပေးထား သော်လည်း လုပ်ငန်းခွင် ဝင်ခြင်း မရှိ သဖြင့် On Duty ပေးမည် မဟုတ်ကြောင်း ဦးကိုကိုထွေး က ဆိုသည်။

"နှစ်ပေါင်းများစွာ အလုပ်ရှင် အတွက် ပေးဆပ် လာခဲ့တယ်။ အခုမှ စက်ရုံ ဝန်ထမ်း မဟုတ်ဘူး လို့ ပြောတာ ကို လုံးဝ သည်းမခံနိုင်လို့ ချီတက် ဆန္ဒပြတာပါ" ဟု နိုဝင်ဘာ လ ၇ ရက်နေ့ က မရမ်းကုန်း မြို့နယ်သို့ ချီတက် တောင်းဆိုမှု တွင် ပါဝင်သော အမျိုးသား အလုပ်သမား တစ်ဦးက ဆိုသည်။

အောက်တိုဘာ လ ၂၅ ရက်နေ့မှ စတင်ကာ တောင်းဆိုချက် များ ရရှိရေး အတွက် ညလုံးပေါက် ဆန္ဒပြ တောင်းဆို နေကြ သော်လည်း တစ်စုံတစ်ရာ ရရှိခြင်း မရှိသဖြင့် နိုဝင်ဘာ ၁၇က်နေ့ တွင် အလုပ်သမား ၁ဝဦး အစာငတ်ခံ ဆန္ဒပြမှု စတင် ခဲ့ကြောင်း၊ ၁၄ရက်မြောက် နေ့ အထိ တောင်းဆိုမှု များ မရရှိ သဖြင့် နိုဝင်ဘာ လ ၇ရက်နေ့ တွင် မရမ်းကုန်း မြို့နယ် အလုပ်သမား ရုံးသို့ ချီိတက် တောင်းဆို ကြကြောင်း အဆိုပါ အလုပ်သမား များ ထံမှ သိရှိ ရသည။်

အဆိုပါ အလုပ်သမား များသည် မုဒိတာ (၂) ဆောက်လုပ်ရေး လုပ်ငန်းမှ လာသူများ ဖြစ်ပြီး အလုပ် ယာယီ ရပ်နား ထားစဉ် စက်ရုံ တွင် အလုပ် လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်ကာ အလုပ် သက်တမ်း မှာလည်း ၄လခန့် သာရှိပြီး ယခု ဆောက်လုပ်ရေး လုပ်ငန်း တွင် ပြန်လုပ် ခိုင်းသည် ကို ငြင်းဆို၍ ဆန္ဒပြ နေကြခြင်း ဖြစ်ကြောင်း စက်ရုံမှူး ဦးညွန့်သိန်းက ဆိုသော်လည်း လက်ရှိ တောင်းဆို နေသော အလုပ်သမား များမှာ အနည်ဆုံး လုပ်သက် တစ်နှစ်မှ ၁ဝအထက် ရှိသူများ ဖြစ်ပြီး စက်ရုံ အလုပ်သမား အဖြစ် လုပ်ကိုင် သူများ ဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင် မှ လာသူများ မဟုတ်ကြောင်း အလုပ်သမား အများစု က ဆိုကြ သည်။

Copy From The Voice Weekly Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free